Friday, 12 February 2016

မှဲ့ကင်ဆာအကြောင်း

မှဲ့ကင်ဆာအကြောင်း
Moles မှဲ့ (၁)

၁။ ဆရာရှင့် ကျွန်မ အသက် ၂၅ နှစ်ရှိပါပြီ။ အိမ်ထောင်ကြတာ ၂ နှစ်ရှိပါပြီ။ ကျွန်မ ပြီးခဲ့တဲ့ဇန်နဝါရီ ၁၁ က သမီးဦးလေး မွေးပါတယ်။ ၁၆ ရက်နေ့ ဆေးရုံကဆင်းပါတယ်။ ဒီနေ့ဆို တလပြည့်ပါပြီ။ ပြီးခဲ့တဲ့ နှစ်ပတ်လောက်က ဗိုက်မှာ မှဲ့လေး စထွက်လာပါတယ်။ ကြားဖူးတာက မှဲ့ကင်ဆာဖြစ်နိုင်တယ်တဲ့။ ကျေးဇူးပြုပြီး ဘာများဖြစ်နိုင် သလဲ ဆရာဖြေကြားပေးပါ။

၂။ ဒေါက်တာရှင် သမီးမျက်နာမှာ မှဲ့လေးခုတောင်ရှိပါတယ်။ မှဲ့ဖျက်ရင် အန္တရာယ်ဖြစ်နိုင်လား။ သမီးဦးလေးက မှဲ့ဖျက်ပေးမယ်ဆိုလို့ပါဆရာ။ သမီးက့ မှာ စီစဉ်တင်သက်သူ အလုပ်ဝင်ရတော့မှာမို့လို့ပါဆရာ။

မှဲ့ကို ဆေးစာနဲ့ Melanocytic naevus လို့ခေါ်တယ်။ လူတိုင်းလိုလို Congenital naevi မွေးရာပါရော နောက်မှ ပေါက်တာရော အများကြီးဖြစ်တယ်။ နောက်ပေါက်တွေက နေရောင်နဲ့ထိရာကနေဖြစ်လာတယ်လို့ ယူဆတယ်။ နေရောင် မထိတဲ့နေရာတွေလဲ ပေါက်တာပါပဲ။ အသက်ရမှ ပေါက်လာတတ်သလို တချို့ပေါက်ပြီးသားလဲ ပျောက်တတ်တယ်။ ကျွန်တော့်ညာဖက်ပါးကမှဲ့ကကြီးတယ်။

မှဲ့ကိုအနုကြည့်မှန်ဘီလူးနဲ့ကြည့်ရင် ပုံမှန်မဟုတ်ဘူးလို့ ဆုံးဖြတ်တယ်။ ဒါပေမဲ့ ဘာမှစိုးရိမ်စရာမလိုဘူးပြောရင်ရပါတယ်။ Melanocytes လို့ခေါ်တဲ့ Pigment cells အရောင်ဖြစ်စေတဲ့ (ဆဲလ်) တွေ ဖြစ်တယ်။

စိုးရိမ်စရာ ဘာရှိလဲ။ လူနည်းနည်းလောက်မှာ ကံမကောင်းရင် တချိန်မှာ Skin cancer အရေပြား-ကင်ဆာ ဖြစ်နိုင်တယ်။ Malignant melanoma ဖြစ်ရင် ဆိုးတယ်။ စောစောသိရင် ခွဲစိတ်ပြစ်မှ ကောင်းတယ်။ ကိုယ်မှာ မှဲ့တွေများနေတာ မကောင်းပါ။ ကြည့်မကောင်းတာ မဟုတ်ဘူး။ မှဲ့အစိတ်လောက်ပေါက်ရင် ကင်ဆာစစ်သင့်တယ်။ နေရောင်နဲ့ မထိနိုင်အောင်ကြိုးစားတာဟာ ကာကွယ်နည်းတခုဖြစ်တယ်။ မိသားစုထဲမှာ အရေပြား-ကင်ဆာ သတိထားရမယ်။

ကင်ဆာမှန်း ဘယ်လိုသိမလဲ Clinical photographs ပုံရိုက်စစ်ဆေးရတယ်။ Halo naevi အရောင်နုတဲ့မှဲ့ ကင်ဆာ မဟုတ်ပါ။ Vitiligo တခြားအရေပြားရောဂါကို ကူးသွားတာလဲ ရှိတယ်။ Blue naevus အပြာရောင်မှဲ့ West Indian ကလေးငယ်တွေမှာ ရှိတတ်တယ်။ ဘာမှမထူးခြားပါ။ Juvenile melanoma (Spitz naevus) ပန်းရောင်ကနေ ခပ်ညိုညိုအရောင်ရှိတယ်။ ကင်ဆာမဟုတ်ပါ။ မှဲ့က ခြေဖဝါးမှာပေါက်ရင်၊ အမွှေးပေါက်ရင် ကင်ဆာဖြစ်မယ်ဆိုတာ မဟုတ်ပါ။

ဘာကို သတိထားနေရမလဲ။ ယားမယ်၊ နာမယ်၊ အရွယ်အစားကြီးလာမယ်၊ ပုံသဏ္ဌာန် (ဘေးနှုတ်ခမ်းနေရာတွေမှာ) မညီမညာဖြစ်လာမယ်၊ အရောင်ပြောင်းလာမယ်၊ ပိုမဲနက်လာမယ်၊ ယုတ်တရက် သွေးထွက်လာမယ်၊

Mole Removal Introduction ခွဲစိတ်နည်းတွေ
၁။ Excision followed by stitches ခွဲထုတ်-ပြန်ချုပ်နည်း နဲ့
၂။ Excision with cauterization မီးရှို့-ဖြတ်ထုတ်နည်း။
၃။ Laser removal လေးဆာသုံးနည်း။ အကောင်းဆုံးနည်း မဟုတ်ပါ။ ရောင်ချယ် (ဆဲလ်) တွေက အရေပြား အတွင်းပိုင်းမှာရှိလို့ လေဆာက မရောက်နိုင်တာ ဖြစ်တတ်တယ်။

Birthmarks ဆိုတာ မွေးရာပါအမှတ်၊ Hemangiomas သွေးကြောအစုအဝေး၊ Keratoses အသက် ၃ဝ ကျော်ရင် ဖြစ်လာတတ်တဲ့ အစက်အပျောက်၊ ကင်ဆာမဟုတ်ဘူး။ နောင်မှာတော့ ရှားရှားပါးပါးဖြစ်တတ်တယ်။ Age spot ဆိုတဲ့ အသက်ရလို့ဖြစ်တဲ့ အစက်အပျောက်လည်းရှိတယ်။ ကင်ဆာမဟုတ်ပါ။

မှည့်ဖျောက်နည်းတွေကနေ အမာရွတ်ကျန်တတ်တာသိထားပါ။ အမာရွတ်ထင်တာ မထင်တာက တယောက်နဲ့တယောက် မတူကြပါ။

Dr. တင့်ဆေ

#Red_Moles_မှဲ့နီ

မှဲ့နီကို Cherry angiomas လို့ခေါ်တယ်။ အခုမှပေါ်လာတာမျိုးကို သတိတော့ထားရမယ်။ ဒါပေမဲ့ မသိမသာ ရှိနေတာလေးတွေက ဘာမှစိုးရိမ်ဘို့မလိုပါ။ အသစ်ပေါ်လာမယ်၊ အရောင်ကလဲထူးခြားမယ်ဆိုရင် ဆရာဝန်ပြပါ။

မှဲ့အများစုက အနက်မဟုတ်ရင် အညိုရောင်ဖြစ်တယ်။ ကင်ဆာမဟုတ်တာမျိုးက အသက်ရလာလို့ဖြစ်တာပါ။
အနီရောင်ဖြစ်နေတာက သူ့ထဲမှာ သွေးကြေားလေးတွေရှိနေလို့ဖြစ်တယ်။ အရွယ်အစား ၁ မီလီမီတာရဲ့ ၁ဝ ပုံ ၁ ပုံကနေစတယ်။ ပြားတယ်။ ကြီးလာနိုင်တယ်။ ၂ မီလီမီတာအထိရှိလာနိုင်တယ်။ အနီရောင်တောက်တောက်၊ သွေးနီရောင်၊ ပန်းခရမ်းရောင်ရှိနိုင်တယ်။

ဆေးစာနဲ့ Campbell de Morgan spots လို့ခေါ်တာမျိုးက ကိုယ်အနှံ့မှာရှိနိုင်တယ်။ ကျး-မ ဖြစ်တယ်။ အသက် ၃ဝ ကျော်မှာအဖြစ်များတယ်။

မှဲ့ကိုလစဉ်စစ်ဆေးနေပါ။ အရွယ်အစား၊ တည်နေရာ၊ အရောင်။ သံသယရှိရင် အရေပြားဆရာဝန်ပြပါ။
• Asymmetrical မညီမညာဖြစ်ပြီး အထက်ကြွတက်နေမယ်၊
• Borders ဘေးနှုတ်ခမ်းက မညီမညာဖြစ်မယ်၊
• Color အရောင်မှောင်လေလေ ကင်ဆာကိုသံသယရှိသင့်လေ၊
• Diameter အရွယ်အစားက ခဲတံဖေါ့ဖျက်ထက်မကြီးဘူးဆိုရင် ကင်ဆာမဟုတ်ဘို့များတယ်။ ကြီးမယ်၊ ကြီးကြီးလာမယ်ဆိုရင် ဆရာဝန်ကိုပြပါ။

ဒေါက်တာတင့်ဆွေ

တင်ပါးပိုကြီးခြင်းဟာ ပိုပြီး ထက်မြက်တဲ့ လက္ခဏာရပ်

တင်ပါးပိုကြီးခြင်းဟာ ပိုပြီး ထက်မြက်တဲ့ လက္ခဏာရပ် ဖြစ်တယ်လို့သိရ
ကယ်လီဖိုးနီးယား တက္ကသိုလ်နှင့် ပစ်ဘာ့ဂ် တက္ကသိုလ်နှစ်ခု၏ သုတေသနပြုချက်အရ တင်ပါးအရွယ်အစားသည် ဥာဏ်ရည်ဥာဏ်သွေးနှင့် ဆက်စက်နေကြောင်းတွေ့ရှိခဲ့ရသည်။ အမျိုးသမီး ၁၆,၀၀၀ ကျော်ကို လေ့လာဆန်းစစ်ရာတွင် ခန္ဓာကိုယ် တောင့်တင်းခိုင်မာသော အမျိုးသမီးများသည် ပိန်ပါးသော အမျိုးသမီးများထက် ဥာဏစစ်ဆေးမှုများ၌ ပိုမို ထူးချွန်ကြသည်ကို တွေ့ရှိခဲ့သည်။
တင်ပါးနှင့် ပေါင်တွင် ဦးနှောက်စွမ်းရည် နှင့် ကျန်းမာရေးကောင်းခြင်းကို တိုးတက်စေနိုင်သော အိုမီဂါ -၃ အဆီပါဝင်သည်။ သို့သော် ၀မ်းဗိုက်ပိုင်းတွင်ပါဝင်သော အဆီမှာ အိုမီဂါ -၆ အဆီဖြစ်၍ ကျန်းမာရေးကို ထိခိုက်စေပြီး ခန္ဓာကိုယ် အလေးချိန်တိုးစေသည်။ သစ်တော်သီးပုံစံနှင့် သဲနာရီပုံစံရှိသော ခန္ဓာကိုယ်ပိုင်ရှင်များသည် အိုမီဂါ -၃ ဓာတ်ပိုမိုများပြား၍ ၄င်းတို့၏ ဦးနှောက်နှင့် ဥာဏ်ရည်ဥာဏ်သွေးမှာ ပိုမိုထက်မြက်စေသည် ဟုဆိုသည်။
တင်ပါးပိုမို ကြီးမားသော မိန်းကလေးများမှာ ပိုမိုကျန်းမာသော ကလေးများမွေးဖွားနိုင်သည်။ ဤ ကျန်းမာရေးနှင့်ညီညွတ်သော အဆီဓာတ်များမှာ သန္ဓေသား၏ ဦးနှောက်ဖွံ့ဖြိုးမှုကို တိုးတက်စေ၍ ယင်းအဆီဓာတ်များလေ ပို၍ကျန်းမာလေဖြစ်သည်။
အောက်စဖို့ဒ် တက္ကသိုလ်၏ လေ့လာချက်အရ မိခင်နို့ရည်တွင်ပါဝင်သော အဆီမှာ မိခင်၏ခန္ဓာကိုယ် အောက်ပိုင်းဖြစ်သော ပေါင်နှင့် တင်ပါးမှလာ၍ အိုမီဂါ -၃ အဆီများပြားခြင်းကြောင့် အဟာရ အလွန်ပြည့်ဝသော မိခင်နို့ရည်ရရှိစေသည်ဟုဆိုသည်။
Ref:indiatimes
ခင်သူဇာ (Trend Myanmar)

Monday, 8 February 2016

အိုစမာဘင်လာဒင်အကြောင်းသိရသမျှ

အိုစမာဘင်လာဒင်အကြောင်းသိရသမျှ

ကမ္ဘာသမိုင်းမှာလူအမျိုးမျိုးပါဝင်ပတ်သက်ကြရာဝယ် လူကောင်းတွေရှိသလို၊လူဆိုးတွေလည်းရှိပါတယ်။အဲ့ဒီလူတွေထဲမှာမှ ဒီဘက်ခေတ်ပိုင်းမှာ တောက်လျှောက်ပွဲဆူလာတဲ့ဘင်လာဒင်ဆိုတဲ့ လူထူးလူဆန်းအကြောင်းကိုရေးကြည့်တာပေါ့ဗျာ။၉-၁၁ ပြီးကတည်းကနိုင်ငံတကာမှာ လုံခြုံရေးတွေတင်းကျပ်လာတယ်။နိုင်ငံတွေကူးဖို့ခက်လာတယ်။လေဆိပ်တွေ ဆိပ်ကမ်းတွေကိုဝင်ဖို့ထွက်ဖို့ခက်လာတယ်။ခါးပါတ်တွေ ဖိနပ်တွေပါချွတ်ပြီးအစစ်ခံကြရတယ်။ထပ်ပြီးမသင်္ကာဖြစ်နေတယ်ဆိုရင် အခန်းတစ်ခုထဲမှာတစ်ကိုယ်လုံးကိုဖြဲကားရှာကြပါတယ်။
လူ့အဖွဲ့အစည်းတွေထဲမှာ အဆင်မပြေမှုတွေမြင့်တက်လာတယ်။သင်္ဘောတွေမှာလည်း ISPS ကိုကျင့်သုံးရတယ်။လူတွေပိုပင်ပန်းလာတယ်။အချိန်ငွေကြေးတွေပိုကုန်လာပါတယ်။ဒီလိုတောက်လျှောက်စောင့်ကြည့်နေတဲ့ကြားကနေ ယိုပေါက်သေးသေးလေတွေကနေတိုက်ခိုက်ခံရတတ်၊ အပြစ်မဲ့တဲ့လူတွေအသေအပျောက်တွေရှိနေပါသေးတယ်။
ဘာသာရေး လူမျိုးရေးအစွန်းရောက်သူတွေဟာ နိုင်ငံရေးသမားတွေရဲ့ကစားကွက်ထဲမှာ ကျွန်ဖြစ်တတ်သလို၊နိုင်ငံရေးကစားမယ့်လူတွေကလည်း ဘာသာရေး လူမျိုးရေးအစွန်းရောက်သမားတွေကို မွေးတတ်ကြပါတယ်။
တကယ်တော့ အားလုံးဟာ-နိုင်ငံရေး-ပါ။
အိုစမာဘင်လာဒင်အကြောင်းသိရသမျှ
==========================

