Monday, 25 January 2016

သက်ရှိသက်မဲ့ ချစ်ခင်လာအောင် ယတြာ

ဒီယတြာတွေက လာစေ ချစ်စေ ၀င်စေ ယတြာတွေ ဖြစ်တယ်။ တနည်း ပြောရရင် လာအောင် ချစ်အောင် ၀င်အောင် လုပ်တဲ့ ယတြာတွေပေါ့။ ဘာတွေကို လာအောင် ချစ်အောင် ၀င်အောင် လုပ်လို့ ရလည်းဆိုတော့ သက်ရှိသက်မဲ့ အရာအားလုံးကို လုပ်လို့ ရပါတယ်။ အရေးကြီးတာက သင် အလိုရှိတဲ့ အရာက ဘာနေ့သားသမီးလဲ ၊ သို့မဟုတ် ဘာနေ့နံလည်းဆိုတာ သိထားရမယ်။ သင်သည် တစ်စုံတစ်ခုကို အလိုရှိနေသည် ဆိုကြပါစို့။ ထိုအခါမျိုးတွင် အရင်ဆုံး မိမိ၏ ဇွဲ လုံးလ ၀ိရိယဖြင့် ကြိုး စားကြည့်ပါ။ ထိုသို့ ကြိုးစား အားထုပ် ကြည့်ပါသော်လည်း အကြောင်းအမျိုးမျိုးကြောင့် ထစ်ငေါ့ ကြန့်ကြာနေပါက ဆောင်ရွက်လို့ ရပါတယ်။အခု အောက်တွင် ရေးသားဖော်ပြမည့် ယတြာများသည် လာစေ ချစ်စေ ၀င်စေသော ဓာတ်ရိုက်နည်းများ ဖြစ်ပါသည်။ လာအောင် ချစ်အောင် ၀င်အောင်ပြုလုပ်ခြင်းဖြစ်၏။ မိမိ အလိုရှိနေသော ကိစ္စများသည် တစ်ခါတစ်ရံ သက်ရှိလည်း ဖြစ်၏။ တစ်ခါတစ်ရံ သက်မဲ့လည်း ဖြစ်၏။ သက်ရှိ ဖြစ်စေ သက်မဲ့ဖြစ်စေ အဆင်ပြေစေပါသည်။ ထွက်သွားရင် ပြန်လာတယ်။ မုန်းနေရင် ချစ်စေတယ်။ အလိုရှိတဲ့အခါမှာ ၀င်လာစေတယ်ပေါ့။ ဥပမာ သင်သည် တစ်စုံတစ်ယောက်ကို ချစ်ခွင့်ပန်၏။ သူသည် မိမိကို ပြန်ချစ်စေချင်၏။ ထိုကိစ္စမျိုးတွေ ရပါသည်။ နောက်တစ်ခု ချစ်သူနှစ်ဦး စိတ်ဆိုး စိတ်ကောက်၍ တစ်ယောက်က တစ်ယောက်ကို အဆက်အသွယ် ဖြတ်ထားတယ် ဆိုပါစို့။ အဲဒီလို အခါမျိုးတွေမှာ ကိုယ့်ချစ်သူ ကိုယ့်ကို စိတ်ဆိုးပြေအောင် ကိုယ့်ဆီလာအောင် ကိုယ့်ကို ပြန်ချစ်အောင် ဆောင်ရွက်လို့ ရပါတယ်။နောက်တစ်ခု မိမိတို့ မိသားဝင်များထဲမှ တစ်စုံတစ်ယောက်သည် စိတ်ဆိုး စိတ်ကောက်၍ အိမ်ပေါ်မှ ဆင်းသွားသည် ထွက်သွားသည် ဆိုကြပါစို့။ ထိုအခါမျိုးတွင်လည်း ဤယတြာကို ထွက်သွားသူ ပြန်လာစေဖို့ စိတ်ဆိုးပြေစေဖို့ အိမ်ပြန်လာဖို့အတွက် ဆောင်ရွက်လို့ ရပါတယ်။နောက်တစ်ခု မိမိက ဆိုင်ခန်းတစ်ခန်း ရှာနေသည်ဆိုကြပါစို့။ အင်္ဂါနံ ဖြစ်သော ဆိုင်ခန်း တစ်ခန်း အမြန်ရအောင် အမြန်ဝင်အောင် ဆောင်ရွက်မယ် ဆိုရင်လည်း ရပါတယ်။ အိမ်တစ်လုံး ၀ယ်ဖို့ ငှားဖို့ လိုက်ရှာ နေတယ်ဆိုရင်လည်း ရပါတယ်။နောက်တစ်ခု ကိုယ်က ငွေပေးထားတယ်။ ယူထားတဲ့ လူက ပြန်မပေးဘူး။ ဆက်သွယ်မလာဘူး။ အဲဒီလို အခါမျိုးတွေဆိုရင်လည်း ဒီ တနင်္လာနံ ဆိုတဲ့ ငွေ ပြန်ဝင်လာအောင် ဒီယတြာကို ဆောင်ရွက်လို့ ရပါတယ်။ ဒါတွေကတော့ ဥပမာ အနေနှင့် ပြောပြ တာပါ။ ဒါပေမယ့် ဒီယတြာက လုပ်လိုရရတာ အများကြီးပါ။ ရှေ့ဆရာတွေ ပြောခဲ့သလို ညာဏ်ရှိသလိုသာ သုံးကြပေတော့။အဓိက ပြောချင်တာက တစ်စုံတစ်ခု (သို့) တစ်စုံတစ်ရာကို သင်က အလိုရှိတယ် ဆိုကြပါစို့။ အဲဒီလို အခါမျိုးတွေမှာ ကိုယ်အလိုရှိနေတဲ့ အရာဝတ္ထု ကိုယ့်ဆီကို လာအောင် ၀င်အောင် ချစ်အောင် ဆောင်ရွက်လို့ ရတဲ့ ယတြာဖြစ်ပါတယ်။ ဒီနည်းကိုတော့ အင်္ဂ၀ိဇ္ဇာ နည်းနဲ့ ပေးထားတဲ့ ဓာတ်ရိုက် ဓာတ်ဆင်နည်း ဖြစ်ပါတယ်။ တိုက်တွန်းချင်တာကတော့ လုပ်ကြည့်ပါ။ အခက်အခဲရှိရင် လုပ်ကြည့်ပါ။ ထိထိရောက်ရောက် လုပ်ကြည့်ပါ။ လေးလေးစားစား သေသေချာချာ လုပ်ကြည့်ပါ။ လုပ်ပြီးရင် အဆင်ပြေတယ်ဆိုတာ သိရမှာပါ။ မခက်ပါဘူး။ လွယ်ပါတယ်။ ဒါကြောင့် အခက်အခဲကြုံရင် လုပ်သာ ကြည့်ပါ။တနင်္ဂနွေနံ - လာအောင် ချစ်အောင် ၀င်အောင်အရင်ဆုံး တစ်ထွာလောက်ရှိတဲ့ စာရွက်တစ်ရွက်မှာ သင်ဖြစ်ချင်တာကို ရေးထားပါ။ ကံ့ကော် (၁၅)ညွန့် ၊ စံပယ် (၈)ညွန့်ကို ကိုယ် ဖြစ်ချင်တာ ရေးထားသော စာရွက်နှင့် ပတ်လိုက်ပါ။ အဲဒီအပေါ်မှာ ၀ါးရွက်နှင့် ထပ်ပတ်လိုက်ပါ။ ပြီးရင် ဒန်အိုးထဲမှာထည့် ၊ မီးအပူပေးပြီး ကိုယ်ဖြစ်ချင်တာ ဆုတောင်းပါ။ (၅)-ရက် ဆက်တိုက် ဆောင်ရွက်လိုက်ပါ။ မှတ်ချက်-(ကံ့ကော် (၁၅)ညွန့် ၊စံပယ် (၈)ညွန့် မရပါက အခြားလွယ်ကူသော တနင်္လာနံ ၊ အင်္ဂါနံ ပစ္စည်းများနှင့် အစားထိုးဆောင်ရွက်လို့ ရနိုင်ပါသည်။တနင်္လာနံ-လာအောင် ချစ်အောင် ၀င်အောင်အရင်ဆုံး တစ်ထွာလောက်ရှိတဲ့ စာရွက်တစ်ရွက်မှာ သင်ဖြစ်ချင်တာကို ရေးထားပါ။ စံပယ် (၈)ညွန့် ၊ ရွက်လှ (၁၇) ညွန့်ကို ကိုယ် ဖြစ်ချင်တာ ရေးထားသော စာရွက်နှင့် ပတ်လိုက်ပါ။ အဲဒီအပေါ်မှာ ဖက်နှင့် (ဖက်ဆိုတာ-ကုန်စိမ်းသည်တွေ ပစ္စည်းထုပ်တဲ့ ဖက်ကို ဆိုလိုပါသည်) ထပ်ပတ် လိုက်ပါ။ (ပီနံကြိုးနဲ့ ပတ်ရင်လည်း ရပါတယ်)  ပြီးရင် အိုးတစ်လုံးထဲမှာထည့် ၊ မီးဖိုပေါ်တင် မီးအပူပေးပြီး ကိုယ်ဖြစ်ချင်တာ ဆုတောင်းပါ။ (၇)-ရက် ဆက်တိုက် ဆောင်ရွက်လိုက်ပါ။ မှတ်ချက်-(စံပယ် (၈)ညွန့် ၊ ရွက်လှ (၁၇) ညွန့် မရပါက အခြားလွယ်ကူသော ၊ အင်္ဂါနံ၊ ဗုဒ္ဓဟူးနံ ပစ္စည်းများနှင့် အစားထိုးဆောင်ရွက်လို့ ရနိုင်ပါသည်။အင်္ဂါနံ-လာအောင် ချစ်အောင် ၀င်အောင်အရင်ဆုံး တစ်ထွာလောက်ရှိတဲ့ စာရွက်တစ်ရွက်မှာ သင်ဖြစ်ချင်တာကို ရေးထားပါ။ ရွက်လှ (၁၇)ညွန့် နှင့် မေမြို့(၅)ပွင့်ကို ကိုယ် ဖြစ်ချင်တာ ရေးထားသော စာရွက်နှင့် ပတ်လိုက်ပါ။ အဲဒီအပေါ်မှာ သွတ်နန်းကြိုးနှင့် ထပ်ပတ် လိုက်ပါ။ ပြီးရင် ချိုင့်တစ်လုံးထဲမှာမြေကြီးထည့် ၊ အဲဒီ မြေကြီးထဲမှာ အခုန ပန်းတွေကို မြေမြုတ်ထားပြီး ကိုယ်ဖြစ်ချင်တာ ဆုတောင်းပါ။ (၉)-ရက် ဆက်တိုက် ဆောင်ရွက် လိုက်ပါ။ မှတ်ချက်-(ရွက်လှ (၁၇)ညွန့် နှင့် မေမြို့(၅)ပွင့် မရပါက အခြားလွယ်ကူသော ဗုဒ္ဓဟူးနံ ကြာသပတေးနံ ပစ္စည်းများနှင့် အစားထိုးဆောင်ရွက်လို့ ရနိုင်ပါသည်။ဗုဒ္ဓဟူးနံ-လာအောင် ချစ်အောင် ၀င်အောင်အရင်ဆုံး တစ်ထွာလောက်ရှိတဲ့ စာရွက်တစ်ရွက်မှာ သင်ဖြစ်ချင်တာကို ရေးထားပါ။ မေမြို့(၅)ပွင့်၊ သပြေ (၂၁) ညွန့်ကို အစောန ဖြစ်ချင်တာ ရေးထားသောစာရွက်နှင့် ပတ်လိုက်ပါ။ အဲဒီအပေါ် မှာ ထန်းရွက်နှင့် ထပ်ပတ်လိုက်ပါ။ ပြီးရင် လေဓာတ်ရအောင် လေတိုက်တဲ့နေရာမှာ ချိပ်ထားလိုက်ပြီး ကိုယ်ဖြစ်ချင်တာ ဆုတောင်းပါ။ (၁၁)-ရက် ဆက်တိုက် ထားလိုက်ပါ။ မှတ်ချက်-(မေမြို့(၅)ပွင့်၊ သပြေ (၂၁) ညွန့်ကို မရပါက အခြားလွယ်ကူသောကြာသပတေးနံ သောကြာနံ ပစ္စည်းများနှင့် အစားထိုးဆောင်ရွက်လို့ ရနိုင်ပါသည်။ကြာသပတေးနံ-လာအောင် ချစ်အောင် ၀င်အောင်အရင်ဆုံး တစ်ထွာလောက်ရှိတဲ့ စာရွက်တစ်ရွက်မှာ သင်ဖြစ်ချင်တာကို ရေးထားပါ။ သပြေ (၂၁)ညွန့် နှင့် နှင်းဆီ(၁၀)ပွင့် ကို အစောန ဖြစ်ချင်တာ ရေးထားသောစာရွက်နှင့် ပတ်လိုက်ပါ။ အဲဒီအပေါ်မှာ အုန်းလက်နှင့် ထပ်ပတ်လိုက်ပါ။ ပြီးရင် ရေဓာတ်ရအောင် ရေထဲမှာမှာ စိမ်ထားလိုက်ပြီး ကိုယ်ဖြစ်ချင်တာ ဆုတောင်းပါ။ (၁၃)-ရက် ဆက်တိုက် ထားလိုက်ပါ။ မှတ်ချက်-(မေမြို့(၅)ပွင့်၊ သပြေ (၂၁) ညွန့်ကို မရပါက အခြားလွယ်ကူသော သောကြာနံ စနေနံ ပစ္စည်းများနှင့် အစားထိုးဆောင်ရွက်လို့ ရနိုင်ပါသည်။သောကြာနံ-လာအောင် ချစ်အောင် ၀င်အောင်အရင်ဆုံး တစ်ထွာလောက်ရှိတဲ့ စာရွက်တစ်ရွက်မှာ သင်ဖြစ်ချင်တာကို ရေးထားပါ။ နှင်းဆီ(၁၀)ပွင့် နှင့် အုန်း (၆)ညွန့် ကို အစောန ဖြစ်ချင်တာ ရေးထားသောစာရွက်နှင့် ပတ်လိုက်ပါ။ အဲဒီအပေါ်မှာ ချဉ်ကြိုးနှင့် ထပ်ပတ်လိုက်ပါ။ ပြီးရင် မြေဓာတ်ရအောင် မြေထဲမှာ မြှတ်ထားလိုက်ပြီး ကိုယ်ဖြစ်ချင်တာ ဆုတောင်းပါ။ (၅)-ရက် ဆက်တိုက် ထားလိုက်ပါ။ မှတ်ချက်-(နှင်းဆီ(၁၀)ပွင့် နှင့် အုန်း (၆)ညွန့် ကို မရပါက အခြား လွယ်ကူသော စနေနံနှင့် တနင်္ဂနွေနံ ပစ္စည်းများနှင့် အစားထိုးဆောင်ရွက်လို့ ရနိုင်ပါသည်။စနေနံ-လာအောင် ချစ်အောင် ၀င်အောင်အရင်ဆုံး တစ်ထွာလောက်ရှိတဲ့ စာရွက်တစ်ရွက်မှာ သင်ဖြစ်ချင်တာကို ရေးထားပါ။ အုန်း (၆)ညွန့် နှင့် ကံ့ကော် (၁၅)ညွန့်ကို အစောန ဖြစ်ချင်တာ ရေးထားသော စာရွက်နှင့် ပတ်လိုက်ပါ။ ပြီးရင် သံပုံးထဲမှာရေထည့် အဲဒီရေထဲမှာ ထည့်ထားလိုက်ပြီး ကိုယ်ဖြစ်ချင်တာ ဆုတောင်းပါ။ (၁၂)-ရက် ဆက်တိုက် ထားလိုက်ပါ။ မှတ်ချက်-(အုန်း (၆)ညွန့် နှင့် ကံ့ကော် (၁၅)ညွန့်ကို မရပါက အခြား လွယ်ကူသော ကြာသပတေးနံ သောကြာနံ ပစ္စည်းများနှင့် အစားထိုးဆောင်ရွက်လို့ ရနိုင်ပါသည်။ မရှင်းလင်းရင်ပဲ ဖြစ်ဖြစ် ကျွန်တော့်ဆီကို အီးမေးလ် ပေးပို့ပြီး မေးမြန်းနိုင်ပါတယ်။

No comments:

Post a Comment