Thursday, 21 January 2016

အပျိုကြီးမမတွေဖတ်နော်

သရက်သီးတွေ ဖင်ရှုံ့ရင် ပိုချိုတယ်ဆိုပေမယ့်အချိန်လွန်ရင် ပုပ်တတ်သဗျ…။အပျိုကြီးဆိုတဲ့ နာမ်စားကခေါ်လို့လဲမကောင်း ခေါ်ခံရတဲ့သူလဲမကောင်း…။လူကြီးတွေက သမီးလေးခေါ်နေတုန်းကိုယ့်ကိုယ်ကို မြီးကောင်ပေါက်လေးထင်…ကလေးတွေက အန်တီခေါ်လိုက်မှဂယောင်ခြောက်ခြားနဲ့ ပြက္ခဒိန်လှန်ကြည့်ရတာမျိုး…။နောက်ကားတွေက တဝှီးဝှီးကျော်တက်စောသေးလို့ အကြောပေးထားတာ ပြောနေရပေမယ့်တိုင်ကီထဲမှာ ဆီကနည်းနေပြီ…။အမေ စပ်ဟပ်ပေးတာလဲ မလိုချင်အဖေ သဘောတူတာလဲ မကြိုက်ကိုယ့်စိတ်ကြိုက် ခေါင်းခေါက်ရွေးဖို့ကလည်းငရဲကြီးမယ့် ဆိုဒ်…ကပ်လာသမျှက အန်ကယ်ကြီးတွေ…။အပျင်းပြေမလားဆိုပြီး ဟင်းလေးချက်ကျွေးရမယ့်သူမရှိတော့ ကိုယ့်ဘာသာစားဝ ဝလာမှ ငိုမဲ့မဲ့နဲ့ ဒေါသတွေထွက်…ဘာလုပ်လုပ် အဆင်မပြေပါဘူးတဲ့…။အပူမရှာဘူးဟေ့ လို့ ကြွေးကြော်ချမ်းလာတော့လဲ လွမ်းသလိုလို၊ဆွေးသလိုအနွေးဓာတ်လေးလိုချင်တော့မှ လောင်စာကနတ္ထိ~မရှိတရားဆိုတာ ခါးတတ်မှန်းသိလာတယ်…။အလှသွေးလေးကြွယ်တုန်း ရှာတော့Expire date လေး နီးလာတာလဲသတိပြု…သုံးဆယ်ကျော်ရင် မစဉ်းစားနဲ့ငှက်ပျောပင်သာ ကြိုစိုက်ထား…။ဒီခေတ်ကြီးမှာ…ငါးဆယ်တန်အပြဲ နဲ့ သုံးဆယ်ကျော်အပျိုကြီးဆိုတာသူတောင်းစားသွားလှူတောင် မျက်စောင်းထိုးခံရတာ…။ကဲ…ကဲ…အချိန်ရှိခိုက် လုံ့လစိုက်ရတာလေးတွေ ဆွဲစိ ၊ ရှိတာလေးတွေ ပိုက်ထားဒီနှစ်မကူးခင် မင်္ဂလာစားပွဲကျွေးနိုင်အောင် ကြိုးစား…။ ဒါဖဲပြောမယ်
 
တစ်ဆင့်
[--------]
  မှ

No comments:

Post a Comment