Osama bin Mohammad bin Awad bin Laden ဟာနိုင်ငံတစ်ကာမှာရှိတဲ့အန္တရာယ်ရှိတဲ့လက်နက်ကိုင်အဖွဲ့တွေများစွာထဲက အဖွဲ့တစ်ဖွဲ့ရဲ့ခေါင်းဆောင်တစ်ဦးပါ။နိုင်ငံများစွာရဲ့ ထောက်လှန်းရေးအေဂျင်စီများစွာတို့ရဲ့အလိုရှိဆုံးစာရင်းထဲမှာလည်း နံပါတ် ၁ ဖြစ်နေတတ်သူပါ။အမေရိကန်အစိုးရကိုစစ်ကြေငြာထားသူ al-Qaeda အဖွဲ့ကိုတည်ထောင်သူလည်းဖြစ်ပါတယ်။ဆိုဗီယက်ကိုတိုက်နေတုန်းကတော့ al-Qaeda ကိုလက်နက် နည်းပညာ ငွေကြေးထောက်ပံ့ခဲ့တာ စီအိုင်အေပါ။အယ်လ်ကိုဒါအဖွဲဟာနေရာများစွာမှာ လူများစွာသေဆုံးရတဲ့အကြမ်းဖက်မှုတွေမှာ တိုက်ရိုက်(သို့)သွယ်ဝိုက်ပြီးပါဝင်ပါတယ်။အစပိုင်းမှာတော့ ဘင်လာဒင်ဟာ အရှေ့အလယ်ပိုင်းနိုင်ငံတွေရဲ့သူရဲကောင်းဖြစ်ခဲ့သလို စီအိုင်အေရဲ့မိတ်ဆွေကြီးပါ။နောက်တော့ ဒေါ်လာသန်းပေါင်းများစွာဆုငွေထုတ်ရတဲ့အထိ၊ငွေတွေအမြောက်အများကုန်ပြီး စုံစမ်းရတဲ့အထိဖြစ်လာပါတယ်။ဆိုတော့ သူ့ဘဝအကြောင်းတစ်စေ့တစ်စောင်းကို ဘယ်ကစပြီး ဘယ်လိုဆုံးသွားသလဲဆိုတာတွေကိုလေ့လာကြည့်ရအောင်ဗျာ။
-အိုစမာဘင်လာဒင်ကို ၁၉၅၇ ခုနှစ်၊မတ်လ ၁၀ရက်နေ့မှာ Jeddah, Saudi Arabia မှာချမ်းသာတဲ့မိသားစုကနေမွေးဖွားခဲ့ပါတယ်။သူ့အဖေရဲ့ဆောက်လုပ်ရေးလုပ်ငန်းစုကြီးက ဆော်ဒီဘုရင်ရဲ့အဆောက်အဦးတွေကိုတာဝန်ယူဆောက်လုပ်ရတယ်ဆိုတော့ တကယ့်ကိုချမ်းသာတဲ့မိသားစုပါ။သူ့အဖေကယီမင်ကနေ ဆော်ဒီကိုလမ်းလျှောက်လာတာပါ။Osama ဆိုတဲ့အာရပ်ဝေါဟာရက ခြင်္သေ့ငယ်လိုအနက်ရပါတယ်။သူ့အမေကလည်းဆီရီးယားသူပါပဲ။သူ့အဖေကတော့ မိန်းမများပါတယ်။
-အိုစမာဟာ ဝဟာဘီမွတ်စလင်အဖြစ်နဲ့ကြီးပြင်းပါတယ်။သူ့အဖေကသူ့ကိုကျောင်းကောင်းကောင်းတက်စေပါတယ်။များသောအားဖြင့်သူဟာ ဘာသာရေးစာပေတွေ၊တစ်ခြားစာပေတွေနဲ့အချိန်ကုန်တတ်ပါတယ်။ဗဟုသုတလည်းကြွယ်ဝတယ်လို့ဆိုပါတယ်။ဂျေဒါ ဆော်ဒီက King Abdulaziz University မှာ၁၉၇၉ မှာ ဆောက်လုပ်ရေးအင်ဂျင်နီယာဘွဲ့နဲ့ကျောင်းပြီးပါတယ်။
-အိုစမာဟာ ဘယ်သန်တစ်ယောက်ပါ။
-အနောက်တိုင်းဂီတက မကြိုက်ဘူးဆိုပေမယ့် ဆယ်ကျော်သက်အရွယ်တွေမှာ Whitney Houston ကိုကြိုက်ပါတယ်။အင်္ဂလန်ကလပ်ဘောလုံးပွဲတွေကိုလည်းကြိုက်ခဲ့ပါတယ်။ပက်စီနဲ့ကိုကာကိုလာအမြောက်အများလည်းသောက်သုံးခဲ့သလို၊အမေရိကန်စီးကရက်တွေကိုသောက်သုံးဘူးပါတယ်။
-အက်ဖ်ဘီအိုင် မှတ်တမ်းတွေအရ သူ့အရပ်ဟာ ၆ပေ၅လက်မရှိပြီး၊အသားအရည်ဟာ သံလွင်ဆီရောင်လို့ဆိုပါတယ်။
-လက်ဟန်ခြေဟန်နဲ့ အသံခပ်အေးအေးနဲ့ ခပ်ဖြေးဖြေးစကားပြောတတ်ပါတယ်။သွေးအေးပါတယ်။
-၁၉၇၄ မှာဆီရီးယားသူနဲ့ပထမဆုံးအိမ်ထောင်ကျပြီး ကွဲခဲ့ကာ နောက်ပိုင်းကြုံရာကျပန်းပြေးလွှားရင်းမိန်းမတွေဆက်ယူခဲ့ပါတယ်။အခုတော့သူ့မိန်းမအများစုဟာ အီရန်မှာနေပါတယ်။
-၁၉၇၉ မှာကျောင်းကထွက်တော့ Pakistan’s army and Inter-Services Intelligence agency (ISI) ရဲ့ထိမ်းချုပ်မှုအောက်မှာရှိနေတဲ့ ပါကီလက်နက်ကိုင်အဖွဲ့တွေနဲ့ပေါင်းပါတယ်။ရည်ရွယ်ချက်ကတော့ ဆိုဗီယက်တွေရဲ့ကျူးကျော်မှုကိုခံနေရတဲ့ အာဖဂန်ဘက်ကနေဝင်တိုက်ဖို့ပါ။သူကတော့ ကွန်မြူနစ်ရော ဒီမိုကရက်တစ်ရောကိုကြိုက်သူမဟုတ်ပါ။
-သူကဂျူဒိုအားကစားမှာလည်း ခါးပတ်အနက်အထိရောက်ခဲ့ပါတယ်။
-ဒီစစ်ပွဲမှာပါဝင်ခဲ့လို့ Pakistan စစ်ဖက်ကထိပ်ပိုင်းခေါင်းဆောင်တွေနဲ့သိကျွမ်းခဲ့ပြီး၊အယ်လ်ကိုင်ဒါကိုဖွဲ့စည်းရာမှာ အမေရိကန် စီအိုင်အေ တပ်မှုးဟောင်းတွေ စစ်ဖက်ခေါင်းဆောင်တွေက ကိုယ်တိုင်လာရောက်သင်တန်းပေး လက်နက်နဲ့ငွေကြေးထောက်ပံတာတွေနဲ့ တစ်ခြားလိုအပ်တဲ့အကူအညီအမြောက်အများရခဲ့ပါတယ်။အရှေ့အလယ်ပိုင်းမှာလည်း သူရဲကောင်းလို့သတ်မှတ်ခံရပါတယ်။အမေရိကန်တွေကတော့ အကူအညီပေးပြီးရုရှားကိုတိုက်ဖို့သူ့ကိုမွေးပါတယ်။အမေရိကန်ပေါ်လစီအရ ရန်သူရဲ့ရန်သူဟာ မိတ်ဆွေလို့ဆိုသလိုပေါ့။
-တကယ်တမ်းခြုံကြည့်လိုက်ရင် အမေရိကန်နဲ့အနောက်နိုင်ငံတစ်ချို့ကိုယ့်ရှူးကိုယ်ပတ်ပြီး ရုရှားကတော့အေးအေးဆေးဆေးနိုင်ငံရေးအသာစီးရလိုက်တာပါ။
-ကျည်ဆံတွေပလူပျံနေလို့ ဘူဒိုဇာမောင်းမယ့်လူမရှိတော့ သူဝင်မောင်းရင်းဒဏ်ရာရဘူးပါတယ်။လက်ထဲမှာ အမြဲကိုင်ထားတဲ့ အေကေ၄၇ သေနတ်ဟာလည်း ရုရှားစစ်သားကိုနပန်းလုံးပြီးလုထားတာပါ။
-ပထမပိုင်းမှာ အယ်လ်ကိုင်ဒါမဖြစ်မှီ ၁၉၈၄ ခုနှစ်လောက်မှာသူစပေါင်းတာ စစ်ခေါင်းဆောင်မူဂျာဟစ် Abdullah Azzam နဲ့သူ့အဖွဲ့ Maktab al-Khidamat နဲ့ပါ။ရည်ရွယ်ချက်ကတော့ ဆိုဗီယက်ကိုတိုက်ဖို့ပါ။၁၉၈၈ မှာအဲ့ဒီအဖွဲ့နဲ့လမ်းခွဲလိုက်ပြီးမှ အယ်လ်ကိုင်ဒါကို အီဂျစ်ကသူငယ်ချင်းတစ်ချို့နဲ့တည်ထောင်တာပါ။ဘာကြောင့်ခွဲထွက်တည်ထောင်လည်းဆိုရင် သူကစစ်ရေးမှာအဓိကနေရာကနေပါဝင်ချင်လို့ပါ။အမိန့်နာခံတတ်ပြီး ခိုင်းတဲ့အတိုင်းလုပ်တတ်တဲ့သူတွေကိုပဲအဖွဲ့ဝင်အဖြစ်ရွေးလေ့ရှိပါတယ်။
-၁၉၈၉ မှာဆိုဗီယက်တွေမနိုင်ပဲ အာဖဂန်ကနေဆုတ်ခွာပြီးနောက် အိုစမာဟာ ဆော်ဒီကိုပြန်ပါတယ်။သူ့ကို သူရဲကောင်းတစ်ယောက်လိုကြိုဆိုကြပါတယ်။စိအိုင်အေနဲ့အကြီးအကျယ်လည်ပင်းတွေဖက်ပါတယ်။
-နောက်ပိုင်း ဆက်ဒမ်ဟူစိန်က ဆော်ဒီကိုခြိမ်းခြောက်လာတဲ့အချိန်မှာ သူက ဆော်ဒီအစိုးရဘက်နေရပ်တည်ပါတယ်။ဇတ်လမ်းကအခုမှစပါပြီ-သူက Mecca နဲ့ Medina ကိုကာကွယ်ဖို့နိုင်ငံခြားအထောက်အပံလုံးဝမယူလိုပါ။အနောက်နိုင်ငံတွေနဲ့(အထူးသဖြင့်အမေရိကန်)တပ်တွေ လက်နက်ကိုင်တွေကို ဘာသာရးအထွတ်အမြတ်ထားရာနေရာတွေမှာ မရှိစေချင်ပါ။မွတ်စလင်တွေကိုယ်တိုင်ပဲသီးသန့်ကာကွယ်စောက်ရှောက်ချင်ပါတယ်။ဆော်ဒီအစိုးရက အမေရိကန်အထောက်အပံကိုယူဖို့လုပ်လာတဲ့အချိန်မှာ သူဟာ အစိုးရကိုတရားဝင်လူသိရှိကြားဝေဖန်တိုက်ခိုက်လာပါတယ်။အစိုးရကသူပြသနာရှာနေတာကိုသိလို့မောင်းထုတ်ဖို့အခြေအနေစောင့်နေပါတယ်။မကြာပါဘူး အိုစမာ တရားမဝင်လက်နက်မှုနဲ့အဖမ်းခံရပြီး နိုင်ငံသားဖြစ်မှုပါရုပ်သိမ်းခံရပါတယ်။နောက်ဆုံးသူ့ကိုမောင်းထုတ်လို့ ဆူဒန်ကိုပြေးရပါတယ်။
-ဆူဒန်မှာတော်လှန်ရေးလုပ်ဖို့ကြံနေရင်း ဆူဒန်ရဲ့ ဒဏ်ကိုမခံနိုင်လို့ တာလီဘန်တွေကြီးစိုးရာ အာဖဂန်နောက်ဆုံးထပ်ပြီးထွက်ခွာခဲ့ပါတယ်။
-အိုစမာဟာ စာပေယဉ်ကျေးမှုကိုလေ့လာလိုက်စားပါတယ်။ကဗျာရေးတာကိုဝါသနာထုံပြီး ဆရာတစ်ဆူကဲ့သို့ပါ။ထူးဆန်းတာတစ်ခုက နာမည်ကြီးအကြမ်းဖက်သမားတစ်ယောက်က အနုပညာဝါသနာပါပြီး၊နုညံ့တဲ့ကဗျာကိုကြိုက်နေတာပါ။သူ့ရဲ့ကဗျာတစ်ချို့ဟာဆိုရင် ရှေးဟောင်းအာရဗီဝေါဟာရတွေနဲ့ရေးပါတယ်။သူ့ရဲ့ကဗျာတွေကို အဲ့ဒီဖက်ခေတ်တော်လှန်ရေးတွေမှာ သုံးကြပါတယ်။နာမည်ကြီးကဗျာတစ်ပုဒ်ရဲ့နာမည်က-“The Travail of a Child Who Has Left the Land of Holy Shrines.” -လို့အမည်ရပါတယ်။၂၀၀၁ ခုနှစ်မှာထွက်လာတဲ့သူ့ဗွီဒီယိုဖိုင်မှာလည်း ကဗျာရွတ်နေတာတွေ့ရပါတယ်။
-သူ့ရဲ့အိုင်ဒီယာလောဂျီကတော့ မွတ်စလင်နိုင်ငံတွေကို မည်သည့်နိုင်ငံကမှ ကျူးကျော်တာ၊ခြယ်လှယ်တာကိုမခံနိုင်ခြင်းပါ။အဲ့ဒီအတွက် မည်သည့်နိုင်ငံကိုမဆို ဆန့်ကျင်တော်လှန်မယ်၊အဲ့ဒီနိုင်ငံတွေကို စီပွားပျက်အောင်လုပ်မယ်ဆိုတဲ့အယူအဆပါ။
-၂၀၀၁ မှာအာဇဂန်ဗုံးမိုးတွေရွာတော့ တာလီဘန်က အိုစမာကိုတတိယနိုင်ငံတစ်ခုကိုလွှဲပြောင်းပြီး တရားစီရင်ဖို့ကမ်းလှမ်းတာကို သမဒဂျော့ဘုခ်ျကပယ်ချပါတယ်။အညှိမခံပါဘူး
-အရှေ့အလယ်ပိုင်းမှာအမေရိကန်သြဇာလွှမ်းမိုးလာတာကို မကျေမနပ်ဖြစ်နေတဲ့ အိုစမာဟာ သူ့ရဲ့ပထမဆုံးတိုက်ခိုက်မှုကို ၁၉၉၂ ခုနှစ်ကယီမင်ကဟော်တယ်မှာဗုံးခွဲခြင်းစပါတယ်။ဆိုမာလီသွားမယ့်အမေရိကန်တပ်သားတွေသေဆုံးပါတယ်။အကြီးဆုံးအနေနဲ့ကတော့ သိကြတဲ့အတိုင်း ၉-၁၁ The World Trade Centre တိုက်ခိုက်မှုပါ။အဲ့ဒီနေ့ကအမေရိကန်လိုနိုင်ငံမျိုးမှာ လေယာဉ်တစ်စင်းပြီးတစ်စင်းကို ပြန်ပေးဆွဲပြီးတိုက်ပစ်လိုက်လို့ရအောင်ကို လုံခြုံရေးကဆိုးရွားနေလား၊သတင်းကြိုရလို့ အလုပ်မတက်တဲ့လူတွေကဘာလဲ..စသည်ဖြင့်ဝေဖန်ထောက်ပြသူတစ်ချို့နဲ့လက်မခံသူတစ်ချို့အကြားမှာ အခုအထိအငြင်းပွားနေဆဲပါ။
- ၂၀၁၁ ခုနှစ် မေလ ၂ရက်နေ့မှာ သူ့ကိုလုပ်ကြံသတ်ဖြတ်တာမှာအောင်မြင်ခဲ့ပြီလို့ အိုဘာမားကလူထုကိုပြောကြားတော့ မီဒီယာကနေနားထောင်သူ ၅၇ သန်းလောက်ရှိပါတယ်။အင်တာနက်နဲ့တယ်လီဖုန်းလိုင်းတောင်မရှိတဲ့ ခြံအမြင့် ၁၂ ပေကနေ ၁၈ ပေလောက်ရှိတဲ့ Abbottabad, Pakistan မှာပုန်းခိုရင်း Navy Seals of US Marines တပ်ဖွဲ့ဝင်တွေကခေါင်းကိုတည့်တည့်ပစ်ပြီးသုတ်သင်လိုက်တာပါ။တကယ်တမ်းတော့ ပြန်လည်ခံခုနိုင်စွမ်းတောင်မရှိတဲ့ ရောဂါသည်အဖိုးကြီးလို့ဆိုကြပါတယ်။အိုဘားမားကတော့ စစ်ဆင်ရေးကိုတိုက်ရိုက်ကြည့်ရှူကာညွှန်ကြားခဲ့ပါတယ်။အော်ပရေးရှင်းကုတ်နာမည်က Operation Neptune Spearပါ။အပစ်ခံရပြီးတာနဲ့ချက်ချင်းသေပါတယ်။
-အထဲဝင်ပစ်ခတ်ခဲ့တဲ့ Navy Seals ခြောက်ယောက်မှာ ဘယ်သူက အိုစမာကိုပစ်ခတ်ခဲ့သလဲဆိုတာလျှို့ဝှက်ထားပေမယ့်၊ ၂၀၁၄ အောက်တိုဘာ ၅ ရက်နေ့မှာRobert O'Neill ကသူခေါင်းကိုပွင့်တဲ့အထိသုံချက်ပစ်ခတ်သတ်ဖြတ်ခဲ့တယ်လို့ Fox News နဲ့အင်တာဗျုးမှာဖွင့်ချလိုက်လို့ ပြသနာတက်ခဲ့ပါသေးတယ်။ သူ့သားလည်းသေပါတယ်။Navy Seals တပ်ဖွဲ့ဝင်တွေက အလောင်းကို ရဟတ်ယာဉ်နဲ့အာဖဂန်ကိုချက်ချင်းသယ်ပါတယ်။လိုအပ်တဲ့စစ်ဆေးမှုတွေပြုလုပ်ပြီးတာနဲ့ နောက်ဆက်တွဲပြသနာတွေတက်မလာခင် သူ့အလောင်းကို ဘယ်သူမှမပြပဲ လေယာဉ်တင်သင်္ဘော USS CARL VINSONနဲ့သယ်ပြီးရေထဲပစ်ချမြှုပ်နှံလိုက်ပါတယ်။ဒီလိုဇာတ်လမ်းကိုစောစောဖြတ်လိုက်ပေမယ့်လည်း စနိုဒင်တို့လိုလူတွေက အိုစမာလုပ်ကြံတဲ့ဇာတ်လမ်းကြီးက ကလိန်ကျတာလို့ဆိုနေပါတယ်။အဓိကအာဖြင့်ဝေဖန်ထောက်ပြပြီးThe Killing of Osama bin Laden ဆိုတဲ့စာအုပ်ထုတ်သူကတော့ ပေါ်လစ်ဇာဆုရ ဂျာနယ်လစ် Seymour M. Hersh ပါ။၂၀၀၁ လောက်ကတည်းက တန်ပေါင်းများစွာသောဗုံးတွေအကျဲခံနေရတဲ့ တိုရာဘိုရာတောင်တန်းတွေမှာခိုလှုံနေတဲ့ အိုစမာကသေဆုံးခဲ့ပြီးသားလို့ဆိုတဲ့အယူအဆရှိနေသလို၊၂၀၀၆ ကတည်းက ပါကီတွေဟာအိုစမာကို အခုသေဆုံးတဲ့နေရာမှာထိမ်းသိမ်းထားပြီး ငွေလိုချင်တဲ့ထာက်လှမ်းရေးအကြီးအကဲတစ်ဦးက သတင်းပေးလိုက်တယ်လို့လည်းဆိုပါတယ်။သူ့ဟာသူကျောက်ကပ်ဝေဒနာနဲ့သေဆုံးခဲ့တဲ့လိုလည်းဆိုကြပါတယ်။
-Seymour M. Hersh ကတော့ဟောလီဝုဒ်ဆန်ဆန်ဝင်ရောက်ပစ်ခတ်မှုကိုလက်မခံပါဘူး။ပါကီထောက်လှမ်းရေးနဲ့အာဏာပိုင်တွေကတော့ ဝင်ရောက်ပစ်ခတ်မယ့်အစီအစဉ်ကိုလုံးဝမသိဘူး၊ဝင်ပစ်ပြီးသေဆုံးနေတဲ့ အိုစမာကိုရဟတ်ယာဉ်ပေါ်ခေါ်တင်သွားပြီးမှ အကြောင်းကြားခြင်းခံရတယ်လို့ဆိုပါတယ်။ဝေဖန်ထောက်ပြသူတွေကတော့ ရဟတ်ယာဉ်တွေဝင်လာတာကိုတောင်မသိခဲ့တဲ့ ပါကီရေဒါစနစ်ဘာဖြစ်နေသလဲဆိုတာပါ။ဆိုလိုရင်းကတော့ အရင်ကတည်းက ပါကီတွေဟာ အိုစမာနဲ့ပတ်သက်ပြီးအမြတ်ထုတ်လိုပါတယ်၊ဆော်ဒီကိုပြန်ပေးပြီးဆုငွေလိုချင်ပါတယ်။အခုနောက်ဆုံးဇာတ်ကတော့ ပါကီထောက်လှမ်းရေး၊အာဏာပိုင်တွေနဲ့ အမေရိကန်အစိုးရ၊စီအိုင်အေတို့ပေါင်းရိုက်တဲ့ အိုစမာဇာတ်ထုပ်ဆိုကြပါတယ်။ပါကီတွေကဇာတ်ရုံအခမ်းအနားတွေကိုငှားပါတယ်။အိုစမာဆိုတာ အမေရိကန်နိုင်ငံခြားရေးတွေနဲ့ပတ်သက်ရင်တကယ့်ကို သော့ချက်တစ်ခုပါ။Seymour M. Hersh ထောက်ပြတာတွေကသူ့ကိုသတ်ပြလိုက်တော့ လူတွေစိတ်ချမ်းသာသွားသလို၊အိုဘာမားနောက်သက်တမ်းအတွက်အေးဆေးဖြစ်သွားပါတယ်။အိုဘာမားရဲ့ပေါ်လစီတစ်ခုဖြစ်တဲ့ စစ်မတိုက်ချင်တာတွေ၊အာဖဂန်မှာ အမေရိကန်အကူအညီတွေတပ်တွေမထားချင်တာတွေအတွက်လည်းအဆင်ပြေသွားပါတယ်။အာဖဂန်ဟာ မြေကြမ်းပြီးလူတွေမာလှပါတယ်။ထင်သလောက်အကျိုးစီးပွားမဖြစ်ခဲ့ပါ။တစ်ဖက်အီရတ်မှာလည်း ဘုခ်ျသားအဖခင်းထားတဲ့စစ်ရေးလမ်းဟာလည်း အလူးအလဲဖြစ်နေပါတယ်။စစ်ပမ်းနေပါပြီ။ဘုခ်ျလက်ထက်မှာတော့ စစ်မျက်နှာနှစ်ဖက်စလုံးမှာ သက်တမ်းကုန်ခါနီးလက်နက်တွေသုံးပစ်လိုက်နိုင်တယ်၊အမေရိကစီးပွားရေးတွေဝင်ရောက်ခဲ့နိုင်တယ်၊ရေနံတွေရလိုက်တယ်ဆိုတဲ့ အကျိုးအမြတ်ရှိခဲ့သလို ကြာလာတော့မကိုက်တော့ပါဘူး။အင်္ဂလိပ်လောက်အမေရိကန်တွေဟာ ကိုလိုနီစီးပွားရေးမှာမစွံပါဘူး။နောက်တစ်ချက်ကတော့ အိုစမာကိုဒီလိုရှင်းလိုက်တော့ မမိသေးဘူးလားဆိုတာကိုအမေးခံနေရတဲ့ အမေရိကန်အဆင့်မြင့်ထောက်လှမ်းရေးတွေနားအေးသွားပါတယ်။နောက်မေးခွန်းက အဆင်းမှထိသွားတဲ့ရဟတ်ယာဉ်ကို ပြန်အတက်မှာလုံးဝဖျက်ဆီးပြီးNavy Sealsကသဲလွန်စမကျန်အောင်ဖျက်ပစ်ခဲ့တာဘာလို့လဲဆိုတာပါ။ပထမအဆိုအရ အိုစမာအိမ်မှာသေဆုံးသူတွေထဲမှာ အမျိုးသမီးတစ်ယောက်ပါတယ်၊အိုစမာကိုကာကွယ်ရင်သေတယ်လို့ဆိုပေမယ့်၊နောက်ပိုင်းမှာသေဆုံးသူအမျိုးသမီးမပါပါ။
-Seymour M. Hersh ဟာ ၁၉၇၀မှာ ဗီယက်နမ်မိုင်လီရွာမှာအမေရိကန်တပ်တွေအစုလိုက်အပြုံလိုက်သတ်ဖြတ်ခြင်းကို အခန်းဆက်ရေးရင်း ပေါ်လစ်ဇာဆုကိုရရှိခဲ့တာပါ။
-နိုင်ငံတကာအရေးမှာဝင်ဆံပြီး ဆူပါပါဝါကိုတည်ထောင်ရာမှာမွေးထားတဲ့ဇာတ်ကောင်ကိုမလိုအပ်တော့လို့ရှင်းလိုက်တာပါ။အစောကြီးကတည်းကရှင်းလိုက်ရင် လုပ်စရာနည်းသွားမှာပါ။အရှေ့အစိုးရတွေရဲ့ဇာတ်ကို အိုဘားမားသိမ်းလိုက်ပါတယ်

-Seymour M. Hersh နဲ့အခြားဝေဖန်ထောက်ပြသူတွေရဲ့စွပ်စွဲချက်တွေကို ပန်တာဂွန်၊စီအိုင်အေ နဲ့အမေရိကန်အစိုးရကတော့လက်မခံပါဘူး။ဆက်လက်စွပ်စွဲဆဲ ပယ်ချဆဲ အငြင်းပွားနေကြဆဲပါ။
-အချုပ်အားဖြင့်ဆိုရသော် လူသားမျိုးနွယ်တစ်စုလုံးကိုခြိမ်းခြောက်ခဲ့တဲ့ အိုစမာဘင်လာဒင်ရှိသေးလား သေပြီးလားဆိုတာထက် သူပြန်မလာနိုင်တော့ပါခင်ဗျာ။

Ref:Bin Laden Death Story a Lie,Top 10 Life Facts about Osama Bin Laden,The Killing of Osama bin Laden ,

Sunday, 7 February 2016

တိုက်တန်းနစ် ရဲ့ ထူးခြားရာဇ၀င်


တိုက်တန်းနစ်နောက်ကွယ်တွင်...
အရင်ကနာမည်ကြီးခဲ့တဲ့ TITANIC သင်္ဘောကြီးနစ်မြုပ်ခြင်းမှာ လူသိနည်းတဲ့ နောက်ကွယ်ကအကြောင်းရင်းလေးတွေပါ...။

၂၀ရာစုနှစ်စောပိုင်းမှာဖြစ်ပွားခဲ့တဲ့ အရမ်းကိုကျော်ကြားတဲ့အမှုအခင်းတစ်ခုကို ပြန်လည်ဆန်းစစ်ကြည့်ဖို့ တလောက စိတ်ကူးပေါ်လာမိပါတယ်..။ ထိုအကြောင်းအရာကတော့ တိုက်တန်းနစ်ပါပဲ။ တိုက်တန်းနစ်သင်္ဘောကြီး ဘာကြောင့်မြုပ်နစ်သွားရတာလဲ။ ကမ္ဘာမှာအခမ်းနား အကြီးကျယ်ဆုံးဖြစ်တဲ့ ခရီးသည်တင်ယာဉ်သင်္ဘောကြီးတိုက်တန်းနစ်ဟာ ဘာအကြောင်းကြောင့် ပင်လယ်အောက်ကို ပထမဆုံးခရီးမှာတင် စုံးစုံးမြုပ်ခဲ့ရတာလဲဆိုတာကို သေသေချာချာဆန်းစစ်ကြည့်ကြပါစို့ ။

Thomas andrews ဟာ ဒီသင်္ဘောကြီးရဲ့ ဒီဇိုင်နာဖြစ်ပါတယ်..။၁၉၀၆ခုနှစ်မှာ ဒီသင်္ဘောကြီးကို စတင်တည်ဆောက်ခဲ့ပါတယ်။ အိုင်ယာလန်ပြည်နယ်ဆိပ်ကမ်းမှာပါ။ ၁၉၀၉ခုနှစ် မတ်လ၃၁ရက်မှာလုံးဝပြီးစီးသွားတဲ့ အတွက်ကြောင့် လူအင်အား၃၀၀၀ကျော်သုံးပြီး ၃နှစ်ကြာကိုတည်ဆောက်ခဲ့တာဖြစ်ပါတယ်။ ထုထည်အရရော၊ အရည်အသွေးအရရော အရမ်းကိုကြီးမားကောင်းမွန်ပြီး အရမ်းကိုယုံကြည်စိတ်ချရတဲ့ သင်္ဘောတစ်ခုအဖြစ်မှတ်ယူထားပါတယ်။ သင်္ဘောကြီးကို အရည်အသွေးအကောင်းဆုံးစတီးတွေနှင့် ဆောက်လုပ်ထားတာဖြစ်ပြီး ထိုခေတ်ကဒေါ်လာ၇.၅သန်း (ယခုဒေါ်လာသန်း၁၀၀ကျော်)တန်ဖိုးရှိပါတယ် ။

ဒါဟာသမိုင်းကြောင်းကိုခေတ္တကြည့်ရှုတာပါ။ တိုက်တန်းနစ်ဟာ အတ္တလန္တိတ် သမုဒ္ဒရာကြီးဖြတ်ပြီး လူ၁၅၀၀ကျော်ကို တင်ဆောင်ကာအိုင်ယာလန်မှ ကာလီဖိုးနီးယားပြည်နယ်ဘက်သို့ ၁၉၁၂ခုနှစ်ဧပြီ လဆန်းပိုင်းမှာ ထွက်ခွာလာခဲ့ပါတယ်။ အဆင့်မြင်တဲ့ဝန်ဆောင်မှု၊ ထုထည်နှင့် ကြီးကျယ်ခမ်းနားမှုတို့ဟာ လူဆင်းရဲတွေအတွက် နေရာမပေးခဲ့ပါဘူး။ လူကုံထံများနှင့် နိုင်ငံရေးဆိုင်ရာအကြီးအကဲများတို့ကို တင်ဆောင်ကာ ထွက်ခွာလာခဲ့ပါတယ်။ ခရီးသည်ဟာ သင်္ဘောနှင့်ပတ်သတ်ပြီး တစ်စုံတစ်ရာကိုမှ သံသယဆိုတာမျိုးမရှိဘဲ သူတို့ကိုယ်ပိုင်အခန်းထဲမှာ အရမ်းကိုဇိမ်ကျကျနဲ့ လိုက်ပါလာခဲ့ပါတယ်။
သင်္ဘောကုန်းပတ်ရဲ့ အောက်ဘက်မှာကတော့ အင်ဂျင်နီယာတို့ရဲ့ နေရာဖြစ်ပြီး ခရီးသည်အခန်းတွေကို ရေနွေးပေးရန်အတွက် ကျောက်မီးသွေးကန်တွေနဲ့ အလုပ်လုပ်နေတာပါ။ သူတို့ အလုပ်လုပ်ရာနေရာဟာ သင်္ဘောကုန်းပတ်ရဲ့ ငါးခန်းမြောက်အခန်းဖြစ်ပါတယ်။

