Thursday, 28 January 2016

မှဲ့အရောင်များအကြောင်း

လူတို့၏ ခန္တာကိုယ်ပေါ်တွင် စွဲတင်ကျန်နေသော မှဲ့အမျိုးမျိုးတို့မှာ အရောင်အသွေးများစွာရှိပါတယ်။အဲ့ဒါတွေကတော့ -မှဲ့ဖြူမှဲ့နီမှဲ့ညိုမှဲ့နက်မှဲ့ဝါမှဲ့စိမ်းမှဲ့ရှင်တို့ဘဲဖြစ်ပါတယ်။(၁)မှဲ့ဖြူအကြောင်း - ကောင်းလည်းမကောင်း၊ ဆိုးလဲမဆိုးဘဲ အလယ်အလတ်တွင်ရှိပါတယ်။(၂)မှဲ့နီအကြောင်း - ကောင်းကျိုးကို ထူးကဲစွာ ပေးတတ်ပြီး ဆိုးကျိုးပေးရာ တွင်လည်းထူးကဲပါတယ်။(၃)မှဲ့ညိုအကြောင်း - တဖက်သားကို ကြင်နာပြီး သနားခါသမာဓိရှိတတ်သည်။(၄)မှဲ့နက်အကြောင်း - ကောင်းကျိုးပေးရာတွင် နည်းပါးတတ်သည်။(၅)မှဲ့ဝါအကြောင်း - စိတ်ကူးယဉ်တတ်ပြီး သုခုမ၀ါသနာပါသူဖြစ်သည်။(၆)မှဲ့ရှင်အကြောင်း - အရောင်အသွေး ကွဲပြားမှု အတိအကျမရှိသဖြင့် ဖော်ပြထားသော အရောင် (၆)မျိုးမှ တစ်ခုခုဖြစ်နိုင်ပါသည်။မှတ်ချက်အနေနဲ့အတော့ မှဲ့စိမ်းသည် ရှာမှရှားသောမှဲ့ဖြစ်သောကြောင့် မပါဝင်ပါခင်ဗျာ။ယေဘုယျအားဖြင့် မှဲ့အဟောများမှာညာဘက်အောက်နှုတ်ခမ်းတွင် မှဲ့ရှိလျှင် ချစ်ခင်သူပေါသည်။မျက်ခုံးနှစ်ခုကြားတွင်း မှဲ့ရှိလျှင် ကျော်ဇောတတ်၊ ရက်စက်တတ်သူဖြစ်နိုင်သည်။နှာခေါင်း တွင်မှဲ့ပါလျှင် အနုပညာထက်သန်တတ်၊ စိတ်ကူးယဉ်တတ်တယ်။စပါးတင်မှဲ့ပါလျှင် စန်းပွင့်တတ်၊ချစ်သူရည်းစားပေါတတ်သည်။မျက်ရည်ခံမှဲ့ပါလျှင် ချစ်သူရည်းစား၊ အိမ်ထောင်ဘက်ဘေးတွေ့တတ်သည်။မှဲ့စလွယ်ပါခဲ့သော်ဘ၀ဟောင်းက အကြီးအကဲမင်းဖြစ်တတ်သည်။သားမြတ်တွင်မှဲ့ပါခဲ့လျှင် သားသမီးအကျိုးခံစားရတတ်သည်။ယောင်္ကျားအင်္ဂါမှဲ့ပါခဲ့လျှင်ရှေးဆရာကြီးများအဆိုအရ အိမ်ထောင်ဆက်များတတ်သည်။အမျိုးသမီးအင်္ဂါတွင် မှဲ့ပါလျှင် အိမ်ထောင်ပျက်တတ်သည်။ အိမ်ထောင်ဘက်သေဆုံးတတ်သည်။ အညှလွယ်ပြီး မူယာမာယာများတတ်သည်။ ရမ္မက်ကြူးပြီး လင်ယောင်္ကျားအပေါ် လော်လီတတ်၏။ပုခုံးပ်ါမှဲ့ပါခဲ့သော် ပင်ပန်းဆင်းရဲတတ်၏။ လက်ဖ၀ါးမှဲ့ပါခဲ့သော် သြဇာ ညောင်း၏။ ခြေဖ၀ါးမှဲ့ပါသော် ကြမ်းတမ်းသောအမှုပြုတတ်သူ ဖြစ်၏။
(ကာလီဒါသ မှဲ့သျှတ္တရအဆို)

No comments:

Post a Comment