မဟာဗောဓိရိပ်သာမှာ ဒကာမကြီး တစ်ယောက် အသဲရောဂါ ဖြစ်တာ ဆေးရုံ က ၆လ ခံမယ်ပြောတာ ဆေး တစ်မျိုးနဲ့တည့်ပြီး ခုဆို ခြောက်နှစ်တောင် ကျော်ပြီ သွားသွားလာလာ ပဲ ၊ တောင်ကြီးက အမျိုးထဲက တစ်ယောက်ကလဲ ရေဖျဉ်းဆွဲ နေတယ်ပြောလို့ အဲဒီ ဆေးပေးလိုက်တာ ဗိုက်ကို ရေဖောက်မထုတ်ပဲ ထပ်မကြီးအောင် ဆရာဝန်က ဆေးသွင်းပေးပြီး ပေးလိုက်တဲ့ဆေးပဲ သောက်တာ ဗိုက်ကြီး ပိန်ပြီး နေကောင်းလို့ ခုဆို သွားသွားလာလာ ဖြစ်နေပြီ ၊ ဆေးနည်းက အိန္ဒိယ ဆောင်းမေခါး ၂ဆ ကွက္ကရာ၁ဆ နှမ်းဆီ နဲ့ ပြစ်ပြစ်ဖျော် မနက် တစ်ကြိမ် ည တစ်ကြိမ် အစာစားအပြီး လဘက်စားဇွန်းနဲ့ တစ်ဇွန်း သောက်ရပါတယ် ၊ အသဲရောဂါ အမျိုးမျိုး အသဲကင်ဆာ အသဲခြောက် ဘီပိုး စီပိုးလဲ ပျောက်တယ်လို့ ပြောကြပါတယ် ၊ ရေဖျဉ်းဆွဲ တာ ပျောက်တာတော့ လက်တွေ့ ပါပဲ ။ [မန္တလေး မှာတော့ ပရဆေး ဆိုင်မှာ တစ်ဖုံကို သုံးသောင်းကျော် ပေးဝယ် ရပါတယ် ] ----- ------ ------ ------ ------ Comment မှာ မေးတာတွေများတော့ ပြန်ဖြေရင်း နောက် ဖတ်သူတွေက အသစ်မေးပြန်ရင်းနဲ့ ထပ်ဖြည့်ရေးမှဖြစ်မယ်လို့ တွေးမိပါတယ် ၊ ဆေးက ဆောင်းမေခါး နှစ်ဆယ်သား ကွက္ကရာ တစ်ဆယ်သား ကို ပရဆေးဆိုင် က ရောပေးလိုက်တာပါ၊ နှမ်းဆီ ဘယ်အချိုးအစား ထည့်ရမလဲ မေးကြပါတယ် ခတ်ပြစ်ပြစ်လေးပါ ခဲခဲကြီးလဲမဟုတ် ကျဲကျဲလဲမဟုတ်ပါ ၊ ပရဆေးဆိုင် တိုင်းမှာ မှာပြီး ၀ယ်လို့ရပါတယ် ၊ မန္တလေး မှာ အဲ့ဒီ တစ်ဖုံကို ၃၂၅၀၀ကျပ်ပေးရပါတယ် ရေဖြင်း ဆွဲတဲ့ အမျိုးကို ဆေးတစ်ဖုံပေးလိုက်တာ အကုန်သောက်တာ ဗိုက်ချပ်သွားပါတယ် ဗိုက်ထပ်မဖောင်းအောင် အင်္ဂလိပ်ဆရာဝန်က ဆေးသွင်းပေးတယ်ပြောပါတယ် ဗိုက်ဖောက်ပြီး ရေမထုတ်ပဲ ဆေးသောက် တာနဲ့တင် ပျောက်ပါတယ် ၊ ကင်ဆာရောဂါ ပျောက်တဲ့ ဒကာမကြီး ကို ပြန်မေးကြည့်တော့ ဒေါက်တာ သံစစ်က ကင်ဆာရောဂါ စနေပြီ ၆လပဲခံမယ်ပြောတော့ တစ်နှစ်လောက် ဆေးကို လဖက်စားဇွန်း နှစ်ဇွန်း နံက်, ည သောက်ခဲ့ပါတယ်တဲ့ တစ်နှစ်ကျော်တော့ တစ်ဇွန်း ပဲသောက်ခဲ့တာ ခုထိပဲတဲ့ ဆေးသောက်တာ ၆နှစ်ကျော်ပြီ ဆိုတော့ တစ်ဇွန်းသောက်တာ ၅နှစ်ကျော်ပြီပေါ့၊ ဘေးထွက်ဆိုးကျိုး မရှိလို့ ဆက်သောက်နေပါတယ်တဲ့၊ ဆရာလေးရဲ့ အမေလဲ အသဲအဆီဖုန်းလို့ တစ်လ ကျော် တိုက်ကြည့်တာ သက်သာတယ်လို့ ပြောပါတယ် ၊ ဥာဏ်ရှိသလို ကံရှိသလို အသုံးပြုပြီး ကျန်းမာ ချမ်းသာ သီလသမာဓိပညာ တွေလဲ ကျင့်သုံးနိုင်ကြပါစေသော်။Credit to > Sayar Lay
No comments:
Post a Comment