လိပ်ခေါင်းရောဂါဆိုတာ အကြောင်းတစ်ခုခုကြောင့် စအိုနဲ့ စအိုဝမှာရှိတဲ့ (retum and anal ) သွေးပြန်ကြောလေးတွေ ယောက်ယမ်းဖောင်းကားလာတာပါ ။ သွေးကြောဖုလေးက ၀မ်းသွားတဲ့ အခါ ၀င်လိုက်ထွက်လိုက်နဲ့ လိပ်ရဲ့ဦးခေါင်းလိုဖြစ်နေလို့ လိပ်ခေါင်းလို့ ခေါ်တာပါ။ အဖြစ်များတဲ့ အကြောင်းအရင်းတွေကတော့ စအိုအောင်ပိုင်းမှာရှိတဲ့ သွေးကြောလေးတွေ အတွင်းမှာ Pressure တက်လာတဲ့ အတွက်ဖြစ်တာပါ။ ၀မ်းချုပ်တဲ့ အလေ့အကျင့် ရှိတဲ့သူတွေ၊ ကြာရှည်စွာ မတ်တပ်ရပ်နေရာသူများ၊ အထိုင်များသူများ၊ အ၀လွန်တဲ့ သူတွေ၊ ကိုယ်ဝန်ဆောင်မိခင်တွေမှာ ဖြစ်တက်ပါတယ်။ တခြားအကြောင်းကြောင့်ဖြစ်တက်တာလဲ ဖြစ်ပါသေးတယ်။ တွေ့ရတက်တဲ့ ရောဂါလက္ခဏာတွေကတော့ ၀မ်းသွားတဲ့ အခါ စအိုကနေ သွေးကျလာတာပါပဲ။ ၀မ်းသွားပြီးတဲ့ အခါ အိမ်သာအိုးမှာပဲဖြစ်ဖြစ်၊ စက္ကူမှာပဲဖြစ်ဖြစ် သတိထားမိနိုင်ပါတယ်။ ၀မ်းသွားပြီးရင်လဲ ကုန်တယ်လို့ မခံစားရပဲ စအိုဝမှာတစ်ဆို့တစ်ဆို့နဲ့ခံစားရတက်ပါတယ်။လိပ်ခေါင်းကို အကြမ်းဖျင်းအားဖြင့် အတွင်းလိပ်ခေါင်း နဲ့ အပြင်လိပ်ခေါင်း ( External & Internal Hemorrhoid ) ဆိုပြီး ၂ မျိုးခွဲထားနိုင်ပါတယ်။ အပြင်လိပ်ခေါင်းးကတော့ စအိုအ၀မှာဖြစ်တာဖြစ်ပြီး စအိုအ၀မှာ ယားယံတာ ၊ ရောင်တာတွေဖြစ်တက်ပါတယ်။ အတွင်းလိပ်ခေါင်းကတော့ စအိုအတွင်းပိုင်းမှာဖြစ်တာဖြစ်ပြီး မနာကျင်တက်ပဲ လူနာတွေကိုယ်တိုင် သတိမထားမိတက်ကြပါဘူး။ လိပ်ခေါင်းကို မကုပဲထားမယ်ဆိုရင် စအိုအပြင်ဘက်ကို ကျွံကျလာနိုင်ပါတယ် ( prolapase pile ) နောက်ဆက်တွဲ ပြသနာတွေဖြစ်တဲ့ လိပ်ခေါင်းအဖုအတွင် သွေးခဲခြင်း ( thrombosed hemorrhoid ) နဲ့ သွေးလည်ပတ်မှုနည်းလို့ လိပ်ခေါင်းအဖု ပုပ်သွားခြင်း ( strangulated hemorrhoid )တို့ ဖြစ်သွားနိုင်ပါတယ်။ အဲဒီကနေ ခန္ဓာကိုယ်ရဲ့ တခြားနေရာတွေကို ရောဂါပိုးဝင်သွားနိုင်ပါတယ်။ရောဂါအနုအရင်ပေါ်မူတည်ပြီးတော့ အဆင့် ၄ ဆင့် ခွဲခြားနိုင်ပါတယ်။ Grade 1 ၀မ်းသွားတဲ့ အခါသွေးပါလာတာပဲရှိပါမယ်။Grade 2 ၀မ်းသွားတဲ့ အခါ စအိုဝကနေ အဖုထွက်လာပါမယ်။ ၀မ်းသွားပြီးရင်ချက်ခြင်းပြန်ဝင်သွားပါမယ်။Grade 3 ၀မ်းသွားတဲ့ အခါ ၀မ်းသွားတဲ့ အခါ စအိုဝကနေ အဖုထွက်လာပါမယ်။သူ့ဘာသာသူပြန်မ၀င်တော့ပါဘူး။ လက်နဲ့ပြန်သွင်းပေးရပါမယ်။Grade 4 လိပ်ခေါင်းအဖုက စအိုအပြင်ဖက်ကိုထွက်နေပြီး ပြန်သွင်းလို့မရတော့ပါဘူး။ကျွန်တော်တို့ ရောဂါဖြစ်လာပြီဆိုဘာလုပ်ကြမလဲ …။ဒါတွေကိုလိုက်နာရပါမယ်။ရောဂါနုစဉ်မှာ ၀မ်းချုပ်မခံပါနှင့် ၊ ၀မ်းမချုပ်အောင်နေပါ။ လိုအပ်ပါက ၀မ်းပျော့ဆေး အနည်းငယ် အသုံပြုနိုင်ပါတယ်။ပုံမှန် အိမ်သာတက်သောအကျင့် ကိုလုပ်ပါ။ အိမ်သာထဲမှာ အကြာကြီးမထိုင်ပါနဲ့ ။ ဖြစ်နိုင်လျှင် ဘိုထိုင် အိမ်သာကို အသုံပြုပါ။ရေများများသောက်ပါ။ အမျှင်ပါတဲ့ အသီးအရွက်များများစားပါ။ ကြာရှည်စွာ မတ်တပ်ရပ်ခြင်း ၊ ထိုင်ခြင်း မလုပ်ပါနဲ့။အများစုကတော့ ဒါတွေကို လိုက်နာလိုက်ရင် သက်သာသွားကြပါတယ်။ တကယ်လို့ ရောဂါနည်းနည်းရင့်လို့ရှိရင်တော့ ကုသမယ့် ဆရာဝန်က ရောဂါအခြေအနေပေါ်လိုက်ပြီး ကုသနည်းစနစ်ကို ရွေးချယ်ပါလိမ့်မယ်။ ကုသနည်းတချို့ကို ဗဟုသုတအနေနဲ့ ကျနော် အကြမ်းဖျင်းပြောပြပါမယ်။ သွေးကြောနံရံတွေရဲ့  ညစ်အား (blood vessel's wall tone ) ကိုတက်စေမယ့် ဆေးတွေပေးလို့ရပါတယ ။ကျနော်တို့ ရပ်ကွက်ထဲမှာကြားဖူးတာကတော့ သားရေပင်ပစ်တာပေါ့ ။ ( Rubber Band Ligation ) တကယ်တော့ အဲဒါက လိပ်ခေါင်းအဖုရဲ့ အညှာကို သားရေပင်နဲ့ စီးထားလိုက်တာပါ။ လိပ်ခေါင်းအဖုက ခြောက်ပြီးသူ့ဘာသာသူကြွေကျသွားပါတယ် ။ Sclerotherapy လို့ခေါ်တဲ့ လိပ်ခေါင်းအဖုကသွေးကြောထုံးထဲကို ထိုးထဲ့ပြီး အဖုကို ရှုံကပ်သွားစေတဲ့နည်း၊ Cryotherapy , Laser , Infrared or BICAP Coagulation စသည်ဖြင့် ကုသနည်းမျိုးစုံရှိပါတယ်။ ရောဂါရင့်နေရင်တော့ Hemorrhoidectomy လို့ ခေါ်တဲ့ လိပ်ခေါင်းသွေးကြောထုံးကိုခွဲစိတ်ပြီး ဖြတ်တောက်ပေးရပါမယ်။ စအိုဝက ၀မ်းသွားရင် သွေးပါတဲ့တာ လိပ်ခေါင်းတစ်ခုတည်းမှ မဟုတ်ပါဘူး။ တခြားရောဂါတွေလဲဖြစ်နိုင်ပါသေးတယ်။ ကျနော်တို့အနေနဲ့ လိပ်ခေါင်းမဖြစ်အောင်ဘာတွေရှောင်ရှားရမယ်၊ ကြုံလာခဲ့လို့ရှိရင်လဲ ဘာလိုဆင်ခြင်နေထိုင်ရမယ်ဆိုတာကို အခုဆိုသိသွားလောက်ပါပြီ။ ရောဂါတစ်ခုဖြစ်လာလို့ ရှက်လို့ ဒီအတိုင်းခံစားနေမယ့်အစား ရောဂါမဆိုးခင် တက်ကျွမ်းတဲ့ ကျန်းမာရေးဝန်ထမ်းတွေနဲ့ ပြသတိုင်ပင်ပြီး အချိန်မှီကုသမှူခံယူရင်း ကျန်းမာပျော်ရွှင်တဲ့ ဘ၀မျိုးပိုင်ဆိုင်ကြပါစို့လို့ ဒီနေရာကတိုက်တွန်းလိုက်ရပါတယ် ။လိပ်ခေါင်းရောဂါအတွက်ဆိုရင်တော့
၁။ ရေများများသောက်ပါ
၂။ အမှင်ဓါတ်ပါသော အစာစားပါ။ (ဥပမာ- အသီးအရွက်)
၃။ ကြာကြာမထိုင်ရပါ၊ ကြာကြာမတ်တတ်မရပ်ရပါ။
၎။ လမ်းလျှောက်ပါ။
၅၊ ၀မ်းမချုပ်အောင်နေရပါမယ်။လိပ်ခေါင်းရောဂါ မရင့်သေးဘူးဆိုရင်တော့ သက်သာသွားတာများပါတယ်။
No comments:
Post a Comment