Monday, 18 January 2016

AIDS ဆိုတာ ?

ယနေ့ကမ္ဘာပေါ်မှာ ကုရာနတ္လိဆေးမရှိသေးတဲ့ ရောဂါဆိုးကြီးကတော့ ခုခံအားကျဆင်းမှုကူးစက်ရောဂါ ( AIDS ) ပဲဖြစ်ပါတယ် ။နိုင်ငံအသီးသီး ၊ လူတန်းစားအလွှာအသီးသီး ကြားမှာ အရှိန်အဟုန်နဲ့ ဒုက္ခပေးနေပါတယ် ။ လူကြီး ၊ လူငယ် ၊ ကျား ၊ မ မရွေး ခံစားရနိုင်တဲ့ ရောဂါလဲဖြစ်ပါတယ် ။ AIDS ကြောင့်ကျရတဲ့မျက်ရည်တွေ ၊ ငိုကြွေးသံတွေဟာ ကမ္ဘာတ၀န်းလုံး ရိုက်ခတ်နေပါပြီ ။အချိန်မတန်ဘဲ ကြွေလွင့်ခဲ့ရတဲ့ ဘ၀ပေါင်းများစွာလည်း ပျက်သုဉ်းခဲ့ရပါပြီ ။ 1995ခုနှစ်ကုန်ပိုင်းလေ့လာချက်များအရ အရွယ်ရောက်သူပေါင်း ၁၉ မီလီယန် နှင့် ကလေးငယ်ပေါင်း ၂ မီလီယန်ဟာ ရောဂါကူးစက်ခံနေရပါတယ်။ ဆက်လက်ပြီးလည်း အသက်တွေကို ချွေဖျက်ဖို့ အသင့်ရှိနေဆဲပါ ။ ဒါကြောင့် လူတိုင်းလူတိုင်း ကျန်းမာရေး အသိရှိစွာဖြင့် ဒီရောဂါဆိုးကြီးကို ကာကွယ်ရမှာဖြစ်ပါတယ် ။ ကုသဖို့ဆေးမရှိသောရောဂါဖြစ်သဖြင့် ကြိုတင်ကာကွယ်ခြင်းဖြင့်သာ တွန်းလှန်နိုင်မှာဖြစ်ပါတယ် ။ ဒါကြောင့် ဒီခုခံအားကျဆင်းမှုရောဂါနှင့်ပက်သက်သော ကျန်းမာရေးအသိလူတိုင်းမှာ ရှိရမှာဖြစ်ပါတယ် ။ခုခံအားကျဆင်းမှုကူးစက်ရောဂါ ( AIDS )ဆိုတာ ဘာလဲခုခံအားကျဆင်းမှုကူးစက်ရောဂါ ( AIDS ) ကို Acquired Immuno Deficiency Syndrome လို့ခေါ်ပါတယ် ။ ခန္ဓာကိုယ်တွင်းမှာရှိတဲ့ ကိုယ်ခံအား ( Immune ) ကျဆင်းမှုကြောင့် ၀င်ရောက်လာသော ရောဂါလက္ခဏာများကို စုစည်းထားသော ရောဂါလက္ခဏာစု ( Syndrome ) လို့ မှတ်သားနိုင်ပါတယ် ။ ဒီလိုရောဂါလက္ခဏာစုကိုဖြစ်စေတာကတော့ ( HIV ) ဗိုင်းရပ်စ်ပိုးပဲဖြစ်ပါတယ် ။( HIV virus )HIV ဆိုတာ Human Immunodeficiency Virus ( Retro virus ) ဖြစ်ပါတယ် ။ တစ်ခါတစ်ရံမှာ HIV နဲ့ AIDS ကွဲပြားစွာ မသိတာမျိုးကိုလည်းတွေ့ရပါတယ် ။ HIV ဆိုတဲ့ ရောဂါပိုးကြောင့် ခုခံအားကျဆင်းမှုကူးစက်ရောဂါ AIDS ဖြစ်တယ်လို့ အလွယ်တကူမှတ်သားနိုင်ပါတယ် ။ခုခံအားကျဆင်းမှုရောဂါသမိုင်းကြောင်းခုခံအားကျဆင်းမှုရောဂါကူးစက်ခြင်းကို