ချင်းနဲ့ကြက်သွန်ဖြူကို ပါးပါးရှည်ရှည်လေးတွေလှီးပါ။
ပန်ကန်တချပ်ထဲမှာ ရေသေချာဆေးထားတဲ့ ငါးကိုထည့်ပါ။
ချင်းနဲ့ကြက်သွန်ဖြူကို ပါးပါးရှည်ရှည်လေးတွေကို ငါးပေါ်မှာနဲ့ ငါးဗိုက်ထဲကို ထည့်ပေးပါ။ အပေါ်ကနေ ဆားနည်းနည်းဖြူးပေးပါ။
သံပုရာသီး အဝိုင်းလှီးထားတာလေး ၁ခု၂ခုလောက် ထည့်ပေးပါ။ အိုးတလုံးထဲမှာရေထည့် ပုဂံလုံဖြစ်ဖြစ် တခုခုကို ခုဏက ငါးထည့်ထားတဲ့ ပုဂံတင်ဖို့ ထည့်ပါ။ ရေအများကြီး မထည့်မိပါစေနဲ့။
လိုအပ်ရင် ထပ်ထည့်လို့ရပါတယ်။
ရေနွေးငွေ့နဲ့ပဲပေါင်းမှာပါ။ပြီးရင်သာ အဖုံးအုပ်ဖို့ မမေ့ပါနဲ့။
သံပုရာသီးကို အရည်ညှစ်ထားပါ။
သကြားနည်းနည်း ကြက်သွန်ဖြူ ငရုတ်သီးစိမ်း(အနီ/အစိမ်း) ပူဒီ(စီ)နံ စတာတွေကို မညက်တညက်လေး ရောသာထောင်းထားပါ။ပြီးရင် ညှစ်ထားတဲ့ သံပုရာရည်နဲ့ ရောပြီး မွှေထားပေးပါ။
ငါးငံပြာရည်လေး နည်းနည်းထည့်ပါ။
ငါးပေါင်းထားတာ ၁၅မိနစ်ဆိုရင် ငါးကသေချာပေါက် ကျက်ပါပြီ။ပေါင်းထားတဲ့ ငါးပုဂံကို အိုးထဲကထုတ် ခုဏက ပြင်ထားတဲ့ သံပုရာချဉ်စပ်အရည်ကို ငါးပေါင်းပေါ်ဖြန့်တင်ပေးပါ။
ငါးသံပုရာပေါင်းရပါပြီခင်ဗျာ။
No comments:
Post a Comment