၁၉၁၂ခုနှစ်၊ ဧပြီလ ၁၄ ရက်နေ့ ၅နာရီမှာတော့ တိုက်တန်းနစ်သင်္ဘောကြီးဟာ တစ်နာရီကို ၂၁မိုင်နှုန်းနဲ့ ခုတ်မောင်းနေတာပါ။ အတ္တလန္တိတ် သမုဒ္ဒရာထဲကိုဝင်လာသည်မှာ အရမ်းကိုနက်နဲလာပြီဖြစ်ပါတယ်။ အရမ်းအေးလှတဲ့ ရာသီဥတုကြောင့် သမုဒ္ဒရာရေတွေဟာ ရေခဲတစ်မျှကို အေးစက်နေပါတယ်။ ရေခဲစလက်လက်လေးတွေတောင် ရေပြင်ပေါ်မှာ ပေါလောပေါ်နေတာကို မြင်နေနိုင်ပါတယ်။ ဒါပေမယ့် ခရီးသည်တွေဟာ နောက်နာရီပိုင်းအတွင်းမှာကြုံတွေ့ရမယ့် ကပ်ဘေးကြီးကို တွေးတောင်မတွေးမိဘဲ ပါတီပွဲတွေ ကျင်းပနေကြပါတယ်။ ဒီချိန်မှာ သတင်းပိုင်းဆိုင်ရာရယူတဲ့ ကွန်ပျူတာပညာရှင် ဂျွန်ဖီးလစ်ကတော့ လက်ပ်တော့တစ်လုံးနဲ့ အလုပ်ရှုပ်နေပါတော့တယ်။ ထိုစဉ်မှာ မလှမ်းမကမ်းမှာ ခုတ်မောင်းနေတဲ့ မီးသင်္ဘောဆီမှ သတင်းတစ်ခုက နားကြပ်ထဲကို ၀င်ရောက်လာပါတယ်။ သို့ပေမယ့် ရာသီဥတုကဆိုးရွားနေတာကြောင့် ဘာကိုမှ သဲကွဲစွာမကြားရဘဲ ရေဒီယိုပြတ်ရွေ့လှိုင်းသံ ဗြီးခနဲပဲကြားရတဲ့အတွက်ကြောင့် နားကြပ်းကိုဆွဲချွတ်လိုက်ရပါတယ်။ ထို့နောက် လက်ပ်တော့နဲ့ ဆက်လက်အလုပ်ရှုပ်နေပါတော့တယ်။

ရာသီဥတုက ပိုဆိုးရွားလာတာကြောင့် ကနေဒါမှ ကာလီဖိုးနီးယားကိုသွားတဲ့လမ်းမှာကြုံရတဲ့ လမ်းဆုံလမ်းခွကို တိုက်တန်းနစ်သင်္ဘောကြီး ရောက်လာခဲ့ပါပြီ။ တောင်လမ်းနှင့်မြောက်လမ်း၂ခုမှာ တောင်လမ်းသည် ဝေးပြီးလမ်းပိုကောင်းပါသည်။ မြောက်လမ်းကတော့ ခရီးနီးပြီး လမ်းအတန်ငယ်ကြမ်းသောကြောင့် Captain Edward Smith ဟာ တောင်လမ်းကို ရွေးချယ်ခဲ့ပါတယ်။

သမုဒ္ဒရာကြီးမှာလေငြိမ်နေပြီး တိတ်ဆိတ်နေတဲ့တွက်ကြောင့် ကပတိန် စမစ်ဟာ အရာရာပုံမှန်ပဲလို့ ယူဆပြီး ၈နာရီနှင့် အိပ်ရာဝင်ခဲ့ပါတယ်။ သင်္ဘောဝမ်းတွင်းမှာတော့ အင်ဂျင်နီယာတွေဟာ ငါးခန်းမြောက်အခန်းမှာ ခရီးသည်တွေ အေးချမ်းလှတဲ့ရာသီမှာ ရေပူသုံးနိုင်ဖို့ ကျောက်မီးသွေးကန်တွေကို အပူပေးလျက်ပေါ့။

ဒီလိုနဲ့ပဲ ဆယ်နာရီကျော်လာခဲ့တဲ့အခါမှာတော့ ကံကြမ္မာဆိုးကြီးဟာ စတင်လာခဲ့ပါပြီ။ သမုဒ္ဒရာ ရေပြင်ကြီးက ငြိမ်သက်ဆဲပါပဲ။ လမိုက်ညဖြစ်တဲ့အတွက်ကြောင့် တိမ်ညိုတိမ်မဲတွေက ကောင်းကင်မှာ အပြည့်ပါပဲ။ ဒီချိန်မှာ သင်္ဘောခေါင်းပိုင်းမှာ အရက်သောက်ရင်း အအေးဒဏ်ကိုအံတုပြီး ပတ်ဝန်းကျင် အကဲခတ်ရသူ သင်္ဘောစောင့်နှစ်ယောက်ကတော့ တာဝန်ကျေပွန်စွာ တချက်မှမငိုက်မြည်းပဲ နေကြပါတယ်။ သူတို့ဟာ အမှောင်ထဲမှာ တလက်လက်ထနေတဲ့အရာတစ်ခုကို မျက်စိရှေ့တည့်တည်မှာ မြင်နေရပါတယ်။ ဒါပေမယ့်သူတို့ဟာ ဘာမှန်းမခွဲခြားနိုင်ကြပါဘူး။ လမိုက်ညနှင့် ပတ်ဝန်းကျင် အေးခဲမှုက အမြင်အာရုံကိုမှုန်ဝါးစေနေပါတယ်။ သူတို့က သောကြာကြယ်လက်နေတယ်လို့ပဲယူဆကြပါတယ်။ အေးဆေးနေကြတာပေါ့။ သို့ပေမယ့် နောက်ဆယ်မိနစ်ခန်းအကြာမှာတော့ သူတို့စီးနင်းနေတဲ့ တိုက်တန်းနစ် သင်္ဘောကြီးထက် ၃ဆလောက်ပိုမိုထုကြီးတဲ့ ရေခဲတောင်ကြီးဟာ အမှောင်ထုထဲမှ ဘွားခနဲပေါ်လာပါပြီ။ သူတို့နှစ်ဦးလည်း အသက်ရှုရပ်မတတ် အံ့သြသွားကာ သင်္ဘောစက်ခေါင်းထဲရှိ သင်္ဘောသားတွေကို နှိုးပါတော့တယ်။

စမစ်ဟာလည်း ချက်ချင်းပဲ ထလာပါတော့တယ်။ ရေခဲတောင်ကြီးဟာ သူတို့နှင့် ဘယ်လောက်မှကို မကွာတော့ပါဘူး။ တနာရီ ၂၁မိုင်အရှိန်နဲ့ တည့်တည့်သာ ၀င်ဆောင့်လိုက်လျှင် ပြောစရာမရှိအောင် တစ်စီပျက်စီးသွားမှာသေချာပါတယ်။ ကပတိန်စမစ် ဆုံးဖြတ်ချက်တစ်ခုကို ချက်ချင်းချခဲ့ပါတယ်။ ညာဘက်သို့ မလှည့်ပဲဘယ်ဘက်သို့ ချက်ချင်းလှည့်ရှောင်ရန် အမိန်ပေးခဲ့ပါတယ်။ ပဲကိုင်သူကလည်း ချက်ချင်းလှုပ်ရှားပါတော့တယ်။ သင်္ဘောကြီးဟာ တဖြည်းဖြည်း ရေခဲတောင်ကြီးနှင့် နီးကပ်လာလေ သင်္ဘောစက်ခေါင်းထဲကလူတွေ ပြာယာခတ်ကာ jesus ကိုတကြ၊ မျက်စိမျက်နှာတွေပျက်ကြပါတော့တယ်။ ခရီးသည်တွေကတော့ ဘာမျှမသိကြပါဘူး။ နှစ်ခြိုက်စွာအိပ်မောကျနေကြပါတယ်။ တစ်နာရီကို ၂၁.၅မိုင်နှုန်းနဲ့ ရေခဲတောင်ကြီး၏ ဘယ်ဘက်သို့ ရွေ့နေခဲ့ပေမယ့် အသိနောက်ကျခဲ့တဲ့အတွက်ကြောင့် နောက်ဆုံးမှာမလွတ်ခဲ့ဘဲ သင်္ဘောကြီးရဲ့ ညာဘက်ခြမ်းနှင့် ရေခဲတောင်ကြီးကို ပွတ်ဆွဲသွားပါတော့တယ်။

ထိုအခါမှ ကပတိန် စမစ်လဲ သက်ပြင်းချနိုင်ပြီး သင်္ဘောသားများလည်း လက်ဝါးချင်းရိုက်ကာ ပျော်ရွှင်စွာအော်ဟစ်လိုက်ကြပါတယ်။ ခရီးသည်များတော့ အတန်ငယ် လှုပ်ခတ်သွားတာကိုတော့ သတိထားမိလိုက်ပြီး ပြန်လည်အိပ်ကြပါတော့တယ်။ သို့ပေမယ့် တိုက်တန်းနစ်သင်္ဘောကြီးရဲ့ ညာဘက်ဝမ်းပိုင်းအခြမ်းမှာ မီတာ ၉၀ ရှည်လျားတဲ့အပေါက်ကြီးဖြစ်သွားတာကတော့ သတိမထားမိကြပါဘူး။ ချက်ချင်းပဲ ထိုအပေါက်ထဲကို ရေလုံးတွေလိမ့်ဝင်လာတာကို ထင်းထင်းကြီးမြင်နေရတာတော့ သင်္ဘောဝမ်းခန်းထဲက အင်ဂျင်နီယာတွေပါ။ ထိုရေတွေဟာ သင်္ဘောထဲကို ဆယ်မိနစ် ၁၄ပေအနက်နှုန်းနဲ့ကိုဝင်လာတာပါ။ အင်ဂျင်နီယာခေါင်းဆောင် လူစီးယန်နဲ့ သူ့အင်ဂျင်နီယာတွေဟာ ချက်ချင်းကို ရေစုပ်စက်တွေနဲ့ ရေတွေကိုသင်္ဘောပြင်ဘက်သို့ ထုတ်နေရပါတယ်။ နာရီဝက်ကြာလို့ စမစ်သင်္ဘောအောက်ခန်းထဲကို ဆင်းလာတော့ သင်္ဘောကြီးရဲ့ ခန်းငါးခန်းဟာ ရေအောက်သို့စုံးစုံးမြုပ်သွားခဲ့ပြီးဖြစ်ပါတယ်။ စမစ်အချိန်နာရီဝက်တွင်းမှာ ဒီလို အခန်းငါးခန်းလုံးမြုပ်သွားရတာကို ဘယ်လိုမှမယုံနိုင်ဖြစ်ရပါတယ်။ ဒီတိုင်းသာဆိုရင် နောက်၂နာရီ အတွင်းမှာ အေးစက်လှတဲ့ အတ္တလန္တိတ်ထဲကိုထိုးဆင်းတော့မှာဖြစ်ပါတယ်။

ယခုအချိန်မှာ ၁၂နာရီရှိနေပါပြီ။ ၂နာရီထိုးလျှင် တိုက်တန်းနစ်ရေအောက်ရောက်ပါပြီ။ စမစ်လဲပြာယာခတ်ရပါပြီ။ မလှမ်းမကမ်းမှာ ခုတ်နှင်နေတဲ့ ကာလီဖိုးနီးယားမီးသင်္ဘောကြီးကို လှမ်းအကူအညီတောင်းဖို့ ဂျွန်ဖီးလစ် ကို မှာကြားရပါတော့တယ်။ ကွန်ပျူတာပညာရှင်ဂျွန်ဖီးလစ်မှာ အကူအညီလှမ်းယူရန် အကြောင်းကြားသော်လည်း မီးသင်္ဘောမှာ တိုက်တန်းနစ်နှင့် ၈၈မိုင်အကွာမှာရှိနေပါတယ်။ ထို့ကြောင့် လာရောက်ကယ်ဆယ်လျှင် အနည်းဆုံးလေးနာရီတော့ကြာမြင့်မှာဖြစ်ကြောင်း သိခဲ့ရပါတယ်။ စမစ်မှာ သင်္ဘောတစ်ခုလုံး လိုက်လံကြေညာပြီး ခရီးသည်တွေကို အသက်ကယ်ယာဉ်နှင့် အောက်သို့ ချပေးရပါတော့တယ်။ နာရီဝက်ထပ်ကြာတော့ သင်္ဘောရဲ့ ဒုတိယနဲ့ တတိယထပ်ထဲကို ရေတွေအလုံးလိုက်ဝင်လာတာကြောင့် ထိုအထပ်မှ ခရီးသည်များ အပေါ်ဆုံးထပ်သို့ ပြေးတက်ကြပါတော့တယ်။ ထောင့်ငါးရာသော လူတွေကို တင်ဆောင်ဖို့ အသက်ကယ်ယာဉ်အလုံအလောက်မပါလာခဲ့ပါ။ ကပတိန်က မိမိ၏ တိုက်တန်းနစ် သင်္ဘောကြီးကို ယုံကြည်မှုပိုကဲလွန်းသောကြောင့်လဲ ဖြစ်နိုင်ပါသည်။ သင်္ဘောအပေါ်ဆုံးထပ်မှာ ခရီးသည်ထောင့်ငါးရာ၏ ပွက်လောရိုက်အောင် ဆူညံသံတို့နှင့် ကမ္ဘာပျက်သလိုရှိနေပါတယ်။

အသက်ကယ်သင်္ဘောများမလုံလောက်သောကြောင့် အမျိုးသမီးနှင့်ကလေးများသာ ယာဉ်ပေါ်သို့ လိုက်ပါခွင့်ပေးပြီး ယောက်ျားသားများကတော့ ဇနီးသည်နှင့် ကလေးတို့၏ မျက်နှာကိုအားရအောင်ပင် မကြည့်လိုက်ရဘဲ ကျန်ခဲ့ရပါတယ်။ အမျိုးသမီးများမှာလည်း သူတို့၏ခင်ပွန်းသည်နှင့် ခွဲခွာရချိန်မှာ သူ့သားလေးကို "ဖေဖေ့ကို ဘိုင့်ဘိုင်လို့ ပြောလိုက်လေ" ဟုသာ ပြောနိုင်ပြီး သင်္ဘောကြီးအောက်သို့ မျက်ရည်တွေနှင့် ဆင်းခဲ့ရပါတော့တယ်။ ၁နာရီကျော်သွားတော့ အသက်ကယ်လှေတွေလဲ ကုန်သွားပြီး ယောက်ျားသားများ၊ အဘိုးအဘွားများ၊ ကပတိန်အဖွဲသားများ၊ သင်္ဘောစောင့်များ ဘုရားတရားကိုတပြီး သူတို့သင်္ဘောကြီးမြုပ်နစ်မယ့် ဘ၀ရဲ့ နောက်ဆုံးအချိန်ကို မျက်လုံးမှတ်ပြီး နေရပါတော့တယ်။ အမျိုးသမီးနှင့်ကလေးများအားလုံးလည်း လိုက်ပါမသွားနိုင်ခဲ့ပါ။ အသက်ကယ်လှေမှာ အရမ်းကို နည်းနေပါတယ်။ ကံကြမ္မာဆိုးကြီးက ၁နာရီ မိနစ်လေးဆယ်မှာ လျှပ်စစ်မီးတွေကိုဖြတ်ပစ်လိုက်ပါပြီ။ တိုက်တန်းတစ်သင်္ဘောကြီးမှာ ဦးပိုင်းမှာ နစ်ပြီး ပဲပိုင်းဘက်သို့ ထောင်တက်သွားသောကြောင့် သင်္ဘောပေါ်မှလူများ အထက်သို့ ပြေးတက်ကြပါတော့တယ်။ သို့သော်လည်း ထောင်မတ်လွန်းသေကြောင့် မလှမပပြုတ်ကျပြီး သေဆုံးကြပါတော့တယ်။ စမစ် ခန့်မှန်းထားသလိုပါပဲ။ သင်္ဘောကြီးဟာ၂နာရီတွင်းမှာပဲ အမျိုးကောင်းသားသမီးများ လူကုံထံများ၊ မင်းမျိုးမင်းနွယ်ပေါင်းများစွာကို အေးစက်လှတဲ့ အတ္တလန္တိတ်သမုဒ္ဒရာအောက်သို့ ဆွဲခေါ်သွားပါတော့တယ်။

ကျန်ရှိနေခဲ့တဲ့ အသက်ကယ်လှေပေါ်က ခရီးသည်၇၀၀ကျော်မှာလဲ ရာသီဥတုဒဏ်ကြောင့် တဖြုတ်ဖြုတ်ရေထဲသို့ ပြုတ်ကျပြီးသေပွဲဝင်ကြရပါတယ်။ မနက်၅နာရီမှာတော့ ကာလီဖိုးနီးယား မီးသင်္ဘောကြီးဆိုက်ရောက်လာပြီး လူ၂၀၀ခန့်ကိုသာ ကယ်တင်နိုင်ခဲ့ပါတယ်..။ တိုက်တန်းနစ်နဲ့ ပတ်သတ်တဲ့ ဒဏ္ဍာရီတွေအများကြီးရှိပါတယ်။ ဇာတ်ကားထဲကတော့ အကျော်ကြားဆုံးပေါ့..............။

