Monday, 18 January 2016

သူရသတီမယ်တော် ဘယ်ကလာ?

ဗုဒ္ဓ၊ ခရစ်ယာန်၊ အစ္စလာမ်၊ ဟိန္ဒူ၊ ဂျူးး ဘာသာကြီး ငါးခု ကို လက်လှမ်း မမီတဲ့ လူတွေက တောတွေ ရှိခိုး၊ တောင်တွေ  ရှိခိုး အမျိုးကို စုံနေတယ်။ ဗမာတွေ ကတော့ သုံးဆယ့် ခုနှစ်မင်း ရှိခိုးကြတယ်။ နည်းသေးတယ် ထင်ရင် အိန္ဒိယပြည် သွားတောင်းကြ။ ဟိုမှာ သုံးထောင့် ခုနှစ်ရာ မကဘူး။ မှောင်ခို လမ်းကြောင်း ကနေ ရောက်လာတယ် ဆိုကြပါစို့၊ မင်းတို့ ဘုရားစင်ပေါ် မှာ သူရဿ       တီဆိုတဲ့ အရုပ် ကလေး ရှိတယ်။ ပိဋကတ် သုံးပုံ သူက စောင့်တယ်တဲ့။  တိပိဋကဆရာတော်တွေ အလကားဖြစ် သွားရော။ သြော်- ဒုက္ခ-- သူရဿ      တီ ဘယ်က လာသလဲ သိလား။  ဗမာပြည် မှာ မွေးတဲ့ နတ် သမီး မဟုတ်ဘူး။ သူ့ရဲ့ မွေးရပ်မြေ က ပန်ဂျပ်မှာ မွေးတာ။ ပန်ဂျပ်ဆိုတာ သိလား။  အိန္ဒိယပြည် အနောက်ပိုင်း ပါကစ္စတန် အရှေ့ပိုင်းစ် နယ် စပ် ဟိုဘက် တစ်ခြမ်း ဒီဘက်တစ်ခြမ်း။  အဲဒီ မှာ ပဉ္စရယ် အာပရယ် ပေါင်းစပ်ထားတာ။ အဲဒါကို ပန်စာပ လို့ တွဲဖတ်တယ်။ ကုလားသံ နဲ့ ဖတ်တော့ ပန်ဂျာပ လို့ ဖြစ်တယ်။  ပဉ္စ က ငါးခု၊ အာပ က မြစ် ၊မြစ်ငါးစင်း ရှိတဲ့ အရပ် ကို ပန်ဂျာပ လို့ ခေါ်တာ။ အဲဒီမြစ်ငါးစင်း ထဲမှာ ဆရဆွတ္တီ ဆိုတဲ့ မြစ်ရှိတယ်။ ဗမာလို ဖတ်တော့ “သူရဿ      တီ” ပေါ့။  အဲဒီမြစ်က နတ်သမီးပဲကွ။ အိန္ဒိယပြည် မှာ အာရီယန် ဆိုတဲ့ လူတွေ  အခြေချပြီး အစောဆုံးနေတာ။ အဲဒီ ပန်ဂျပ်မှာနေတာ အာရီယန်တွေ  ဘယ်က စတာလဲ သိလား။ အာရီယန်တွေ ကော့ကေးရှပ် တောင်တန်ကြီးက ဆင်းလာခဲ့တဲ့ အကောင်တွေ။ ကော့ကေးရှပ် တောင်တန်းကြီး က ဘယ်နားရှိလဲ။ ပဲခူးရိုးမ မှာ မရှိဘူး။ shan mountain  ရှမ်းတောင် တန်း မှာ လည်း မရှိဘူး။ ကက်စပီယန် ပင်လယ်နဲ့ ပင်လယ်နက် အကြား ၊ မာက်ဖက် နား ဂျော်ဂျီယာပြည် နယ်ထဲမှာ ရှိတယ်။ ရုရှားပြည် ရဲ့ တောင်ဘက် စွန်းပေါ့။ အဲဒီ က လူတွေကို “အာရီယန်” လို့ ခေါ်တာ။ သူတို့တွေ ဆင်း ဆင်း လာကြတာ တောင်တန်းက  တစ်နှစ်လုံး ရေခဲ၊ စားစရာ က မရှိ၊ အဲဒါနဲ့ အရှေ့ ဆင်းတဲ့ကောင် က ဆင်း၊  အနောက် ဆင်းတဲ့ ကောင်က ဆင်း၊  အရှေ့ ဘက်နှင့် တောင်ဘက် ဆင်းတဲ့ ကောင်က များတယ်။ အုပ်လိုက် အုပ်လိုက် ကျွဲ အုပ်တွေ၊ နွား အုပ်တွေ၊  သိုး အုပ်တွေ၊ဆိတ် အုပ်တွေ နဲ့ ဆင်းသွား ကြတာ။ အဲလို ကျွဲ၊ နွား၊ ဆိတ်၊ သိုးနဲ့ သွားတဲ့  ဒီ လူအုပ်တွေ ကို ကာရေဗီယန် ခေါ်တာ။  ကာရေဗီယန် ဆိုတာ မော်တော်ကားနာမည် ပြောတာမဟုတ်ဘူး။ အဲဒီ အုပ် လိုက်ကြီး ဆင်းလာ ပြီးတော့မြေထဲပင်လယ် ကမ်းနားတစ်ဝိုက် သဲကန္တာရတွေထူတဲ့  အရပ်တွေမှာ အခြေချနေခဲ့ကြတယ်။  ဒီ ကနေ့ မင်းတို့ သိတဲ့ အီရန်၊ အီရတ် ဆိုတဲ့ တိုင်းပြည်တွေ ကို အဲဒီ လူတွေ ထူထောင် ခဲ့ကြတာ။ အဲဒီ ဆိတ်အုပ်တွေ သိုး အုပ်တွေနဲ့ အရှေ့ကို  ဆက်လက် ချီတက်တော့ အာဖဂန် နစ္စတန်ဖြတ်ပြီး၊ ပါကစ္စ တန်ဖြတ်ပြီး အရှေ့ဘက် ချီတက်ကြတယ်။ အာဖဂန် တို့ ပါကစ္စတန် တို့ ဆိုတဲ့ တိုင်းပြည်တွေ ပေါ်တာ သိပ်မကြာသေးဘူး။နှစ်တစ်ထောင်ကို မရှိသေးဘူး။ အဲဒီတော့ တိုတိုပြောစို့... မြစ် ငါးစင်းရှိတဲ့ အရပ် ကို ရောက်တာ အနောက်ဘက် ကနေ သူတို့ ဖြတ်လာခဲ့ သမျှ လမ်းတစ်လျှောက်လုံး ဟာ သဲတွေ ချည်းပဲ ဆိုတော့ မြစ်ငါးစင်းရှိတဲ့ အရပ်လည်း ရောက်ရော ဧရာဝတီ လို ဖြစ်နေတာ။ နယ်မြေ တစ်ခုလုံးက စိမ်းစို ညိုနေတဲ့ အရပ်ဆိုတော့ လူတို့ Settle အခြေ ချနေကြတာ။ “ဒီလောက် စိမ်းစို လှပ စရာဖြစ်တဲ့ ဒီမြေကြီးကို  ဘယ်သူများ ဖန်ဆင်းခဲ့ သလဲလို့”တွေးပြီး ဖန်ဆင်းရှင် ရှာတော့ ဗြဟ္မာ သွားတွေ့ရော။ တကယ်တော့ ဗြဟ္မာ ကို ဘယ်သူ မှ မြင်တာ မဟုတ်ဘူး။  စိတ်ကူး နဲ့ သူတို့ ဖော်ထုတ်တာ ဆိုတော့-- Brama created this word ဖြစ်တော့တာ။ ဟော... တော်တော်ကြာ ကျတော့   ဒီလောက် သန်းပေါင်း များစွာ ကြာနေတဲ့  ဒီ ကမ္ဘာ Who preserved?,who