Monday, 18 January 2016

ပန်းသီးနဲ့ပတ်သတ်တဲ့အကြောင်းလေး

ပန်းသီးနဲ့ပတ်သတ်တဲ့အကြောင်းလေးတွေကို ဒီကနေ့ ဆက်ပြောချင်ပါတယ်။
ပန်သီးကို ပုံမှန်စားပေးခြင်းအားဖြင့် အောက်ဖော်ပြပါအကျိုးကျေးဇူးတွေကို ခံစားရနိုင်ကြောင်း ပညာရှင်တွေကဆိုတယ်။

၁။အယ်လ်ဇိုင်းမားရောဂါအန္တရာယ်ကင်းဝေးစေတယ်
ပန်းသီးမှာပါဝင်တဲ့  အစွမ်းထက်အင်တီအောက်ဆီးဒင့် ကွာစီတင်ဟာ ဦးနှောက်ဆဲလ်တွေ မပျက်စီးအောင်ကာကွယ်ပေးနိုင်စွမ်း
ရှိပါတယ်။ပန်းသီးခွံထဲမှာရောဂါကာကွယ်ပေးတဲ့ ဒြပ်ပေါင်းတွေအများအပြားပါဝင်တာကြောင့် ပန်းသီးစားရင် အခွံပါစားဖို့ 
ကော်နဲလ်တက္ကသိုလ် သုတေသနပညာရှင်ချန်လီက ဆိုပါတယ်။။

၂။အူမကြီးကင်ဆာမဖြစ်အောင်ကာကွယ်ပေးတယ်
ပန်းသီးမှာပါဝင်တဲ့ သဘာဝအမျှင်ဓာတ်ဟာ အူမကြီးမှာကင်ဆာဆဲလ်ဖြစ်ပေါ်ခြင်းကို တိုက်ခိုက်ပေးတဲ့ ဓာတ်ပစ္စည်း
ထုတ်ပေးကြောင်း ဂျာမနီသုတေသနအသစ်တစ်ခုကဆိုပါတယ်။

၃။သွေးတိုးခြင်းမှ ကာကွယ်ပေးတယ်
အရွယ်ရောက်လူကြီးတွေအနက် ပန်းသီးစားသူတွေဟာ ပန်းသီးမစားသူတွေနဲ့ ယှဉ်ရင် သွေးတိုးရောဂါဖြစ်နိုင်ခြေကို ၃၇%
လျော့ကျစေကြောင်း လတ်တလော အစားအစာဆန်းစစ်လေ့လာမှု အရ သိရပါတယ်။။

သို့ပေမယ့်
သို့ပေမယ့်
တစ်ခုတော့ သတိပြုရလိမ့် မယ်။ အဲဒါက ဘာတုန်းဆိုတော့ ပန်းသီးရဲ့အခွံလေ
ပန်းသီးရဲ့အခွံ ဟာကျန်းမာရေ့းကောင်းမွန်ကြောင်းကို အထက်မှာလည်း ဖော်ပြခဲ့ပြီးပြီ
ဒါပေမယ့် တချို့သော ပန်းသီးတွေက တာရှည်ခံနိုင်ဖို့ ရည်ရွယ်ပြီး အခွံကို ဖယောင်းသုတ်ထားလေ့ရှိကြပါတယ်။ အထူးသဖြင့် နိုင်ငံရပ်ခြားက လာတဲ့အသီးတွေမှာ ဖြစ်လေ့ များပါတယ်။ ဒါကြောင့် အခွံရောစားမဲ့အခါမျိုးမှာပေါ့ ဓားပါးပါးလေးနဲ့ ခြစ်ကြည့်ပြီးမှ စိတ်ချရပြီဆိုမှ အခွံရောပါစားသင့်ကြောင်းပါ ဖယောင်းပါတာကို စစ်ဆေးတွေ့ရှိရရင်တော့ ခွာပြီးစားကြပါရန် အကြံပြုလိုက်ရပါတယ်။

ကျန်းမာသုတ အဝဝနဲ့ ပြည့်စုံကြပါစေပေါ့

No comments:

Post a Comment