သင့်မှာ ကျန်းမာရေးနဲ့ ညီညွတ်တဲ့အမူအကျင့်တွေရှိနေရင်ကင်ဆာရောဂါဖြစ်နိုင်မှာ မဟုတ်ပါဘူး။ကင်ဆာရောဂါဖြစ်စေနိုင်တဲ့အချက်တွေထဲမှာ ၇၀ ရာခိုင်နှုန်းဟာ ဘ၀နေထိုင်မှုနဲ့ဆက်စပ်နေပြီး ရှောင်ရှားလို့ ရနိုင်ပါတယ်။ ကျန်းမာရေးနဲ့ ညီညွတ်တဲ့အစာစားတာ၊ လေ့ကျင့်ခန်းလုပ်တာနဲ့ ဆေးလိပ်ရှောင်တာတွေဟာ ရောဂါကိုခုခံနိုင်တဲ့ ပထမခြေလှမ်းတွေပါ။ ဒါ့အပြင် မကြာခင်ကပြုလုပ်တဲ့လေ့လာမှုအသစ်တွေအရ သင့်ရဲ့ဘ၀နေ့စဉ်အစိတ်အပိုင်းမှအံ့သြဖွယ်ရာနည်းလမ်းတွေနဲ့ ရောဂါမဖြစ်အောင် ကာကွယ်နိုင်တယ်ဆိုတာတွေ့ရှိခဲ့ပါတယ်။ကင်ဆာရောဂါမဖြစ်အောင် အောင်ပါနည်းလမ်းတွေကိုအသုံးပြုကြည့်ပါ။(၁) ရေဘုံဘိုင်ခေါင်းမှရတဲ့ ရေကိုစစ်ပြီး အသုံးပြုပါဒီလိုအသုံးပြုတာကြောင့် ကင်ဆာရောဂါဖြစ်စေနိုင်တဲ့ Carcinogenနဲ့ဟော်မုန်းကိုအနှောင့်အယှက်ပေးတဲ့ ဓာတုပစ္စည်းတွေနဲ့ထိတွေ့မှုနည်းသွားနိုင်ပါတယ်။ ရေသန့်စင်စက်ကိုအသုံးပြုပြီးဘုံဘိုင်မှရေကိုအသုံးပြုတာဟာ ရေသန့်ဘူးတွေလောက် အရည်အသွေးမကောင်းပေမယ့်အန္တရာယ်ပိုကင်းပါတယ်။ ဓာတုပစ္စည်းနဲ့ ထိတွေ့မှုနည်းအောင်ပလက်စတစ်ဘူးတွေနဲ့ ရေထည့်သောက်မယ့်အစား စတီး ဒါမှမဟုတ်ဖန်ဘူးတွေအသုံးပြုပါ။(၂) ဓာတ်ဆီတိုင်ကီမှာ ဆီပြည့်နေရင် ဆီထည့်တာကို ရပ်လိုက်ပါဆီဆိုင်မှာ ဓာတ်ဆီ ဒါမှမဟုတ် gas ပြည့်နေစဉ်သင်ဝယ်ထားတဲ့ဆီအမှတ်မရောက်သေးဘဲ ဆီတိုင်ကီပြည့်သွားရင်ဆက်မပြည့်ပဲရပ်လိုက်ပါ။ ဆီတွေလျှံကြလာတာကြောင့် ကင်ဆာဖြစ်စေနိုင်တဲ့အဆိပ်ပစ္စည်းတွေ လေထဲပျံ့နှံ့သွားနိုင်ကာ သင့်အရေပြားဒါမှမဟုတ်အဆုတ်ထဲရောက်သွားနိုင်လို့ပါ။(၃) အသားတွေကို မကင်ခင်နှပ်ထားပါအသား၊ ငါးတွေကို မီးသွေးနဲ့ကင်စားရင် အသားကင်ပေါ်က မီးခိုးမှိုင်းတွေမှာကင်ဆာဖြစ်စေနိုင်တဲ့ Heterocy-clic amines HCAS တွေ ရှိနေတတ်ပါတယ်။ဒါကြောင့် အသားငါးတွေမကင်ခင်မှာ အနည်းဆုံး တစ်နာရီခန့်ကြိုတင်ပြီးမဆလာနဲ့နှပ်ထားပါ။ မဆလာမှာပါဝင်တဲ့ ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေဟာ HCAS ကို၈၇ ရာခိုင်နှုန်းခန့်လျော့ချနိုင်တယ်လို့ Karsas တက္ကသိုလ်မှ လေ့လာသူတွေကတွေ့ရှိခဲ့ပါတယ်။(၄) နေ့တိုင်းကော်ဖီသောက်ပါနေ့စဉ်ကော်ဖီကို ငါးခွက် ဒါမှမဟုတ် ဒါထက်ပို သောက်သူတွေဟာကော်ဖီအနည်းဆုံးသောက်သူတွေ ထက်ဦးနှောက်ကင်ဆာဖြစ်နိုင်ခြေ ၄၀ရာခိုင်နှုန်း လျော့နည်းတယ် လို့ အင်္ဂလန်မှ၂၀၁၀ အတွင်း လေ့လာမှုအရ သိရပါတယ်။နေ့စဉ် ကော်ဖီငါးခွက်သောက်တာဟာ ခံတွင်းနဲ့ လည်မျိုကင်ဆာ လည်းဖြစ်နိုင်ခြေလျော့ချနိုင်တယ်လို့ ဆိုပါတယ်။ လက်ဖက်ရည်ဟာကော်ဖီလောက်ကာကွယ်နိုင်စွမ်းမရှိဘူးလို့လည်း သုတေသီတွေက ပြောကြပါတယ်။(၅) ရေများများသောက်ပါရေနဲ့ အခြားအရည်တွေကို များများသောက်တာကြောင့် ကင်ဆာဖြစ်စေနိုင်တဲ့အဆိပ်တွေ ဆီးအတွင်းမှာ Dilute ဖြစ်သွားပြီး ဆီးအိမ်မှ မြန်မြန်ထွက်သွားစေတာကြောင့် ဆီးအိမ်ကင်ဆာ ဖြစ် နိုင်ခြေနည်းသွားနိုင်ပါတယ်။ နေ့စဉ်ရေရှစ်ခွက်အနည်းဆုံးသောက်ပါ။(၆) အစိမ်းရောင် ဟင်းသီးဟင်းရွက် များများစားပါဟင်းသီးဟင်းရွက်ကို အစိမ်းရောင်ဖြစ်စေတဲ့ ကလိုရိုဖီးမှာမဂ္ဂနီစီယမ်များစွာပါဝင်တာကြောင့်အမျိုးသမီးတွေမှာအူမကြီးကင်ဆာဖြစ်နိုင်ခြေလျော့နည်းနိုင်ပါတယ်။အစိမ်းရင့်ရောင်အရွက် တွေကို များများစားပေးပါ။ ချက်ပြီးသားဟင်းနုနယ်ခွက်တစ်ဝက်စာမှာ မဂ္ဂနီစီယမ် ၇၅မီလီဂရမ်ပါဝင်ပါတယ်။နေ့စဉ်လိုအပ်ချက်ပမာဏရဲ့ ၂၀ ရာခိုင်နှုန်းပါ။(၇) အခွံမာသီးစားပါအခွံမာသီးမှာ ပါဝင်တဲ့ ဆီလီနီယမ်တွေဟာဆီးအိမ်ကင်ဆာဖြစ်နိုင်ခြေကိုလျော့ချနိုင်ပါ တယ်လို့ Dartmouthဆေးတက္ကသိုလ်မှ သုတေသီတွေက ဆိုပါတယ်။ အခြားလေ့လာမှု အရလည်း သွေးတွင်းဆီလီနီယမ်ပါဝင်မှုများ သူတွေဟာ အဆုတ်နဲ့ အူမကြီးကင်ဆာကြောင့်သေဆုံးနှုန်းကျဆင်းသွားတယ်လို့ တွေ့ရှိခဲ့ပါတယ်။ ဆီလီနီယမ်ဟာ Cell တွေကိုဓာတ်တိုးပစ္စည်းမှ ကာကွယ်ပေးနိုင်ရုံမက ခုခံအားလည်းကောင်းမွန်စေကာကင်ဆာအကျိတ်တွေကို