Sunday, 24 January 2016

အချစ်ကံဆိုးတယ်

နှလုံးလမ်းကြောင်းမှာ ကျွန်းခံနေတယ် ......
အချစ်နဲ့ပတ်သက်ရင် အမြဲတမ်းပဲ ကံဆိုးနေတယ်.....
အမှတ်မရှိရင် အချစ်ရေးအတွက်ကိုယ့်အသက်တောင်
ရန်ရှာတတ် တဲ့ မျက်ကန်း အချစ်သမားတဲ့......
.........
ဆိုတာ .. တကယ်တော့ နှလုံးလမ်းကြောင်းနဲ့ ကံလမ်းကြောင်းမှာ
ကျွန် ခံ နေမှ ဖြစ်တာပါ ..... အဲဒီ လို နှလုံးနဲ့ ကံလမ်းကြောင်းမှာ
ကျွန်းလည်း ရှိမယ် ။ 2 ဂဏန်း ၊ 3 ဂဏန်း ၊ 4 ဂဏန်း ၊ 7 ဂဏန်း
သမားဖြစ်မယ်ဆိုရင် အချစ်ကံမကောင်း ဖြစ်တတ်သလို /
အိမ်ထောင် ၂ ဆက် ၃ ဆက်ကျတာမျိုးလည်း ဖြစ်တတ်ပါတယ်။

.............

ဟိုတစ်နေ့ က စနေသားတစ်ယောက် ဗေဒင်လာမေးတယ်။
အမည်က အခိုက် နဲ့စပြီး အခိုက်နဲ့ဆုံးပြီးပေးထားတယ် ။
( ကို သိန်းဟန် တဲ့ )
2 ဂဏန်း သမား ။ မေးတဲ့ အချိန်ကလည်း စနေ အခါ ဖြစ်နေတော့
ဟောလိုက်တယ်....
အိမ်ထောင် ၂ ဆက်ကျလိမ့်မယ်။ အခု အိမ်ထောင်ပျက်ထားတယ်
မို့လား ဆိုတော့ .... ဟုတ်ပါတယ် ဆ၇ာ .... ပထမ အိမ်ထောင်နဲ့
ပျက်ထားတာ ၁ နှစ်ရှိပါပြီ တဲ့ ..

...............

အဲဒီတော့ က အခိုက်အမည်လည်းပေးထားမယ် ။
2 . 3 . 4 . 7 ဂဏန်းသမားဖြစ်မယ် ဆိုရင် များသောအားဖြင့်
အိမ်ထောင် ၂ ဆက် ကျကိန်းရှိပါတယ်။

အခိုက် အမည် ဆိုတာ ..
တနင်္ဂနွေသားသမီး ဆို .... စနေ စ စနေဆုံးပေးထား သူ ။
တနင်္လာသား သမီးဆို ...... တနင်္ဂနွေစ တနင်္ဂနွေ ဆုံး ပေးထားသူ ၊
အင်္ဂါ သားသမီး ဆိုရင် -------- တနင်္လာစ တနင်္လာဆုံး ပေးထားသူ ၊
ဗုဒ္ဒဟူး သား သမီး ဆိုရင် ------- အင်္ဂါ စ အင်္ဂါ ဆုံး ပေးထားသူ ၊
ကြာသပတေး သားသမီး ဆိုရင်---- ဗုဒ္ဒဟူး စ ဗုဒ္ဒဟူး ဆုံး ပေးထားသူ ၊
သောကြာ သားသမီး ဆိုရင် ------- ကြာသပတေးစ - ကြာသပတေးဆုံး ပေးထားသူ၊
စနေ သား သမီး ဆိုရင် ------- သောကြာ စ - သောကြာ ဆုံး ပေးထားသူ တို့ဖြစ်ပါတယ်။

...
.....
ဆရာထွန်းအောင်လူ
ကျောက်ဆည် ။

No comments:

Post a Comment