ဒီအထိသည်းခံပြီး ဖတ်ပေးတဲ့စာဖတ်သူတွေကို ကျေးဇူးတင်ပါတယ်။ ပြီးတော့မှာပါ..ဆက်လက်ပြီးတော့ နစ်မြုပ်ရတဲ့အကြောင်းအရင်းတွေကို ပြောပြပါတော့မယ်။

ပထမဆုံးအချက်ကိုတော့ ဘယ်သူ့ကိုစရမလဲဆိုရင်.. သင်္ဘောစောင့်နှစ်ယောက်ဖြစ်ပါတယ်။

သူတို့နှစ်ယောက်ဟာ မလှမ်းမကမ်းမှာတင်ရှိနေတဲ့ ရေခဲဆောင်ကို လှမ်းမမြင်နိုင်ခဲ့ပါဘူး။ အရက်ရှိန်ကြောင့်လား ဆိုတော့လည်းမဟုတ်ပါ။ သူတို့မှာ သင်္ဘောစောင့်တိုင်း ကိုင်ဆောင်ကြတဲ့ မှန်ပြောင်းအဘယ်ကြောင့်မပါရတာပါလဲ? ပတ်ဝန်းကျင်အကဲခတ်တဲ့ သင်္ဘောစောင့်တိုင်းဟာ ပင်လယ်ပြင်ကိုဖြတ်ကြည့်ရာမှာ အဝေးကြည့်မှန်ပြောင်းမပါရင် အလွယ်တကူမမြင်နိုင်ကြတာသဘာဝပါ။ ထိုရက် လကလည်း မထွက်ဘူး၊ ပတ်ဝန်းကျင်ကလေအေးတွေကလဲ မျက်လုံးထဲကို တဖျတ်ဖျတ်တိုက်နေမယ်။ သူတို့ မျက်လုံးမြင်နိုင်စွမ်းအားကို တိုက်ခိုက်တဲ့အရာတွေ အများကြီးရှိနေပါတယ်။ သူတို့ ဘာကြောင့် မှန်ပြောင်းမသုံးကြသလဲ။ သူတို့သာေ၇ခဲတောင်ကို ကြယ်လို့ မထင်မှတ်ခဲ့ရင်၊ စောစီးစွာ ရေခဲတောင်ရှိမှန်းကြိုသိခဲ့ရင် သင်္ဘောကြီး လွတ်မှာပါ။ သေချာပါတယ်။

သူတို့ကိုချည်းအပြစ်တင်လို့လည်း မရပြန်ဘူးဗျ။ ဒုတိယအချက်ကတော့ ကွန်ပျူတာပညာရှင် ဂျွန်ဖီးလစ်ပါ။ အမှန်တကယ်တော့ ကာလီဖိုးနီးယားမီးသင်္ဘောကြီးက ရေခဲတောင်ရှိကြောင်း သတင်းပို့ခဲ့ပါတယ်။ ဒါပေမယ့် သူဟာရေဒီယိုလှိုင်းသံ (ဗြီးဆိုသောအသံ)ကြောင့် နားကြပ်ကိုချွတ်ပစ်လိုက်ပြီး သတင်းကိုပြန်လည်နားထောင်ခြင်းမရှိဘဲ သူလုပ်ချင်တာသာ လုပ်နေခဲ့ပါတယ်။ သူသာသတင်းကိုလက်ခံရရှိခဲ့လျှင် ရေခဲတောင်နှင့်ဝေးရာ မြောက်ဘက်လမ်းသို့ စောစီးစွာသွားနိုင်မှာ သေချာပါတယ်။

တတိယအနေနဲ့ကတော့ အခန်း ၄နဲ့ ၅ မှာရှိတဲ့ ကျေက်မီးသွေးတွင်းတွေပါ။ ထိုတွင်းတွေထဲကထွက်လာတဲ့ အပူပမာဏတွေဟာ အခန်းနံရံ တွေကို ကြွပ်ဆတ်စေပါတယ်။ ကျောက်မီးသွေးတွင်းတွေသာမရှိရင် နာရီဝက်အတွင်းမှာ ငါးခန်းလုံး ရေလျှံသွားစရာအကြောင်း မရှိပါဘူး။ ကပတိန်စမစ် အံ့သြရဆုံးအဖြစ်အပျက်တစ်ခုလဲ ဖြစ်ပါတယ်။ လူစီယန်နဲ့အင်ဂျင်နီယာတွေကို ၀ါးမြိုပစ်တဲ့အချက်လဲဖြစ်ပါတယ်။ ထိုတွင်းတွေသာမရှိလျှင် နာရီဝက်မှာ ရှေ့ခန်း၃ခန်းသာမြုပ်မည်ဖြစ်ပြီး ရေစုပ်စက်နဲ့ နိုင်နင်းစွာ ထုတ်နိုင်ပြီး ကာလီဖိုးနီးယားမီးသင်္ဘောကို စောင့်ဆိုင်းနိုင်ကောင်းပါတယ်။

နောက်ဆုံးအချက်ကတော့ သံကြွပ်မှိုတွေပါပဲ။ သင်္ဘောကိုတည်ဆောက်ရာမှာ အိုင်ယာလန် ဆိပ်ကမ်းမှာဆောက်ခဲ့တာကြောင့် သင်္ဘောတစ်ခြမ်းကကမ်းပေါ်မှာဖြစ်ပြီး တစ်ခြမ်းကတော့ ပင်လယ်ရေစပ်မှာရှိနေတာပါ။ ကမ်းပေါ်တင်နေတာကတော့ ပဲ့ပိုင်းပါ။ ရေဘက်ကို ရောက်နေတာကတော့ ဦးပိုင်းဖြစ်ပါတယ်။ ဦးပိုင်းနဲ့ ပဲ့ပိုင်းကိုတည်ဆောက်ရာမှာ အင်ဂျင်နီယာတွေကအဖွဲ့ ၂ဖွဲခွဲပြီး တည်ဆောက်ခဲ့ပါတယ်။ ဦးပိုင်းတစ်ဖွဲ့ ပဲ့ပိုင်းတစ်ဖွဲ့ပါ။

လိုရင်းက သင်္ဘောရဲ့ ပဲ့ပိုင်းကိုတော့ အင်ဂျင်နီယာတွေက တည်ဆောက်ရာမှာစတီးနဲ့ ပြုလုပ်ထားတဲ့ မှိုတွေနဲ့ တည်ဆောက်ခဲ့ပါတယ်။ သင်္ဘောဦးပိုင်းကို တည်ဆောက်တဲ့ အင်ဂျင်နီယာတွေကတော့ သံကြွပ်မှိုတွေနဲ့ တွယ်ဆက်တည်ဆောက်ခဲ့ပါတယ်။ ထိုသံကြွပ်မှိုဆိုတာ သာမာန်သံတွေနှင့် ချော်ရည်တွေကို ရောပြီး ပြုလုပ်ထားတာပါ။ ထိုသံမှိုတွေဟာလည်း တိုက်တန်းနစ်ကြီး မြုပ်ရတဲ့ အကြောင်းရင်းတစ်ခုပါပဲ။ သံကြွပ်မှိုတွေဟာ ပေါင် ၄၀၀၀ကနေ ၄၀၀၀၀အတွင်းဖိအားကို ခံနိုင်ရည်ပါတယ်။ ရေခဲတောင်နှင့် အရှိန်နဲ့ပွတ်ဆွဲခြင်းမှာ ပေါင် ၁၄၀၀၀၀ခန့် ဖိအားနဲ့ ဖိခံရပါတယ်။ ဒါကြောင့် သံမှိုတွေဟာလွတ်ထွက်ပြီး ရေတွေဒလဟောဝင်လာစေတဲ့ မီတာ၉၀အပေါက်ကြီး ဖြစ်စေခဲ့ပါတယ်။ ထိုနေရာတွေမှာလဲ စတီးသံမှိုတွေသာသုံးခဲ့ရင် မီတာကိုးဆယ်ရှည်တဲ့ အပေါက်ကြီး ဘယ်လိုမှမဖြစ်နိုင်ပါဘူး။ သာမာန်ပွန်းပဲ့ရုံလောက်ပဲ ထိခိုက်နိုင်ပါတယ်။ ဒီအပေါက်ကြီးဟာ တိုက်တန်းနစ်မြုပ်ရတဲ့ အဓိကအကြောင်းရင်းဖြစ်သောကြောင့် သံကြွပ်မှိုတွေဟာ အဓိကတရားခံပဲ ဖြစ်ပါတော့တယ်။

သိရှိထားသမျှအကြောင်းတို့ကို တင်ပြလိုက်ပါတယ်။ စိတ်ဝင်စားမယ်လို့ မျှော်လင့်ပါတယ်။ အထက်ပါအကြောင်းအရင်းတွေကို သိပ္ပံပညာရှင်ပန်ဒိုရာက ရှာတွေ့ခဲ့တာဖြစ်ပါတယ်။

Saturday, 6 February 2016

ဝမ်းဗိုက်အဆီချပေးနိုင်တဲ့ ပျားသံပုရာဖော်မြူလာကို

ဝမ်းဗိုက်အဆီချပေးနိုင်တဲ့ ပျားသံပုရာဖော်မြူလာကို မျှဝေပေးလိုက်ပါတယ်။

( ပျားသံပုရာဖော်မြူလာအတွက် ပါဝင်သောပစ္စည်းများ )

၁။ သံပုရာသီး

၂။ ပျားရည် (မွေးမြူရေးပျား မဟုတ်ပဲ သဘာဝပျားဆိုလျှင် ပိုကောင်းပါသည်)

၃။ ဆားအနည်းငယ် (ပျားသံပုရာ ပြုလုပ်နည်း )

၁။ သံပုရာသီးအခွံကို ဆားနှင့်  ပွတ်တိုက်ပေးပါ။

၂။ (၃) မိနစ်ခန့်ကြာလျှင် ရေနှင့် ဆေးကြောပေးပြီး ရေခြောက်အောင် ခဏထားပါ။

၃။ သံပုရာသီးများကို အခွံနှင့်တကွ အကွင်းလေးများဖြစ်အောင် ပါးပါးလှီးပြီး အစေ့များကို ဖယ်ထုတ်ပါ။

၎။ အ၀ကျယ် ပုလင်း (သို့မဟုတ်) ဗူး၊ ကရားထဲသို့  သံပုရာသီးအကွင်းလေး (၁) ကွင်းလျှင် ပျားရည် လက်ဖက်ရည်ဇွန်း (၁) ဇွန်း အချိုးကျ ထည့်ပြီး ရေမြုပ်အောင် ထည့်ပါ။

၅။ အဖုံး ဖုံးအုပ်ပြီး ရေခဲသေတ္တာထဲထည့်ကာ (၃) ရက်ခန့် သိမ်းထားပါ။

( သောက်သုံးရန် အညွန်း )

မနက်စာမစားခင် သံပုရာကွင်းနှင့် ဖော်စပ်ထားသော အရည်ကို ရေအေး (သို့မဟုတ်) ရေနွေးဖြင့် ရော၍သောက်သုံးပါ။ ညဖက် အိပ်ရာမ၀င်ခင် သံပုရာအကွင်းနှင့် ဆေးအရည်ကို ရေအေး (သို့မဟုတ်) ရေနွေးနှင့်ရော၍ သောက်သုံးပါ။ တစ်ပတ်ခန့် ဆက်တိုက်သောက်သုံးပြီးလျှင် အစာခြေ စနစ်ကိုကောင်းမွန်စေပြီး ၀မ်းဗိုက်အဆီများ လျှော့ချသွားစေကာ ဗိုက်သားကို ချပ်ရပ်စေပါမည်။ သဘာဝဆေးနည်းမို့ ဘေးထွက်ဆိုးကျိုးလုံးဝမရှိပါ။ ပျားသံပုရာဖော်မြူလာကို ကမ္ဘာမှာ လူကြိုက်များလာစေသည့် အကြောင်းရင်းများကတော့ အားကစားလုပ်စရာမလိုခြင်း၊ အစားရှောင်စရာမလိုခြင်း၊ အကုန်အကျလည်း သက်သာခြင်း၊ ဆေးနည်းကလည်း အရမ်းကို လွယ်ကူခြင်းနှင့် အမှန်တကယ် လက်တွေ့ ထိရောက်မှုရှိခြင်းတို့ကြာင့် ဖြစ်ပါတယ်။

စောနွဲ့ နေဆိုင် (ပူတာအို) ကိုးကား ။ ။

Thursday, 4 February 2016

လေးဖက်နာ၊ အဆစ်မြစ်နာ၊ အကြောတက်၊ ခြေလက်ကိုက်ခဲ၊ ဇက်ကျောတက်ရောဂါများအတွက်

လက်တွေ့ ပျောက်ကင်းစေမည့် သဘာဝဆေးနည်းလေးကို မျှဝေပေးလိုက်ပါတယ်။

၁။ တောရှောက်သီး ခေါ် ရှောက်ခါးသီး (၄) လုံးခန့်ကို ဆားဖြင့်နယ်၍ ၃ မိနစ်ခန့်ထားပြီးလျှင် ရေဆေးလိုက်ပါ။

၂။ အခွံနဲ့အတူ အကွင်းလိုက် ပါးပါးလှီးပါ။

၃။ နနွင်း (၁၀)သားခန့် ထည့်ပါ။

၎။ ၄င်း(၂)မျိုးကို အတူရောပြီး တောအရက်ဦးရည်နှင့်အတူ ပုလင်းထဲထည့်ကာ အခိုးလုံနေအောင် အဖုံးကို သေချာစွာ ပိတ်ထားပါ။ (ပုလင်းကို ငှက်ပျောဖူး ကဲ့သို့သောပုလင်းဆိုလျှင် ပိုကောင်းပါသည်)

၅။ စိမ်ထားသော ဆေးကို (၅)ရက်ခန့် ထားပြီးလျှင် ၄င်းအရည်ဖြင့် အဆစ်မြစ်နာ၊ အကိုက်အခဲဖြစ်သည့်နေရာများကို စပြီးလိမ်းပေးနိုင်ပါပြီ။

တစ်လခန့်အထိ စိမ်ထားပြီး လိမ်းနိုင်ပါသည်။ ရောဂါဝေဒနာများ သက်သာပျောက်ကင်းနိုင်ကြပါစေ။

ဦးစောနွဲ့ နေဆိုင် (ပူတာအို)

Tuesday, 2 February 2016

အာဘွားဘက်တီးရီးယား

နှုတ်ခမ်းချင်း နမ်းသည့်အခါ တစ်ယောက်နဲ့ တစ်ယောက် ဘက်တီးရီးယားမည်မျှ ကူးစက်နိုင်သနည်း။ နယ်သာလန်မှ သုတေသီများသည် ချစ်သူစုံတွဲ (၂၁) တွဲကို အကူအညီ တောင်းကာ စမ်းသပ် ကြည့်ခဲ့သည်။ စုံတွဲများအနက် တစ်ယောက်ကို အန္တရာယ် မဖြစ်စေသော ဘက်တီးရီးယားများ ထည့်သွင်းထားသော ဒိန်ချဉ်တိုက်သည်။ ထိုဒိန်ချဉ်သောက်ပြီးနောက် မိမိ၏ ချစ်သူနဲ့ (၁၀) စက္ကန့် ကြာအောင် နှုတ်ခမ်းချင်း နမ်းစေသည်။ ထိုအခါ ဒိန်ချဉ် သောက်ထားသူထံမှ ဘက်တီးရီးယား သန်း (၈၀) ၀န်းကျင် ချစ်သူ၏ ပါးစပ်ထဲသို့ ရောက်သွားကြောင်း တွေ့ရှိခဲ့သည်။ သိပ်များသည်ဟု ထင်ပါသလား။ ထိုနှုန်းသည် ပုံမှန်နှုန်းလောက်သာ ရှိသောကြောင့် ကြောက်လန့် နေရန်မလို။ ကျွမ်းကျင်သူများ၏ အဆိုအရ လူသည် အခြားသူများ၏ ဘက်တီးရီးယားများနှင့် အတိုင်းအတာ တစ်ခုအထိ ပုံမှန်လိုလို ထိတွေ့နေပါမှ ကိုယ်ခံအားစနစ်သည် ဘက်တီးရီးယားများနဲ့ ယဉ်ပါးကာ ဘက်တီးရီးယားဒဏ် ခံနိုင်သွားကြောင်း သိရသည်။ လူတွေနဲ့ ကင်းကွာကာ သီးသန့် အနေများ သူတို့သည် လူကြားထဲ ရောမိလျှင် မကျန်းမမာ ဖြစ်တတ်သည်မှာ ၎င်း၏ ကိုယ်ခံအား စနစ်သည် အခြား ဘက်တီးရီးယားများနှင့် စိမ်းသဖြင့် ထိုဘက်တီးရီးယားများကို မည်သို့ ခုခံရမှန်းမသိ ဖြစ်ကာ ကျန်းမာရေး ထိခိုက်ရခြင်း ဖြစ်သည်။