အာဟာရ ပေးမယ့်သွေးကြောတွေမပေါ်ပေါက်အောင်လည်း ဖိနှိပ်ပေးပါတယ်။(၈) သားမြတ်ကင်ဆာမဖြစ်အောင် လေ့ကျင့်ခန်းလုပ်ပါလမ်းမြန်မြန်လျှောက်တာလိုမျိုးအသင့်အတင့်လေ့ကျင့်ခန်းကို တစ်ပတ်မှာနှစ်နာရီလုပ်တာကြောင့် သားမြတ်ကင်ဆာဖြစ်နိုင်ခြေ ၁၈ ရာခိုင်နှုန်းလျော့ချနိုင်ပါတယ်။ လေ့ကျင့်ခန်းပုံမှန် လုပ်တာကြောင့်ကင်ဆာဖြစ်စေနိုင်တဲ့ အီစထရိုဂျင်ကိုထုတ်လုပ်ပေးတဲ့ အဆီတွေလောင်ကျွမ်းစေတာကြောင့် ဖြစ်နိုင်ခြေလျော့သွားတာပါ။(၉) အ၀တ်ကို အခြောက်မလျှော်ပါနဲ့အခြောက်လျော်သန့်စင်ရည်မှာ ပါဝင်တဲ့ perchloroethylene ဓာတုပစ္စည်းဟာအသည်းနဲ့ကျောက်ကပ်ကင်ဆာနဲ့ သွေးကင်ဆာဖြစ်စေနိုင်တယ်လို့၂၀၁၀ပြည့်နှစ်စောစောပိုင်းက Na-tional Academies Of Science ကသုတေသီတွေတွေ့ရှိခဲ့ပါတယ်။ ဆပ်ပြာရည်အပျော့စားနဲ့ အ၀တ်လျှော်ပြီးလေထဲမှာအခြောက်ခံပါ။ အစွန်းအထင်းရှိနေရင်လည်း ရှာလကာရည်နဲ့ဖျက်ပါ။(၁၀) လက်ကိုင်ဖုန်း (Cell Phone) ကြောင့် အန္တရာယ်မရှိအောင်လက်ကိုင်ဖုန်းကို စကားတိုတိုပြောဖို့ ဒါမှမဟုတ် Message ပို့ဖို့သာအသုံးပြုပါ။ ဒါမှမဟုတ်ရင်လည်း နားကျပ်တပ်ဆင်ပြီးပြောပါ။ လေ့လာမှုတွေအရလက်ကိုင်ဖုန်း အသုံးပြုသူတွေ ဟာ ဦးနှောက်ကင်ဆာ ဖြစ်နိုင်ခြေများတယ် လို့တွေ့ရှိထားပါတယ်။(၁၁) နေလောင်ဒဏ်ကိုအရောင်နဲ့ ကာကွယ်ပါသင်အိမ်ပြင်ကိုထွက်ရင် အရောင် ရွေးပြီး ၀တ်ဆင်တာဟာ အရေပြားကင်ဆာကိုကာကွယ်နိုင်ပါတယ်လို့ စပိန်မှသိပ္ပံပညာရှင်တွေက ဆိုပါတယ်။ အပြာရောင်နဲ့အနီရောင်အ၀တ် တွေဟာ အ၀ါရောင်နဲ့ အဖြူရောင်အ၀တ်တွေထက် နေရောင်ခြည်ရဲ့ UVrays ဒဏ် သိသိသာသာပိုမိုကာကွယ်နိုင်တယ်လို့ သုတေသီတွေ တွေ့ရှိခဲ့ပါတယ်။ဦးထုပ်ဆောင်းဖို့လည်း မမေ့ပါနဲ့။ မှဲ့ကင်ဆာဟာ နေရောင်ခြည်နဲ့တိုက်ရိုက်ထိတွေ့တဲ့နေရာမှာ ပိုဖြစ်နိုင်လို့ပါ။ ဦးခေါင်းဒါမှမဟုတ်လည်ပင်းမှာ မှဲ့ကင်ဆာရှိသူတွေဟာ အခြားနေရာမှာရှိသူတွေထက်သေဆုံးနှုန်းနှစ်ဆပိုများတယ်လို့ North Caro-lina တက္ကသိုလ်က သုတေသီတွေတွေ့ရှိခဲ့ပါတယ်။(၁၂) သန့်ရှင်းတဲ့အစာစားပါပဋိဇီဝဆေးနဲ့ ဟော်မုန်းဆေးအသုံးမပြုတဲ့ အသားတွေသာ ၀ယ်စားပါလို့ကင်ဆာအသင်းဥက္ကဋ္ဌက ပြောပါတယ်။ ဒါ့အပြင် ပိုးသတ်ဆေး အသုံးမပြုထားတဲ့ဟင်းသီးဟင်းရွက်နဲ့အသီးအနှံတွေ အသုံးပြပါ ဒါမှမဟုတ် ဟင်းသီးဟင်းရွက်ပေါ်ပိုးသတ်ဆေး အကြွင်းအကျန်တွေ ကုန်စင်အောင် ဆေးကြောပြီးမှ အသုံးပြပါ။မုန်ညှင်း၊ စတော်ဘယ်ရီ၊ ပန်းသီး၊ မက်မွန်သီးနဲ့ Blueberries တွေမှာပိုးသတ်ဆေး အများဆုံးဖျန်းထားတတ်ပါတယ်။ ပိုးသတ်ဆေးမှာကင်ဆာဖြစ်စေနိုင်တဲ့ ပစ္စည်းအမျိုးပေါင်း ၄၀ ကျော်ပါဝင်တာမို့ထိတွေ့မှုအနည်းဆုံးဖြစ်အောင် ကြိုးစားပါ။(၁၃) သင့်သားမြတ်သိပ်သည်းဆကို မေးမြန်းပါသင်သားမြတ်ကို Mammogram ရိုက်ကြည့်ရင် သားမြတ်သိပ်သည်းဆဘယ်လောက်ရှိသလဲဆိုတာကို မေးကြည့်ပါ။ သားမြတ်သိပ်သည်းဆ ၇၅ ရာခိုင်နှုန်းဒါမှမဟုတ် ဒါထက်များသူတွေဟာသိပ်သည်းဆနည်းသူတွေထက် ကင်ဆာဖြစ်နိုင်ခြေလေးဆမှ ငါးဆခန့်ပိုများပါတယ်။ သားမြတ်သိပ်သည်းဆများတာဟာအီစထရိုဂျင်အဆင့်တွေ များတာကြောင့် ဖြစ်တာမို့ လေ့ကျင့်ခန်းပြုလုပ်ဖို့အလွန်အရေးကြီးပါတယ်။ ခန္ဓာကိုယ်မှ အဆီ Cell တွေ ကျုံ့သွားတာကြောင့်ကင်ဆာဖြစ်နိုင်တဲ့ Cell တွေ နည်းသွားနိုင်ပါတယ်။(၁၄)ကင်ဆာတွန်းလှန်နိုင်တဲ့အစွမ်း ပိုမိုရရှိအောင်သင်ဟာ ဟင်းသီးဟင်းရွက်နဲ့ သစ်သီးဝလံအမျိုးစုံကိုများများစားမယ်ဆိုရင်ကျန်းမာရေးအတွက် အကျိုးကျေးဇူးများစွာရရှိမှာပါ။မှန်ပါတယ်။ အချို့ သစ်သီးနဲ့ ဟင်းသီးဟင်းရွက်တွေကိုလက်တစ်ဆုပ်စာစားရုံနဲ့ ကင်ဆာကို တွန်းလှန်နိုင်တဲ့အာဟာရဓာတ်တွေရရှိစေနိုင်တယ်ဆိုတာ ၂၀၁၀ ပြည့်နှစ်အတွင်း လေ့လာ စမ်းသပ်မှုတွေအရ သိရပါတယ်။ ကင်ဆာရောဂါကို အကောင်းဆုံးတွန်းလှန်နိုင်တဲ့အာဟာရဓာတ်နဲ့အစားအစာတွေကိုရွေးချယ်နိုင်ဖို့ ဖော်ပြပေးလိုက်ပါတယ်။
ဒေါက်တာခင်မိုးမိုး
No comments:
Post a Comment