စတင်တွေ့ရှိခဲ့တာကတော့ ၁၉၈၁ ခုနှစ် ဇွန်လ ၅ ရက်နေ့မှာ အမေရိကန်နိုင်ငံ ရောဂါထိန်းချုပ်ရေးနှင့် ကာကွယ်ရေးစင်တာ ( Centers for Disease Control and prevention - CDC ) က စတင် သတိပြုမိခဲ့ပါတယ် ။လော့စ်အိန်ဂျယ်လိ ( Los Angeles) မြို့ မှာရှိတဲ့ လိင်တူဆက်ဆံသူ ( homosexual ) အမျိုးသား ၅ ယောက်တွင် နူမိုစစ်စတစ် နမိုးနီးယား (Pneumocystis Pneumonia) ရောဂါ ဖြစ်ပွါးမှုပေါ်မှာမူတည်ပြီး သတိပြုမိခဲ့ခြင်းဖြစ်ပါတယ် ။ GRID ( Gay Related Immune Deficiency ) လို့အစပိုင်းမှာအမည်ပေးခဲ့ပါတယ် ။ မကြာခင်မှာပဲ ရောဂါခံစားရသူတွေရဲ့ တစ်ဝက်လောက်ဟာ လိင်တူဆက်ဆံသူတွေမဟုတ်ဘူးဆိုတာသိလာပါတယ်။ ၁၉၈၂ ခုနှစ်မှာ AIDS လို့အမည်ပြောင်းလဲဖို့ ( CDC ) က အဆိုပြုခဲ့ပါတယ် ။၁၉၈၃ ခုနှစ်မှာ ပြင်သစ်နိုင်ငံတွင် Luc Montagnier ဦးဆောင်တဲ့သိပ္ပံ ပညာရှင်များအဖွဲ့ က AIDS ရောဂါဖြစ်ပွါးစေတဲ့ virus ပိုးကို စတင်တွေ့ရှိခဲ့ပါတယ် ။ Lymphadenopathy-associated Virus ( LAV ) လို့ခေါ်ခဲ့ကြပါတယ် ။ တစ်နှစ်ကြာသောအခါ အမေရိကန်နိုင်ငံမှာရှိတဲ့ Robert Gallo ဦးဆောင်တဲ့ အဖွဲ့ က (Human T lymphotropic Virus type 3 ) လို့အမည်ပြောင်းလဲခဲ့ပါတယ်။ ၁၉၈၆ ခုနှစ်မှာတော့ ( HIV ) လို့ အမည်အတည်တကျသတ်မှတ်ခဲ့ပါတယ် ။HIV ဟာ အမျိုးအစားအားဖြင့် HIV-1 နှင့် HIV2 ဆိုပြီး နှစ်မျိုးနှစ်စားရှီပါတယ် ။ ဒီဗိုင်းရပ်စ်ပိုးတွေဟာ နှစ်ဆယ်ရာစုအတွင်း တောင်ကင်မရွန်းမှာရှိတဲ့ ချင်ပန်ဇီမျောက်များမှ လူတွေဆီကို ကူးစက်လာတယ်လို့ ယူဆကြပါတယ် ။ HIV-1 ပိုးဟာ ပိုပြင်းထန်ပြီး အခုသိနေတဲ့ AIDS ရောဂါကိုအဓိကဖြစ်စေတဲ့ ပိုးဖြစ်ပါတယ် ။HIV ပိုးရှိသောနေရာများHIV ပိုးဟာ ခန္ဓာကိုယ်တွင်းမှာရှိတဲ့၁) သွေး၂) မျက်ရည်၃) တံတွေး၎) နို့ရည်၅) သုတ်ရည်၆) မအင်္ဂါမှထွက်သောအရည်များတွင်ရှိနေတတ်ပါတယ် ။ သို့သော် သွေးနှင့် သွေးထွက်ပစ္စည်းများ ၊ လိင်အင်္ဂါမှ ထွက်သောအရည်များမှတဆင့်သာ ကူးစက်ပါတယ် ။ကူးစက်မှု နည်းလမ်းများ၁) လိင်မှတဆင့်ကူးဆက်ခြင်းခုခံအားကျဆင်းမှုရောဂါ အဓိက ကူးစက်သောနည်းလမ်းဖြစ်ပါတယ် ။ ကာကွယ်မှုအရှိဘဲလိင်ဆက်ဆံခြင်းဖြင့်( unprotected sexual relation ) ရောဂါခံစားသူမှတစ်ဆင့် အခြားတစ်ယောက်ဆီကို ကူးစက်ပါတယ် ။၂) သွေး နှင့် သွေးထွက်ပစ္စည်းများမှတဆင့် ကူးစက်ခြင်းအောက်ပါအခြေအနေများမှတဆင့် ကူးစက်တတ်ပါတယ် -- ရောပါပိုးပါသောသွေးသွင်းခြင်း ။- မူးယစ်ဆေးသုံးဆွဲသူများ ။- ဆေးထိုးအပ်များမှတဆင့်ကူးစက်ခြင်း ။- ဆေးရုံ ၊ ဆေးခန်းများတွင် ဆရာဝန်များ ၊ သူနာပြုများ ၊ ဓါတ်ခွဲခန်းများတွင် မတော်တဆ ရောဂါပိုးပါသော သွေးများ ၊ ဆေးထိုးအပ်များဖြင့် ထိခိုက်မိခြင်း ။- နားဖောက်ခြင်း ၊ ဆေးမင်ကြောင်ထိုးခြင်း ၊ နှင့် ရောဂါပိုးပါသော ပစ္စည်းများမှ တဆင့် ကူးစက်ခြင်း ။၃) မိခင်မှ ရင်သွေးသို့ ကူးစက်ခြင်း ( Mother to child transmission -MTCT )ကိုယ်ဝန်ဆောင်စဉ်ကာလနှင့် မီးဖွားစဉ်ကာလများအတွင်း မိခင်မှ ရင်သွေးငယ်သို့ ကူးစက်တတ်ပါတယ် ။မိခင်နို့ရည်မှတဆင့်လည်းကူးစက်တတ်ပါတယ် ။မကူးစက်နိုင်သောနည်းလမ်းများအောက်ပါနည်းလမ်းများဖြင့် မကူးစက်နိုင်ပါ ။၁) ဆီး ၊ ၀မ်း ၊ ချွေး နှင့် တံတွေးများတွင် ဗိုင်းရပ်စ်ပိုးပါဝင်မှုမှာ နည်းပါးသောကြောင့် ၎င်းတို့မှတဆင့် ကူးစက်မှုကိုမတွေ့ရပါ ။၂) ခြင် ၊ ကြမ်းပိုးများ ကိုက်ခြင်းမှ တဆင့် မကူးစက်နိုင်ပါ ။၃) ရောဂါပိုးရှိသူနှင့် အတူတူအိပ်ခြင်း ၊ အတူတူစားခြင်း ၊ အတူတူရေကူးခြင်း ၊ မျက်နှာသုတ်ပ၀ါအစရှိသည်တို့ကို အတူသုံးခြင်း ၊ ထိတွေ့ကိုင်တွယ်ခြင်း တို့ဖြင့် မကူးစက်နိုင်ပါ ။၎) တယ်လီဖုန်းများ ၊ အိမ်သာများ ၊ တံခါးလက်ကိုင်များကို အတူတကွအသုံးပြုခြင်းဖြင့်လည်း မကူးစက်နိုင်ပါ ။AIDS နှင့် ခုခံအားစနစ် ( Immune System)ကျွန်တော်တို့တွေဟာ နေ့စဉ် ရောဂါပေါင်းဆုံနဲ့ ထိတွေ့နေပေမယ့် အလွယ်တကူ ရောဂါမခံစားရတတ်ပါဘူး ။ အဲဒါဘာကြောင့်လဲ ဆိုတော့ ခန္ဓာကိုယ်ရဲ့ ခုခံအားစနစ်ကြောင့်ပဲဖြစ်ပါတယ် ။ ခုခံအားစနစ်မှာ အရေးအကြီးဆုံးက CD4+ T ဆဲလ်တွေပဲဖြစ်ပါတယ် ။ ဒီဆဲလ်တွေဟာ ခန္ဓာကိုယ်ထဲကိုဝင်လာတဲ့ ရောဂါပိုးတွေကို ချေဖျက်ပေးပါတယ် ။ ကျန်းမာနေတဲ့ သာမန်လူတစ်ယောက်မှာ CD4+ Tဆဲလ်ဟာ 1,000 နှင့်အထက်ရှိပါတယ် ။ HIV ပိုးဟာ ကိုယ်ခန္ဓာထဲဝင်ရောက်သွားပြီဆိုရင် CD4+T ဆဲလ်တွေကို အဓိက တိုက်ဖျက်ပါတယ် ။ အဲဒီလို CD4+ T ဆဲလ်တွေ ပျက်ဆီးသွားတာနဲ့ အမျှ ကိုယ်ခံအားစနစ်မှလဲ အင်အားနည်းသွားပါတယ် ။ ကိုယ်ခံအားစနစ်အားနည်းသွားတာနဲ့ သာမန်အခြေအနေမှာ ခုခံနိုင်သော ရောဂါများကိုပင် မခုခံနိုင်တော့ပေ ။ ထိုအခါ အခြားရောဂါပိုးများပါ ခန္ဓာကိုယ်ထဲဝင်ရောက်လာပြီး ရောဂါပေါင်းစုံကို တစ်စုတစ်ဝေးတည်းခံစားရပါတယ် ။ ဒါကြောင့် ရောဂါလက္ခဏာစု (Syndrome ) လို့ အမည်ပေးခြင်းဖြစ်ပါတယ် ။ဘယ်အချိန်မှာ ရောဂါလက္ခဏာတွေကို စတင်ခံစားရမလဲCD4+T ဆဲလ်အရေအတွက်ဟာ 200 အောက်ရောက်သွားပြီဆိုရင်တော့ ရောဂါလက္ခဏာတွေကို စတင်ခံစားရပါတယ် ။ တစ်ခါတစ်ရံမှာရောဂါလက္ခဏာပြဖို့ ၉ နှစ်မှ ၁၀ နှစ်ထိကြာတတ်ပါတယ် ။ အဲဒီလိုကာလကြာရှည်စွာ လက္ခဏာမပြဘဲနေတဲ့ကာလကို Window period လို့ခေါ်ပါတယ် ။ခုခံအားကျသောအခါ ၀င်ရောက်လာတတ်သော ဆင့်ပွါးရောဂါများ ( opportunistic infections )၁) တီဘီရောဂါ ( tuberculosis )၂) ဆစ်ဖလစ် ( syphilis )၃) မှိုကြောင့်ဖြစ်သောရောဂါများ (eg . candidiasis )၄) ကင်ဆာရောဂါများ ( eg. Kaposi's sarcoma )၅) နမိုးနီယား ( Pneumonia )၆) အသည်းရောင်ရောဂါ ( Hepatitis )ရ) ရေယုန် ( Herpes simplex and zoster )၈) ငှက်ဖျားရောဂါ ( Malaria )ဒါတွေကတော့ အဖြစ်များတဲ့ ရောဂါအနည်းငယ်ပါ ။ အခြားရောဂါတွေအများကြီးရှိပါသေးတယ် ။ ရောဂါလက္ခဏာများHIV ရောဂါပိုးကူးစက်ခံရသူများရဲ့ ၅၀-၉၀ ရာခိုင်နှုန်းဟာ ရောဂါပိုးဝင်ရောက်ပြီး ရက်ပိုင်း ( သို့ ) ရက်သတ္တပတ်အနည်းငယ်အတွင်းမှာ ရောဂါရဲ့ တိုက်ခိုက်ခြင်းကို စတင်ခံစားလာရပါတယ်။ အစပိုင်းမှာ တုပ်ကွေးရောဂါကဲ့သို့ လက္ခဏာများကိုခံစား ရပြီး ၂ ပါတ်ခန့်ကြာရှည်တတ်ပါတယ် ။ ထိုသို့အစောပိုင်းခံစားရမှုကို မူလအဆင့် ရောဂါ (primary or acute HIV infection) လို့ခေါ်ပါတယ်။ဒီအဆင့်မှာ ကူးစက်ခံဝေဒနာရှင်မှတဆင့် အခြားတစ်ယောက်ဆီကို ကူးစက်ဖို့အတွက် အကောင်းဆုံးအခြေအနေပဲဖြစ်ပါတယ် ။ခံစားရတတ်တဲ့ လက္ခဏာတွေကတော့ -၁) အဖျားတက်ခြင်း ။၂) အဆစ်များနှင့် ကြွက်သားများ နာကြင်ခြင်း ။၃) လင့်အကျိတ်များ(lymph nodes)ယောင်ရမ်းခြင်း ။ အထူးသဖြင့် လည်ပင်းအကျိတ်များယောင်တတ်ပါတယ် ။ နာကျင်မှုမရှိပါ ။ဒီလက္ခဏာတွေဟာ ၂ ပါတ်လောက်ကြာရှည်တတ်ပါတယ် ။ အချို့သော ဝေဒနာရှင်တွေဟာ မိမိတို့မှာ ရောဂါဝင်ရောက်ကူးစက်ခံနေရတယ်ဆိုတာကိုတောင် မသိကြပါဘူး ။ နောက်ပိုင်းမှာ ရောဂါလက္ခဏာမပြဘဲ ကာလကြာရှည်စွာ ရှိနေတတ်ပါတယ် ။ ၉ -၁၀ နှစ်လောက်ထိတောင်ကြာတတ်ပါတယ် ။ ဒီကာလကို ဟာကွက် ( Window Period ) လို့ခေါ်ပါတယ် ။အဓိကလက္ခဏာများ၁) ကြာရှည်စွာ အဖျားတက်ခြင်း ။၂)ကိုယ်အလေးချိန်လွန်စွာကျဆင်းခြင်း။ တစ်လအတွင်း ရှိရင်းကိုယ်အလေးချိန်ရဲ့ ၁၀ ရာခိုင်နှုန်း လောက်ထိကို ကျဆင်းသွားတတ်ပါတယ် ။၃) ၀မ်းပျက်ဝမ်းလျှောခြင်း ။၎) အခြား လက္ခဏာများ- အရေပြားနှင့် အစာလမ်းကြောင်းတစ်လျှောက် အနာများဖြစ်ခြင်း ။- အရေပြားတွင် အနီစက်များထွက်လာခြင်း ။- အစားအသောက်ပျက်ခြင်း ။- ချောင်းဆိုးခြင်း ။- ရေယုန်များထွက်လာခြင်း ။- လိင်အင်္ဂါများတွင် အနာများဖြစ်ခြင်း ။- အသည်းရောင်ခြင်း ။- ဘေလုံးကြီးခြင်း ။- ပန်ကရိယ ( Pancreas ) ရောင်ခြင်း ။- ဦးဏှောက်အမြှေးပါးရောင်ခြင်း ။- ကင်ဆာရောဂါများ - ကာပိုးစီးစာကိုးမား ( Kaposi's sarcoma )- အခြား ဆင့်ပွါးရောဂါများ ( Oppotunistic Infection ) ၏ လက္ခဏာများ ။ ကာကွယ်မှုနည်းလမ်းများဒီရောဂါဟာ လိင်ဆက်ဆံခြင်းနှင့် သွေးမှတဆင့် ကူးစက်တတ်သောကြောင့် အောက်ပါနည်းလမ်းများကို သတိပြုခြင်းဖြင့် ကာကွယ်နိုင်ပါတယ် ။၁) အကာအကွယ်မဲ့လိင်ဆက်ဆံခြင်းမှ ရှောင်ရှားခြင်း ။ ( condom ) အသုံးပြုပါ ။၂) အပျော်အပါးလိုက်စားခြင်းကို ရှောင်ရှားခြင်း ။ ( avoid having sex with CSW - commercial sex workers )Free Image Hosting at allyoucanupload.com၃) သွားပွတ်တံ ၊ မုတ်ဆိတ်ရိတ်ဓါးများကို အတူတကွ လက်ဆင့်ကမ်း အသုံးပြုခြင်းမှ ရှောင်ရှားခြင်း ။၎) ဆေးမင်ကြောင်ထိုးခြင်းမှ ရှောင်ရှားခြင်း ။ နားဖောက်ရာတွင် တစ်ခါသုံးအပ်များကို အသုံးပြုခြင်း ။၅)တစ်ခါသုံးဆေးထိုးအပ်များကိုအသုံးပြုခြင်း ။၆)သွေးမသွင်းမီHIV ပိုးစစ်ဆေးခြင်း ။၇) ခွဲစိတ်ခန်းသုံး ကရိယာများကို စနစ်တကျ ပိုးသတ်ခြင်း ။၈) မူးယစ်ဆေးသုံးစွဲခြင်းမှ ရှောင်ရှားခြင်း ။ကုသခြင်းAIDS ရောဂါကို ပျောက်ကင်းအောင်ကုသနိုင်သော ဆေးမရှိသေးပါ ။ မျက်မှောက်ကာလတွင် အသုံးပြုနေသော ဆေးများစွာရှိသော်လည်း ထိုဆေးများမှာ ဗိုင်းရပ်စ်ပိုးပေါက်ဖွားမှုကို လျှော့ချပေးခြင်း ၊ ကိုယ်ခံအားကို မြင့်မားအောင်မြှင့်တင်ပေးခြင်း ၊ ဆင့်ပွါးရောဂါများကို တားဆီးပေးခြင်းများကိုသာ ဆောင်ရွက်ပေးနိုင်ပါတယ် ။ ဒါကြောင့် မို့လို့ ကာကွယ်ခြင်းဟာ ကုသခြင်းထက်ပိုမိုကောင်းမွန်တဲ့နည်းလမ်းဖြစ်ပါတယ်။ရင်သွေးငယ်များနှင့် ခုခံအားကျဆင်းမှုကူးစက်ရောဂါယနေ့ ကမ္ဘာပေါ်မှာ နှစ်စဉ်ကလေးငယ်ပေါင်း ၃၈၀ ၀၀၀ ဟာ ခုခံအားကျဆင်းမှုရောဂါကြောင့်သေဆုံးနေရပါတယ် ။ ကိုယ်ဝန်ဆောင်စဉ် ၊ မီးဖွားစဉ်နှင့် နို့ဆို့ကလေးငယ်များတွင် ရောဂါပိုးရှိသော မိခင်မှတဆင့် ရောဂါကူးစက်ခံရပါတယ် ။ ကာကွယ်ကုသမှုများမလုပ်လျှင် သက္ကရာဇ် ၂၀၁၀ တွင် ကလေးငယ်ပေါင်း တစ်သန်းကျော်ဟာ ဒီရောဂါကြောင့်သေဆုံးလိမ့်မယ်လို့ ခန့်မှန်းကြပါတယ် ။မိခင်မှ ရင်သွေးသို့ရောဂါကူးစက် နိုင်ပါသလားကာကွယ်လို့ရပါတယ် ။ ရောဂါပိုးရှိသော မိခင်မှ ရင်သွေးသို့ ကိုယ်ဝန်ဆောင်စဉ် ၊ မွေးဖွားစဉ်နဲ့ နို့တိုက်ကျွေးခြင်းများမှတဆင့် ကူးစက်နိုင်ပါတယ် ။ ဒါကြောင့် မိခင်တွင် ရောဂါပိုးရှိပါက HIV ဗိုင်းရပ်စ်ကို ကာကွယ်သော ဆေးဝါးများသုံးစွဲခြင်း ၊ ရင်သွေးငယ်များကို