The Messenger

Monday, 1 February 2016

ရက်ရှောင်၍အတူနေနည်း

အမြဲလည်း ရာဘာမသုံးချင် ၊ မည်သည့်ဆေးများ ၊ ပစ္စည်းများလည်း အသုံးမပြုလိုခြင်း ၊ သူများသိမှာ (အထူးသဖြင့် ဆရာဝန်နှင့် တိုင်ပင်ရမှာ) ရှက်ရွံ့တတ်သော သူများအတွက် အောက်ပါနည်းကို မိတ်ဆက်ပေးလိုက်သည်။စိတ်ချရသောရက်များနှင့် ရာသီခွင်တွက်ချက်နည်းအမျိုးသား၏သုတ်သည် အမျိုးသမီး၏ မမျိုးဥနှင့် တွေ့ပါမှ သန္ဓေအောင်ခြင်း (ကလေးရခြင်း)ဖြစ်နိုင်ရာ မမျိုးဥ ကြွေနိုင်သည့် အချိန်များကို တွက်ချက်နိုင်သည်။ရာသီသွေး မှန်မှန်ပေါ်သော အမျိုးသမီးများတွင် မမျိုးဥကြွေခြင်းသည် ရာသီစလာပြီးနောက် ၁၅ရက်နှင့် ၁၉ရက်အကြားတွင် ဖြစ်ပွားသည်ဟု မှတ်ယူနိုင်သည်။ထိုရက်များအတွင်း အမျိုးသားနှင့်အတူနေပြီး အိမ်ထောင်မှုပြုပါက ကလေးရနိုင်သည်။ ထိုရက်များကို ရှောင်ကြဉ်ပါလျက် ကလေးရသူများလည်း ရှိသည်။ ထိုသူများမှာ ထိုရက်များမတိုင်မီ သုံးရက်လောက်က အမျိုးသားနှင့် အတူနေခဲ့ကြသူများဖြစ်သည်။ အမျိုးသား၏သုတ်သည် သုံးရက်ကြာ အသက်ရှင်နေနိုင်သောကြောင့် မမျိုးဥ မကြွေသေးသည့်အချိန်ဟု စိတ်ချပြီးအတူနေခဲ့ပါက အမျိုးသား၏သုတ်သည် သားအိမ်တွင်း ကပ်ငြိအသက်ရှင်နေပြီး နောင်သုံးရက်အတွင်း မမျိုးဥကြွေသည့်အချိန်တွင် သန္ဓေအောင်သွားတတ်သည်။အောက်ပါဇယားကို ကြည့်ပြီး မိမိ၏ရာသီခွင်ကို တွက်ချက်နိုင်သည်။pic12ရာသီပေါ်ပြီး(၈)ရက်ဖြစ်သည့် ဇယားတွင် နံပါတ် ၄ မှ ၁၁ သည် လင်မယားအတူနေရန် စိတ်ချရသော ရက်များဖြစ်၍ ဘာမှကာကွယ်စရာမလိုဘဲ သမရိုးကျ အိမ်ထောင်မှု ပြုနိုင်သည်။ စိတ်ပူတတ်သူများအဖို့ ထို(၈)ရက်မှ ပထမ(၇)ရက်အတွင်း အမျိုးသားနှင့် မည်သည့်အကာအကွယ်ပစ္စည်းမှ အသုံးမပြုဘဲ အတူနေနိုင်ကြသည်။နံပါတ် ၁၂ မှ ၁၄ နေ့ရက်များတွင် အမျိုးသားနှင့် အကာအကွယ်မယူဘဲ အတူနေပါက အမျိုးသားကလွှတ်လိုက်သော သုတ်များမှ သုတ်အချို့ မသေဘဲ မိန်းမကိုယ်အတွင်း ကျန်ရစ်နေနိုင်သည်။ ထိုသုတ်များသည် မမျိုးဥကြွေနိုင်သော ရက်များဖြင့် နီးနေသောကြောင့် သန္ဓေအောင်နိုင်သည်။ တနည်း ကလေး ရရှိနိုင်သည်။ထို့ကြောင့် နံပါတ် ၁၂ မှ ၂၀ အထိသော နေ့ရက်များတွင် အမျိုးသားနှင့် အတူအိမ်ထောင်မှု ပြုလိုပါက ရာဘာ(Condom)ကို အကာအကွယ်ယူ၍ အတူနေကြရမည်ဖြစ်သည်။ထိုရက်များကို ကျော်လွန်ပါက နံပါတ် ၂၁ မှ ၃၀ရက်များသည် အကာအကွယ်မသုံးဘဲ အတူနေဖို့ စိတ်ချရသော ရက်များဖြစ်သည်။ စိတ်ပူတတ်သူများအဖို့ ထို(၁၀)ရက်မှ ပထမတစ်ရက်ဖြစ်သည့် နံပါတ်(၂၁)ရက်နေ့နှင့် နောက်ဆုံးတစ်ရက်ဖြစ်သည့် နံပါတ်(၃၀)ကို နှုတ်ပြီး ကျန်(၈)ရက်၌ အမျိုးသားနှင့် မည်သည့်အကာအကွယ်မှ မသုံးဘဲ အတူနေထိုင်နိုင်သည်။ရာသီပေါ်ပြီး(၈)ရက်ဖြစ်သည့် ဇယားတွင် နံပါတ် ၄ မှ ၁၁ သည် လင်မယားအတူနေရန် စိတ်ချရသော ရက်များဖြစ်၍ ဘာမှကာကွယ်စရာမလိုဘဲ သမရိုးကျ အိမ်ထောင်မှု ပြုနိုင်သည်။ စိတ်ပူတတ်သူများအဖို့ ထို(၈)ရက်မှ ပထမ(၇)ရက်အတွင်း အမျိုးသားနှင့် မည်သည့်အကာအကွယ်ပစ္စည်းမှ အသုံးမပြုဘဲ အတူနေနိုင်ကြသည်။နံပါတ် ၁၂ မှ ၁၄ နေ့ရက်များတွင် အမျိုးသားနှင့် အကာအကွယ်မယူဘဲ အတူနေပါက အမျိုးသားကလွှတ်လိုက်သော သုတ်များမှ သုတ်အချို့ မသေဘဲ မိန်းမကိုယ်အတွင်း ကျန်ရစ်နေနိုင်သည်။ ထိုသုတ်များသည် မမျိုးဥကြွေနိုင်သော ရက်များဖြင့် နီးနေသောကြောင့် သန္ဓေအောင်နိုင်သည်။ တနည်း ကလေး ရရှိနိုင်သည်။ ထို့ကြောင့် နံပါတ် ၁၂ မှ ၂၀ အထိသော နေ့ရက်များတွင် အမျိုးသားနှင့် အတူအိမ်ထောင်မှု ပြုလိုပါက ရာဘာ(Condom)ကို အကာအကွယ်ယူ၍ အတူနေကြရမည်ဖြစ်သည်။ထိုရက်များကို ကျော်လွန်ပါက နံပါတ် ၂၁ မှ ၃၀ရက်များသည် အကာအကွယ်မသုံးဘဲ အတူနေဖို့ စိတ်ချရသော ရက်များဖြစ်သည်။ စိတ်ပူတတ်သူများအဖို့ ထို(၁၀)ရက်မှ ပထမတစ်ရက်ဖြစ်သည့် နံပါတ်(၂၁)ရက်နေ့နှင့် နောက်ဆုံးတစ်ရက်ဖြစ်သည့် နံပါတ်(၃၀)ကို နှုတ်ပြီး ကျန်(၈)ရက်၌ အမျိုးသားနှင့် မည်သည့်အကာအကွယ်မှ မသုံးဘဲ အတူနေထိုင်နိုင်သည်။ Credit: Original Writer

အလောင်းတော်ကသပ သမိုင်းကြောင်း

.ဗုဒ္ဓ၀င် ရာဇ၀င်နှင့် သမိုင်းဝင်အထောက်ထားများ အခိုင်အမာရှိပြီးမြန်မာပြည်တွင်ထင်ရှားကျော်ကြားလှသည့် အလောင်းတော်ကဿပ ကိန်းဝပ်စံပယ်တော်မူရာနေရာဌာနမှာမြန်မာနိုင်ငံအထက်ပိုင်းမုံရွာမြို့အနောက်ဖက် စစ်ကိုင်းတိုင်းအောက်ပိုင်း မုံရွာနှင့် ယင်းမာပင်ခရိုင် ကနီမြို့နယ် အတွင်းတည်ရှိနေတာဖြစ်ပါတယ် ပုံတောင်ပုံညာ၊ မဟူတောင်တန်းမှသည်ဝေဘူလ ဝေဘာရ သုနန္ဒရ တောင်သုံးလုံးတို့၏အကြား ပုထိုးလုံးချောင်း၏လက်တက်ဖြစ်တော့ အထက်ချောင်းဖျားတနေရာစမ်းချောင်းလေးဘေးလှိုင် မှာကိန်းဝပ်စံပယ်နေတော်မူလျက်ရှိနေတာဖြစ်ပါတယ်။အလောင်းတော်ကဿပ ဆိုသည်မှာဗုဒ္ဓဘုရားရှင်၏မဟာသာဝကရဟန္တာမထေရ်မြတ်ကြီး၏ဘွဲ့တော်ဖြစ်ပါသည်။နှစ်စဉ်လဲဘုရားပွဲတေါ်ကာလတွင် ပြည်တွင်းပြည်ပခရီးသွားအများအပြားလာရောက်ဖူးမျှော်လေ့လာကြည့်ရှုသူများနဲ့အထူးစည်ကားလှပါတယ်။ခရီးလမ်းပမ်းကတော့ မုံရွာမြို့မှတဆင့် လမ်း ၃လမ်း ၃သွယ်ပေါက်ပါတယ်မုံရွာမှချင်းတွင်းတံတားကြီးကိုဖြတ်၍ သပိတ်ဆေးစခန်းထိ ၃၅မိုင်ခရီးနှင့် နောက်တစ်လမ်းမှာ မုံရွာ- ယာကြီး- ကလေးဝ မှ သစ်ရာပင်၊ ကပိုင် တို့ကိုဖြတ်ကာ သပိတ်ဆေးစခန်းသို့ မိုင် ၄၀ ရှိပြီးမုံရွာတဖက်ကမ်း ညောင်ပင်ကြီးသိမ်မှ ဖိုလ်ဝင်တောင်မှသည်သပိတ်ဆေးစခန်းထိ ၄၅မိုင်ခရီးတို့ဖြစ်ပါတယ်။--------------------------------------------------* အလောင်းတော်ကဿပ တည်ရှိရာနှင့် ထူးခြားမှုများ *မုံရွာခရိုင်၊ ကနီမြို့နယ်အတွင်း တည်ရှိသော အလောင်းတော်ကဿပ ဒေသသည် မုံရွာမြို့ တစ်ဘက်ကမ်း ညောင်ပင်ကြီးဆိပ်မှ မိုင် (၆ဝ) ကျော် ကွာဝေးပါသည်။ ယခုနှစ် တပို့တွဲ လပြည့်နေ့က အလောင်း တော်ကဿပ ပရိနိဗ္ဗာန်ပြုရာ စံကျောင်းတော် ကျောက်သားတံခါး ပွင့် ဟမှုဖြစ်စဉ်ကို ရန်ကုန်မြို့မှဘုရားဖူးလာရောက်သူ အမျိုးသမီးတစ်ဦး မှ မှတ်တမ်းတင်ဗီဒီယို ရိုက်ကူးနိုင်ခဲ့သည်ဟု ဆိုပါသည်။ ဒေသခံများ ၏ ကိုယ်တွေ့၊ ပြောပြချက်အရမူ အလောင်းတော်ကဿပတွင် နှစ်စဉ် တပို့တွဲလပြည့်နှင့် တပေါင်းလပြည့်နေ့များတွင် ထူးခြားမှုဖြစ်ပေါ်လေ့ ရှိကြောင်း သိရပါသည်။ ရှေးယခင်က အလောင်းတော် ကဿပသို့ ဘုရားဖူးသွားလိုလျှင် ခြေလျင်ခရီးသာရှိပြီး ယခုအခါ ပွင့်လင်းရာသီ တန်ဆောင်မုန်းလ မှ စတင်၍ တန်ခူးလသင်္ကြန် မတိုင်မီအထိ မော်တော်ယာဉ်များဖြင့် စိတ်ချမ်းမြေ့စွာ သွားလာနိုင်ပါပြီ။မြေခင်းဧရိယာ ကျယ်ဝန်းသော ချောင်းမကြီးစခန်းတွင် ယာဉ်ရပ်နား၍ တစ်မိုင်ခရီးကို ခြေလျင် လျှောက်ရုံသာပင်။ အလောင်းတော်ကဿပ တွင် တည်းခိုစခန်းများ၊ စားသောက်ဆိုင်တန်းများ သီးခြားတည်ရှိပြီး အရှေ့ဘက်ယွန်းယွန်း မနီးမဝေးတွင် ကြေးပြာသာဒ်စံကျောင်းတော် ဖြင့် အလောင်းတော်ကဿပ ကိုယ်စားတော်အား ဖူးမြင်နိုင်သည်။ ကိုယ်စားတော်၏ ဦးခေါင်းတော် အောက်တည့်တည့် လိုဏ်ဂူအတွင်း မှာ အလောင်းတော်၏ ခြေတော်အစုံတည်ရှိသည်။ ဥာဏ်တော် (၁ဝ) တောင်ရှိပြီး အနောက်မြောက်ဆီသို့ ဦးခေါင်းထား၍ ပရိနိဗ္ဗာန်ပြုနေ ဟန် ရဟန္တာ ပုံသဏ္ဌာန်ဖြစ်ပါသည်။ မူလဒါယကာမှာ အဇာတသတ်မင်း ဟုဆိုကြသည်။စံကျောင်းတော်မြောက်ဘက် အုတ်လှေကားငယ်အတိုင်း ဆင်းသွားပါက တောင်ခြေလျှိုထဲသို့ ရောက်ပါမည်။ ဝေဘူလ၊ ဝေဘာရ၊ သုနန္ဒရ တောင်သုံးလုံး ဆုံရာအရပ်ဖြစ်ပြီး ဝေဘာရတောင်အလယ်တွင် စံကျောင်းတော် တည်ရှိသည်။ သမိုင်းဟောင်းပေစာများ အဆိုအရ အလောင်းတော်ကဿပမထေရ်သည် ကောဇာသက္ကရာဇ် ၁၅၄ ခု၊ တပို့တွဲလပြည့်၊ အင်္ဂါနေ့၊ သက်တော် ၁၂ဝ၊ ဝါတော် သိက္ခာ ၅ဝ ပြည့်တွင် ပရိနိဗ္ဗာန်ဝင်စံတော်မူခဲ့သည်။ဝေဘာရတောင် အလယ်ဗဟိုအတွင်းတွင် အလျား၊ အနံ၊ အမြင့် ၃၅ တောင်စီ စတုရန်းညီမျှသော ဂန္ဓကုဋီတိုက်တော်ရှိသည်။ တိုက်တော်အတွင်း ကြေးပြာသာဒ်ကြီးဖြင့် မြသလွန်ညောင်စောင်းပေါ်တွင် ရှင်မဟာကဿပသည် မြောက်သို့ ဦးခေါင်းပြုကာ လက်ယာနံတော်စောင်း၍ ပရိနိဗ္ဗာန်ပြုတော်မူပါသည်။ စံကျောင်းတော်တွင် အတောင် ၅ဝ စီခြား၍ ရွှေတံခါး၊ ငွေတံခါး၊ ကျောက်တံခါး ၃ တန် ဖြင့် ကာရံထားသည်။ အချို့ သမိုင်းတွင် အလောင်းတော်ဘေး၌ ထွန်းညှိထားသော ရွှေ၊ ငွေ၊ မြ၊ ပတ္တမြား ဖယောင်းတိုင် (၄) တိုင်အား ကုသိုလ်ရှင် အဇာတသတ်မင်းကြီးက အဓိဋ္ဌာန်ပြုခဲ့သဖြင့် အရိမေတ္တယျဘုရား ပွင့်တော်မူရာကာလ အလောင်းတော်ကဿပ တေဇောဓာတ်ကျွမ်းလောင်ပြီးမှ ငြိမ်းမည်ဟု ဆိုပါသည်။တောင်သုံးလုံးဆုံရာ အောက်ခြေရှိ လိုဏ်အတွင်းမှ ကျောက်တံခါးကို စံကျောင်းတော်တံခါးဟု ဘုရားဖူးများက ယုံကြည်ကြပြီး အထက်ဘက်ရှိ ကိုယ်စားတော်အား လှူဖွယ်အမျိုးမျိုး ကပ်လှူကြ၍ ကျောက်တံခါးတွင်မူ အလောင်းတော်အား ရည်မှန်း၍ ရွှေသင်္ကန်းကပ်လှူခြင်း၊ ကျောက်တံခါးပွင့်ဟနေသောကြားမှ ဝတ္ထုနှင့် လက်ဝတ်ရတနာများ လှူဒါန်းကြလေ့ရှိသည်။ထူးခြားမှုများလွန်ခဲ့သော နှစ် ၆ဝ ခန့်က ဆိုလျှင် ကျောက်တံခါးဝလိုဏ်ဂူအတွင်း၌ စံကျောင်းတော်ထဲသို့ စီးဝင်သော ချောင်းငယ်လေးရှိသည်။ ဆွမ်းတော်ပွဲကို ဖောင်ငယ်ပေါ်တင်၍ အဓိဋ္ဌာန်ပြုလှူဒါန်းပါက အောက်ဥမင်ဝတွင် လှူဖွယ်များ ပါမလာတော့ဟု သိရသည်။ ယခု အခါတွင်မူ ထိုချောင်းငယ်မှာ သဲများဖြင့် ပိတ်ဆို့သွား၍ ကွန်ကရစ်လျှောက်လမ်း ခင်းပေးထားပါသည်။ ထို့အတူ ကျောက်တံခါးရှေ့ သဲသောင်တွင် အဓိဋ္ဌာန်၍ ရွှေ၊ ငွေ မြှုပ်နှံပြီး မည်၍မည်မျှကိုဖြင့် အဆောင်အဖြစ် ပြန်စွန့်တော်မူပါဟု ဆုတောင်းလျှင် ပြန်၍ တူးဖော်သောအခါ ထိုပမာဏအတိုင်း ရရှိခဲ့သည်။ ယခုခေတ်တွင်လည်း ကျောက်တံခါးကြားတွင် ဝတ္ထုငွေကပ်လှူပြီး ဆောင်ထား လိုသောဆန္ဒဖြင့် ရှိခိုးဝတ်ပြုပြီးပါက ဆောင်ရမည့်ဝတ္ထုသာ ကျန်သောဖြစ်စဉ်များကို ကိုယ်တွေ့ကြုံသူများ အများအပြားရှိသည်။ခြေတော်ရာရှင်မဟာကဿပ မထေရ်ကြီးသည် မဏိပူရမှ တောင်သုံးလုံးဆုံရာအရပ်သို့ ကြွတော်မူရာတွင် မင်းကင်းမြို့နယ်၊ နှင်းကြီးရွာမှ (၄) မိုင်ခန့်အကွာ အညာလယ်ရွာတွင် ခြေတော်ရာတစ်ဆူ ချတော်မူခဲ့သည်။ ယခုအခါ ဘုန်းတော်ကြီးကျောင်းဝန်းအတွင်း တည်ရှိပြီး ခြေတော်ရာပေါ်မှ မြေပေါက်လိုဏ်စေတီ တည်ထားသည်။သပိတ်ဆေးချောင်းပုထိုးလုံးချောင်းအနီးရှိ ချောင်းငယ်တစ်ခုမှာ ရှင်မဟာကဿပမထေရ် ဆွမ်းဘုဉ်းပေးတော်မူပြီး သပိတ်တော် ဆေးခဲ့လို့ “သပိတ် ဆေးချောင်း” ဟု ခေါ်သည်။ ချောင်းအတွင်း၌ ဆွမ်းလုံးသဏ္ဌာန်ကျောက်ခဲများ ယနေ့တိုင် တွေ့မြင်နိုင်သည်။သင်္ကန်းလှန်းကျောက်ဖြာဘုရားဝစခန်းအောက် (လေးမိုင်) အကွာရှိကျောက်ဖြာအနီးမှာ မထေရ်ကြီး အနားယူတော်မူပြီး ဘုရားရှင်နှင့် သင်္ကန်းချင်းလဲလှယ် ထားသော ပံ့သကူဒုကုဋ်နှစ်ထပ် သင်္ကန်းကြီးကို ကျောက်ဖြာပေါ်တွင် ဖြန့်လှန်းခဲ့သည်။ ကျောက်ဖြာပေါ်မှာ ဒုကုဋ်သင်္ကန်းအကွက် များနှင့် သင်္ကန်းအနားပတ်နေရာ အကွက်များ ယနေ့တိုင်ထင်ကျန်နေပါသည်။ကျီးဖိုနှင့်ကျီးမအလောင်းတော်ကဿပ မရောက်မီ ချောင်းမကြီးစခန်းရှိ သစ်ပင်ကြီးများပေါ်မှ ကျီးဖို၊ ကျီးမ နှစ်ကောင်တို့သည် ဆီးကြို နှုတ်ဆက်ဟန်ပြုကြပြီး ဘုရားဖူးလာသူတို့ရှေ့ မှလမ်းပြပျံသန်းသည်ကို အခေါက် တိုင်းကြုံဖူးသူများရှိပါသည်။ကျောက်တံခါးဖွင့်၍ ဖူးခွင့်ရခဲ့သူများကနီမြို့နယ်၊ ယာကြီးအုပ်စု၊ ရွာမကျေးရွာမှ မောင်ထွန်းကြိုင်၊ မောင်ကျော်၊ ဒေါ်မိဒေါင်း၊ ဒေါ်ကြွားတင် စသူတို့ပါဝင်သော (၁ဝ)ဦး အဖွဲ့သည် လွန်ခဲ့သောနှစ် ၃၀ (၁၃၄ဝ ခု၊ တပေါင်းလပြည့်ကျော် ၂ ရက်၊ နံနက် ၈ နာရီ) က အလောင်းတော်ကဿပအောက် လိုဏ်ဂူကျောက်တံခါးဝတွင် ဖူးမြော်နေကြသည်။ ထိုသူတို့ရှေ့၌ အလွန်ကြည်လင်တောက်ပသော အလင်းရောင်အလုံးတစ်လုံး ပေါ်လာကာ တဖြည်းဖြည်းငယ်ရာမှကြီးလာပြီး လိုဏ်ဂူကြီးတစ်ခုလုံး လင်းထိန်သွားသည်။ ရှေးဦးစွာ အလောင်းတော်၏ခေါင်းရင်း ဘက်မှ ရွှေစေတီတစ်ဆူပေါ်လာပြီး မကြာမီ အလောင်းတော်အစစ်အား ကျောဘက်မှ ဖူးမြင်ခွင့်ရခဲ့ကြသည်။တောပွဲ၊ မြို့ပွဲအလောင်းတော်ကဿပမှာ အစည်ကားဆုံးပွဲတွေက တပို့တွဲလပြည့် ထမနဲစတုဒီသာပွဲနှင့် တပေါင်းလပြည့် ဆွမ်းဆန်စိမ်း လောင်း လှူပွဲတို့ဖြစ်သည်။ ထမနဲပွဲတွင် မြန်မာနိုင်ငံအရပ်ရပ်မှ ကားကြီးကားငယ် အသွယ်သွယ်ဖြင့် လာရောက်ကြသော မြို့ပွဲဖြစ်သည်။ တပေါင်းလပြည့်တွင်မူ မင်းကင်း၊ ကနီ၊ ယောဒေသများမှ ခြေလျင် ဘုရားဖူးလာကြသူများ၏ ပွဲဖြစ်သည်။ သံဃာတော်များအား ဘုရားဖူးများက အောက်လိုဏ်ဂူမှ အထက်လိုဏ်ဂူအထိ တန်းစီ၍ ရေသိမ်အပြီးတွင် လှူဖွယ်များ လောင်းလှူလေ့ရှိသည်။ မွန်းလွဲ (၁) နာရီကျော်ခန့်တွင် အောက်လိုဏ်ဂူ အဝင်ဝဘယ်ဘက်ဘေးရှိ ဂူအတွင်းတွင် အလင်းရောင်အလုံးအရွယ်စုံ ကူးယှက်လှုပ်ရှား သည်ကို ယနေ့တိုင်နှစ်စဉ် တပေါင်းလပြည့် မွန်းလွဲ ၁ နာရီမှ ၂ နာရီအတွင်းတွင် မိနစ်ပိုင်းခန့်မြင် တွေ့ရမြဲဖြစ်သည်။သဒ္ဓါတရား ထက်သန်သူတို့၏ ယုံကြည်မှုကြီးမားချက်အရ အလောင်းတော်ကဿပ ဘုရားဖူးရာတွင် ထူးခြားစွာ ဖြစ်ပေါ်မှုများကို နှစ်စဉ် တပို့တွဲလပြည့်နှင့် တပေါင်းလပြည့်နေ့များ၌ ဖူးမြင်နေရဆဲဖြစ်ပါသည်။-----------------------------------------------* အလောင်းတော်ကဿပ ထေရုပတ္တိ ** ဗျာဒိတ်တော်ခံယူခန်းလွန်ခဲ့သောကမ္ဘာတစ်သိန်းအထက်က ပဒုမုတ္တရဘုရားရှင် ခေမာမိဂဒါဥယျာဉ်၌ သီတင်းသုံးနေစဉ် ဝေဒေဟသူဌေးကြီးနှင့် ဇနီးတို့ ခဲဖွယ်ဘောဇဉ်များကို လှူဒါန်းကာ ဥပုသ်သီလဆောက်တည်၍ ဘုရားရှင်နှင့်တကွ သံဃာတော်ခြောက်သောင်းတို့အား ဆွမ်းဘုန်းပေးကြွရောက်ရန် အိမ်သို့ပင့်ဖိတ်ပြီး ပြန်ခဲ့လေသည်။ ထိုကဲ့သို့ ခုနှစ်ရက်တိုင်အောင်ဆက်ကပ်လှူဒါန်းပြီး ပဒုမုတ္တရဘုရားရှင်၏ ခြေတော်အစုံကို ဦးတိုက်၍ မိမိအလိုရှိသော ဆု .. ဤသို့ ခုနှစ်ရက်ပတ်လုံးပြုလုပ်ခဲ့သော ကုသိုလ်စေတနာကြောင့် အရှင်နိသဘမထေရ်ကဲ့သို့ ဓုတဓရ ဧတဒဂ္ဂ တတိယသာဝကဘွဲ့ထူး များကို ချီးကျူးမြှောက်စား တော်မူပါဘုရား ဟု လျှောက်ထားတောင်းပန်လိုက်သည်။ ထိုအခါ ပဒုမုတ္တရဘုရားရှင်သည် ဝေဒေဟသူဌေးကြီး၏ သဒ္ဓါတရားကို စောင့်ရှောက်သောအားဖြင့်.... ဝေဒေဟသူဌေးကြီး.... ဤကမ္ဘာမှနောက်ကမ္ဘာတစ်သိန်းမြောက် ဘဒကမ္ဘာ၌ ဂေါတမဘုရား ပွင့်တော်မူလတ္တံ့၊ ထိုအခါ သင်သည် ဂေါတမ ဘုရား၏ သာသနာတော်၌ မဟာကဿပမည်တော်ရ၍ ဓုတဓရ ဧတဒဂ်ရ တတိယသာဝကကြီး