မိခင်နို့မတိုက်ဘဲ နို့မှုန့် ( formula ) တိုက်ခြင်း ဖြင့် ကာကွယ်နိုင်ပါတယ် ။ထိုသို့ဆောင်ရွက်ခြင်းကို မိခင်မှ ကလေးသို့ ကူးစက်မှုကာကွယ်ခြင်း ( prevention of mother-to-child transmission - PMTCT) လို့ခေါ်ပါတယ် ။ထိုသို့မကာကွယ်ပါက ရောဂါပိုးရှိသော မိခင်မှ မွေးသော ကလေး ၃ ယောက်တွင် ၁ ယောက်မှာ ရောဂါခံစားရမှာဖြစ်ပါတယ်ဘယ်လောက်ထိရောက်စွာကာကွယ်နိုင်လဲဖွံ့ဖြိုးပြီး နိုင်ငံများတွင် ရောဂါပိုးရှိသော မိခင်တိုင်း PMTCT ကို ဆောင်ရွက်ကြသဖြင့် မိခင်မှ ကလေးသို့ ကူးစက်မှု နှုန်းမှာ ၂ ရာခိုင်နှုန်းအောက်ကို ရောက်ရှိလာပါတယ် ။ ဖွံ့ဖြိုးဆဲ နိုင်ငံများမှာတော့ ဒီကာကွယ်ခြင်းကို ကျယ်ပြန့်စွာ မလုပ်ဆောင်နိုင်သေးတဲ့အတွက် ရောဂါကူးစက်မှု နှုန်းမှာ ဆက်လက်မြင့်မားနေဆဲဖြစ်ပါတယ် ။ကမ္ဘာ့ ခုခံအားကျဆင်းမှုရောဂါနေ့ ( World AIDS Day )နှစ်စဉ် ဒီဇင်ဘာလ ၁ ရက်နေ့ကို ကမ္ဘာ့ ခုခံအားကျဆင်းမှုရောဂါနေ့ အဖြစ်သတ်မှတ်ပြီး ခုခံအားကျဆင်းမှုကူးစက်ရောဂါ ကာကွယ်ရေးလုပ်ငန်းများကို ၁၉၈၈ ခုနှစ်ကစတင်ပြီး အရှိန်အဟုန်မြှင့်ပြီးဆောင်ရွက်လာပါတယ် ။ ၂၀၀၇ အတွက် Theme ကတော့ Stop AIDS, Keep The Promise-Leadership ဖြစ်ပါတယ် ။အနီရောင် ဖဲပြားလေး ( Red Ribbon )Photo Sharing and Video Hosting at PhotobucketAIDS ရောဂါကာကွယ်ရေးလှုပ်ရှားမှုများနှင့် ရောဂါဝေဒနာရှင်များအတွက် အမှတ်အသားအဖြစ် ဒီအနီရောင်ဖဲပြားလေးကို သတ်မှတ်ခဲ့ကြပါတယ် ။အရှေ့ တောင်အာရှ မှ ခုခံအားကျဆင်းမှုကူးစက်ရောဂါWHO ရဲ့ သတ်မှတ်ချက်အရ အရှေ့တောင်အာရှဟာ ကမ္ဘာပေါ်မှာ ဒုတိယအများဆုံး HIV ပိုးတွေ့ရှိရတဲ့ ဒေသဖြစ်ပါတယ် ။အဓီက အဖြစ်အများဆုံးနိုင်ငံတွေကတော့ အိန္ဒိယ ၊ အင်ဒိုနီးရှား ၊ မြန်မာ ၊ နီပေါ ၊ ထိုင်း နိုင်ငံ တို့ပဲဖြစ်ပါတယ်။ အရှေ့တောင်အာရှတွင် ပထမဆုံးရောဂါပိုးစတင်တွေ့ရှိခဲ့တာကတော့ ၁၉၈၄ ခုနှစ်က ထိုင်းနိုင်ငံမှာစတင်တွေ့ခဲ့တာဖြစ်ပါတယ် ။

No comments:

Post a Comment