ဖြစ်လိမ့်မည် ဟု ဗျာဒိတ်စကား မိန့်ကြားလိုက်သည်။ထိုသို့ဗျာဒိတ်တော်ရအပြီး နေ့စဉ်နှင့်အမျှ ဒါန၊ သီလ၊ ဘာဝနာ၊ မေတ်္တာတရားများပွားများ၍ အသက်အတိုင်းနေပြီး စုတေသောအခါ နတ်ပြည်၊ လူ့ပြည် လှည့်လည်ကာ ဖြစ်ကြလေသည်။(၁) ကိုးဆယ့်တစ်ကမ်္ဘာလွန် ၀ိပဿီဘုရားလက်ထက်၌ ဧကသာဋကပုဏ္ဏား အဖြစ်(၂) ကောဏဂုံဘုရားနှင့်ကဿပဘုရားနှစ်ဆူကြားတွင်သူဌေးကြီးအဖြစ်(၃) ကဿပဘုရားလက်ထက်တွင် ကုဋေ(၈၀)ကြွယ်ဝသော သူဌေးကြီးအဖြစ်(၄) ဗာရာဏသီပြည်၌ နန်္ဒိယမင်းကြီး အဖြစ်(၅) ဂေါတမဘုရားထင်ရှားဖြစ်လာသောအခါ မာဂတိုင်း၌ ကဿပနွယ်ဖြစ်သော မင်းပုဏ္ဏား၏သားငယ် ပိပ္ပလိ အဖြစ် ဖွားမြင်ခဲ့သည်။ အရွယ်ရောက်သောအခါ မန္ဒရာဇ်တိုင်း သာဂလမြို့မှ ဘဒ္ဒကာပိလာနီ နှင့် မိဘတို့၏သဘောအတိုင်း အိမ်ရာထူထောင်ခဲ့သည်။* တောထွက်ခန်းမိဘနှစ်ပါးဆုံးပါးသွားပြီးနောက် တနေ့သ၌ ဇနီးမောင်နှံနှစ်ဦးစလုံးသည် ရဟန်းပြုအံ့၊ ရဟန်းမ ပြုအံ့ ဟု အကြံရလျှက် ရှိသမျှ စည်းစိမ်ဥစ်္စာအားလုံး ကိုစွန့်လွတ်၍ တစ်ဦးကိုတစ်ဦးဆံချပေးပြီး ဖန်ရည်စွန်းသောသင်္ကန်းကိုဝတ်ရုံ၍ တောထွက်ကြလေသည်။ ထိုသို့ တောထွက်လာကြပြီးနောက် တောမြိုင်တခု၌ လမ်းဆုံတခုတွေ့ရာ ပိပ္ပလိက လက်ယာဘက်လမ်း မယ်ဘဒ္ဒါက လက်ဝဲလမ်းကိုလိုက်၍ ခွဲခွာလိုက်ကြသည် ထိုခွဲခွာပြီးသည်နှင့် တပြိုင်နက် မြေပြင်သည်ပဲ့တင်တုန်ဟီး၍ ကောင်းချီးပေးခဲ့သည်။ * ဂေါတမမြတ်စွာဘုရားနှင့် တွေ့ခန်းဘုရားရှင်သည် ရာဇဂြိုလ်ပြည် ဝေဠုဝန်ကျောင်း၌ သီတင်းသုံး တော်မူနေစဉ် ပါရမီရှင်နှစ်ဦး လမ်းခွဲသဖြင့် ပဲ့တင် တော်လဲမြေပြင်တုန်ဟီး၍ ကောင်းချီးပေးသံကို ကြားရပြီး ဆင်ခြင်တော်မူရာ ပိပ္ပလိ၏ပါရမီအဟုန်ကို သိမြင်တော်မူ လေသည်။ပိပ္ပလိလုလင် ရဟန်းပြုလာခြင်းသည်ငါဘုရား၏ သာသနာအတွက် အားကိုးထိုက်သူ၊ ငါဘုရားနှင့်အတူ ထား၍ ချီးမြှောက်ထိုက်သူဖြစ်လတ္တံ့ ဟု သိတော်မူ၍ ရာဇဂြိုလ်ပြည်နှင့် နာလန္ဒမြို့ ကြား ဗဟုပုတ္တကညောင်ပင်ရင်း၌ ရောင်ခြည်တော် ခြောက်သွယ်ကို ကွန့်မြူးလျက် စောင့်စား နေတော်မူသည်။ပိပ္ပလိလုလင်သည် ဘုရားရှင်ကို မြင်ရသောအခါဤအရှင်ကား သုံးလောက၌ အတု မရှိသော ဘုရားရှင်သာ ဖြစ်ရပေမည်၊ ဤဘုရားအား ရည်မှန်း၍ ငါရဟန်းပြု လာခဲ့ပေသည် ဟု ကြည်လင်သောစိတ်ဖြင့် လက်စုံမိုးလျက်. သတ္တာ မေ ဘန္တေ ဘဂ၀ါ သာဝကော ဟိမသ်္မိ .... ဘုန်းတော် ကြီးမြတ်သော မြတ်စွာဘုရား အရှင်ဘုရားသည် တပည့်တော်၏ဆရာဖြစ်ပါသည်ဘုရား...တပည့်တော်သာဝက ဖြစ်ပါသည်ဘုရား ”ဟု လျှောက်ထားသည်။ထိုအခါ ဘုရားရှင်က မိဘမျိုးရိုးတို့၏ဂုဏ်နှင့်ပြည့်စုံသော အမည်ကိုခေါ်လို သည်ဖြစ်၍ ...ချစ်သားကဿပ ငါဘုရားသာသနာတွင် နေလော့ . .. သင့်အား လောကုတ္တရာအမွေကို ငါပေးဝေအံ့ ဟု မိန့်တော်မူလျက်..... ချစ်သားကဿပ သင်သည် မြတ်သောအမျိုးဇာတ်ကြောင့် မာန် မာနကြီးခဲ့သူဖြစ်၏၊ ထို့ကြောင့် အရွယ်ကြီး၊ ငယ်၊ လတ် ဖြစ်သော သီတင်း သုံးဖော်တို့၌ ပြင်းပြသောရှက်ကြောက်ခြင်း ရှိစေရန် ကျင့်သုံးအပ်၏ .... ကဿပ သင်သည် အကြားအမြင် ဗဟုသုတ ပေါများလှသူဖြစ်၏၊ ထို့ကြောင့် သူတော်ကောင်း တရားကို ကြားနာရသောအခါ ကြားရ၊ နာရ သမျှကို တစ်လုံးမကျန် နားစိုက်၍ နှစ်နှစ်ခြိုက်ခြိုက် နာကြားနိုင်ရန် ကျင့်သုံးအပ်၏ ..... ကဿပ သင်သည်ရုပ်ရည်ရူပကာ လှပတင့်တယ်သူဖြစ်၍ မိမိကိုယ်ကို ပြန်သာယာတတ်၏၊ ထို့ကြောင့် သုခနှင့်တကွဖြစ်သော ကာယဂတာသတိကို မစွန့်မခွာနေနိုင်ရန် ကျင့်သုံးအပ်၏ ဟူသော သြ၀ါဒပါတိ မောက်ဂါထာ သုံးပုဒ်ကို ဟောတော်မူ၍ မြင့်မြတ်သောရဟန်း အဖြစ်သို့ ရောက်စေတော်မူ ခဲ့လေသည်။* မှတ်ချက် ။ ။ ရဟန်းပြုခြင်း ဥပသမ္ပဒ ရှစ်မျိုးတွင် ဤသာသနာတော်၌ ရှင်မဟာကဿပတစ်ပါးသာ သြ၀ါဒပဋိဂ္ဂဟဏုပသမ္ပဒါ သြ၀ါဒခံယူရုံမျှဖြင့် ရဟန်းဖြစ်ခဲ့ရပါသည်။ * မြတ်စွာဘုရားရှင်နှင့် ဒုကုဋ်သင်္ကန်းကြီး လဲလှယ်ခန်းရှင်မဟာကဿပ ရဟန်းဖြစ်ပြီးနောက် ဘုရားရှင်နှင့်အတူ ဝေဠုန်ကျောင်းသို့ ပြန်ကြွတော်မူလာရာ လမ်းခရီး၌ ဘုရားရှင်နားလို သည်ကိုသိ၍ ပခုံးထက်တင်လာသော ကမ္ဒာလာဒုကုဋ်ကို လေးထပ်ခေါက်၍ ခင်းပေးတော်မူသည်။ မြတ်စွာဘုရားရှင်ကလည်းထိုင်ရင်း၊ သင်္ကန်းကြီးအား လက်ဖြင့် သုံးသပ်လျက် . . .. သင်၏ဒုကုဋ်သည် အလွန်နူးညံ့ပေစွ ဟု ချီးမွမ်းတော်မူသည်။ရှင်မဟာကဿပလည်း ဤဒုကုဋ်အား ငါလှူဒါန်းအံ့ဟု အကြံဖြစ်လျက် မြတ်စွာဘုရားရှင်အား လှူတော်မူသည်။ မြတ်စွာဘုရားကလည်း ပခုံးတော်ထက်မှ ပံသုကူဒုကုဋ် သင်္ကန်းကြီးကို ရှင်မဟာကဿပအား . . .. အနာဂတ်သာသနာတော်တွင် ငါဘုရားကဲ့သို့ ရဟန်းများကို ဆုံးမရန် ကိုယ်စားတော်အရာ ထားသောအားဖြင့် . . . ” ပေးသနား တော်မူသည်။ ဤသို့ ချီးမြှင့် ခံရသူမှာ ဤသာသနာ၌ ရှင်မဟာကဿပ တစ်ပါးသာ ရှိခဲ့ဘူးသည်။မှတ်ချက်။ ။ မြတ်စွာဘုရား ချီးမြှင့်သော ဒုကုဋ်မှာ သာမညသင်္ကန်း မဟုတ်၊ ပုဏ္ဏ ကျွန်မအလောင်းကောင်မှ ပိုးလောက်တဖွားဖွားဖြင့် မြတ်ဘုရားကိုယ်တိုင် ပံ့သကူကောက်ခဲ့စဉ်က မြေကြီးတုန်ဟီး ကောင်းချီးပေးခဲ့ရသော ၀ိသေသ သင်္ကန်းဖြစ်သည်။ * ရှင်မဟာကဿပ ရဟန္တာ ဖြစ်ခန်းနှင့် ဧတဒဂ်ရခန်းထိုသို့ သင်္ကန်းချီးမြှင့်တော်မူပြီးသည့်နောက် ဝေဠုဝန်ကျောင်းတော်သို့ ရောက်သောအခါ ရှင်မဟာကဿပအား ဓူတင်တစ်ဆယ့်သုံးပါး အကျင့်တရားကို ဟောကြားတော်မူလေသည်။ ရှင်မဟာကဿပသည် ပုထုဇဉ်အဖြစ်ခုနှစ်ရက်နှင့် ရှစ်ရက်မြောက်သောနေ့ အာရုဏ်တက်လျှင် အရဟတ္တမဂ်ကို ပဋိသမ်္ဘိဒါလေးပါး၊ အဘိညာဉ်ခြောက်ပါးနှင့်တကွ ရဟန္တာအဖြစ်သို့ ရောက်သည်။ဘုရားရှင် ကိုယ်တော်မြတ်ကြီးကလည်း ချီးမြှောက်အပ်သော တပည့် ရဟန်းတို့အား ချီးမြှောက် ရာတွင် ရှင်မဟာကဿပ အလှည့်ကျသဖြင့်.... ဧတဒဂ္ဂံ ဘိက္ခဝေ မမသာဝကနံ ဓုတင်္ဂရာနံ ဘိက္ခူနံ ယဒိဒံ မဟာကဿပေါ ရဟန်းတို့ ငါဘုရား၏တပည့်ရဟန်းများထဲတွင် ဓူတင်ဆောင်ရာ၌ ဤမဟာကဿပသည် အမြတ်ဆုံး၊ အသာဆုံးပေတည်း ဟု ဓူတင်္ဂဧတင်္ဂကိုပေး၍ ဥရုဝေလကဿပ၊ နဒီကဿပ၊ ကုမာရကဿပ၊ ဂယာကဿပ လေးဦးတို့နှင့် ခြားနားစေရန် တတိယသာဝက မဟာကဿပ ဟူသော အမည်ကိုပေးလေသည်။မှတ်ချက် ။ ။ ဘန္ဒကာပိလာနီ ရဟန်းမမှာလည်း မိထွေးတော် ဂေါတမီတို့ ထံတွင် ဘိက္ခုနီလုပ်၍ အားထုတ်သဖြင့် ရဟန္တာထေရီမ ဖြစ်ကာ ဘုရားရှင်က ပုဗ္ဗေနိဝါသ အရာ၌ ဧတဒဂ်ထားတော်မူ လေသည်။* ဓုတင်ဆောင်ပုံအကျဉ်းအရှင်မဟာကဿပမထေရ်ကြီးသည် ဓူတင်(၁၃)ပါးစလုံးကို အမြဲဆောင်တော်မူ၍ တော၌သာတရားဖြင့်နေသည်။ တစ်ခါတရံ နိရောဓ သမာပတ်ဝင်စား၍ ဆင်းရဲသားများကို အထူး ကယ်တင်တော်မူလေ့ ရှိသည်။တစ်နေ့တွင် ရွာအတွင်းသို့ဆွမ်းခံကြွလာရာ နူနာသည်အား ချီးမြှောက် လို၍ ဆွမ်းကိုအလှူခံခဲ့ဖူးသည်။ ဆွမ်းလောင်းထည့်လိုက် သောအခါ ထိုနူနာသည် ၏ လက်ချောင်းများမှ သွေးပြည်ယိုစီး၍ ပုပ်ပွဆွေးမြည့်နေသဖြင့် သပိတ်ထဲမှာပင် လက်ချောင်း ပြတ်ကျန်ခဲ့သည်။အခြား သူလိုကိုယ်လိုလူများ အဖို့ကား အူထွက်မတတ်အောင်ပင် ပျို့အန် ပေလိမ့်မည်။ သို့သော် တဖက်သားအကျိုးရှိ ကောင်းစားမည်ဆိုလျှင် အံ့ဖွယ်ချီးမြှောက်တော်မူသော အရှင်မဟာကဿပသည် ထိုအိမ်နံရံခြေ၌ ပင်ထိုင်၍ ဆွမ်းထဲမှလက်ချောင်းပြတ်ကို ဖယ်ကာ ဖယ်ကာဖြင့် မြိန်ယှက်စွာ ဘုဉ်းပေး တော်မူခဲ့သည်။* ရှင်မဟာကဿပ၏ သိမှတ်ဖွယ်ရာများ. ရဟန်းတို့.... ကဿပသည် ကောင်းဆိုးယုတ်မြတ် ရတတ်သမျှသော ပစ္စည်းလေးပါးဖြင့် ရောင့်ရဲလွယ်၏၊ ရောင့်ရဲလွယ်ခြင်း၏ အကျိုးကျေးဇူးကိုလည်း ဆိုလေ့ရှိ၏၊ ပစ္စည်းလေးပါးနှင့်ပတ်သက်၍ မသင့်လျော်သော အမူအကျင့်များကို လည်းမကျင့်ပေ၊ မရသေးသော ပစ္စည်းကိုလည်း တောင်းတခြင်းမရှိ၊ ရပြီးသော ပစ္စည်းလေးပါးကိုလည်း စွဲလမ်းမက်မောခြင်းမရှိပေ၊ ပစ္စည်းလေးပါးတို့ကို လက်ခံသုံးစွဲ နေရခြင်းကိုပင် ဘေးဟုရှုမြင်တတ်၏၊ လွတ်မြောက်ရာကို ရှေ့ရှုသော ဉဏ်ဖြင့်ဆင်ခြင်၍သာ သုံးဆောင် တတ်၏ (ကဿပသံယုတ်၊ သန္တုဌီသုတ်). ရဟန်းတို့ ..... လူတို့၏ စိတ်နှလုံးကို ချမ်းမြေ့စေတတ်သော ငွေလမင်းကြီးသည် ကောင်းကင်ထက်၌ လွတ်လွတ်လပ်လပ် သွား၍နေသကဲ့သို့ ကဿပသည် ကိုယ်ရောစိတ်ပါလွတ်လွတ် ကြီးခွာလျက် ဒါယကာ၊ဒါယိကာမ တို့ထံ ချဉ်းကပ်၏၊ နေ့စဉ်နှင့်အမျှဆွမ်းခံရောက်သော်လည်း သူ့အဖို့ အားလုံးအသစ်ချည်းသာ ဖြစ်သည်။ အကျွမ်းတ၀င်ခင်မင်ရင်းနှီးထားသော ဒါယကာ၊ ဒါယိကာမဟူ၍ မရှိပေ၊ ငါ့ဒါယကာ၊ ငါ့ဒါယိကာမ ဟူ၍ စွဲလမ်းခြင်းလည်း မရှိပေ...(ကဿပသံယုတ်၊ စန္ဒူမပသုတ်)ကဿပ .... ရဟန်းတို့ကို ဆုံးမလော့ .....၊ ရဟန်းတို့အား တရားဟောကြားလော့ .....၊ ရဟန်းတို့ကို ငါဘုရားဆုံးမသကဲ့သို့ သင်လည်း ဆုံးမလော့....၊ ရဟန်းတို့အား ငါဘုရား ဟောကြားသကဲ့သို့ သင်လည်း ဟောကြားလော့ .....။(ကဿပသံယုတ်၊ သြ၀ါဒသုတ်). ရှင်မဟာကဿပသည် ဘုရားရှင်ပရိနိဗ္ဗာန်ပြုတော်မူ ပြီးနောက်တွင် သုဘဒ္ဒရဟန်းကြီး၏ စကားကိုကြား၍ ဓမ္မသံဝေဂရကာ သတ္တမဏ္ဏလိုဏ်ဂူနီးတွင် ပထမ သံဂါယနာ တင်တော်မူခဲ့သည်။. နောင်အနာဂတ်တွင် အာသောကမင်းသည် ဘုရားရှင်၏ ဓါတ်တော်များကို ဇမ္ဗူဒိပ် ကျွန်းအနှံ့ စေတီတည်ထားကိုးကွယ်နိုင်ရန် ဓါတ်တော်များကို စုစည်းပင့်ဆောင်ကာ ဓါတ်တော်တိုက်ခန်းများအတွင်း သိုမှီး သိမ်းဆည်း ခဲ့သည်။ * ပရိနိဗ္ဗာန်စံခန်းသက္ကရာဇ် (၁၈၆) အကျော်တွင် ရှင်မဟာကဿပမထေရ်ကြီးသည် ပုဗ္ဗေနိဝါသဉဏ်၊ အနဂတံသဉဏ်တော်တို့ကို ဖြန့်ကျက်၍ ဆင်ခြင်တော်မူရာ သလ္လာဝတီမြစ် (ယခုချင်းတွင်းမြစ်) အနောက်ဘက် ဝေဘူလ၊ ဝေဘာရ၊ သုနန္ဒရ တောင်သုံးလုံးအတွင်း ရှင်မဟာကဿပတို့ ရသေ့ညီနောင်သုံးပါး တရားကျင့်ကြစဉ် ထားရှိခဲ့ကြသော နောင်တော်ကြီး ဂေါတမမြတ်စွာဘုရား ပရိနိဗ္ဗာန်စံသောအခါ ကျွန်ုပ် အရှင်မဟာကဿပက သင်္ဂြိုလ်မှသာ တေဇောဓါတ် လောင်ကျွမ်းပါစေ၊ ကျွန်ုပ် အရှင်မဟာကဿပ ပရိနိဗ္ဗာန်စံဝင်ခဲ့သော နောင်တော်ငယ် အရိမေတ္တယျဘုရားက သင်္ဂြိုလ်မှသာလျှင် တေဇောဓါတ်လောင်ကျွမ်းပါစေ ဟူသော ကတိသစ္စာအရ“နောင်တော်ကြီး ဂေါတမမြတ်စွာဘုရားနှင့် ထားခဲ့ သောကတိသည် ယခုအခါပြည့်စုံပြီးဖြစ်သည်။ နောင်တော်ငယ် (အရိမေတ္တယျဘုရား) နှင့်ထားသော ကတိသာ ကျန်နေပေသည်။ ငါ၏ခန္ဓာလည်း ယခုတေဇောဓါတ်မလောင်ကျွမ်းနိုင်သေး၊ အရိမေတ္တယျဘုရား ပွင့်သောအခါမှသာ တေဇောဓါတ်လောင်ကျွမ်းတော့မည်ကို သိသည် ” Credit to> Nyi Nyi Aung