maintained? ဘယ်သူ ထိန်းထားလဲ ဆိုပြီး maintainer  (ထိန်းသိမ်းစောင့်ရှောက်သူ) ကို သူတို့ ရှာကြပြန်တယ်။ ဒီတော့ သွားတွေ့တယ်။ Vishnu is the maintainer. နောက်ကျတော့ မုန်တိုင်းတွေ တိုက်လို့ သေကြပြန်ရော ။ ရေလျှံ လို့ သေကြ ပန်ရော။  တောမီးတွေ လောင်လို့ သေကြပြန်ရော။ ဟာ... Who destory this world? destroyer (အဖျက် သမား) ဘယ်သူလဲ။  Shiva- ရှီဝ ပေါ့။ Shiva destroy this world. အဲဒီ Brama ရယ်၊ Vishnu ရယ်။  Shiva ရယ်ကို ရတနာသုံးပါးတဲ့။ သူတို့တွေ သတ်မှတ်လိုက်ကြတာ။ မင်းတို့ ငါတို့ မှာလည်း ရတနာသုံးပါး ရှိတယ် ဆိုတော့ Similar ဖြစ်နေတယ်။ အဲလောက် လှတဲ့ ကမ္ဘာကြီး ကို ဖန်ဆင်းတဲ့ ● Brama (ဗြဟ္မာ)ရယ်... ●စာင့်ရှောက်တဲ့ Vishnu (  ဗိဿနိုး      )ရယ်.... ●ဖျက်ဆီးတဲ့ Shiva (ရှီဝ)ရယ်... ဒီ ဘုရားကြီး သုံးဆူ ကို ပူဇော်ဖို့ ပူဇော် တဲ့ နည်းစနစ်တွေကို ရေးတယ်။ အဲလို ပူဇော်တဲ့ ကျမ်းတွေဟာ “ယဇုဗေဒ”ဆိုပြီး ဖြစ်လာတယ်။  ပူဇော်တဲ့နေရာမှာ ဂါထာ မန္တရားတွေ ရွတ်နည်း၊ ဖတ်နည်းတွေ ကို ရေးသားတဲ့ ကျမ်းက  “သောမဗေဒ”ကုလားလို (ရှာမဗေဒ)လို့ ဖြစ်လာတယ်။ ဒီတော့ ဗေဒ သုံးခု လို့ လာတယ်။ ဒို့ ပိဋိကတ်သုံးပုံနဲ့ လာဆင်တူနေပြန်တယ်။ အဲဒီတော့.. . သူရဿ      တီ ဆိုတဲ့မြစ်က တောင်ကြိုချောက် ကြား ကျောက်ဆောင် ကျောက်စွယ်တွေ ကိုဖြတ်ပြီး ရေစီးတော့ နိမ့် တစ်လှည့်မြင့် တစ် လှည့်နဲ့ ရေစီး တယ်။ လေ လေးလည်း အတိုက်မှာ အဲဒီ ရေစီးက ထွက်လာတဲ့ အသံဟာ ဂီတ သံနဲ့ တူတယ်။ ဂီတ သံလေး လိုလို သီချင်း ဆိုနေတဲ့ အသံလေး လိုလိုပေါ့။  ဒီတော့ အသံ ရှိတဲ့ ဒီမြစ် ကို “သရဝတီ” ကနေ အသံပြောင်းတော့ “သူရဿ       တီ” ဖြစ်သွားတော့တာပဲ။ မန္တာန်တွေ ဂါထာတွေ ရေးသား သီကုံးပြီးတော့  စာအုပ် ကလေးပြုစုတော့ အဲဒီ စာအုပ် က သာမဗေဒ ဖြစ် လာတယ်။ ဒီတော့.. . အဲဒီမြစ်ငါးစင်း ရှိတဲ့ လူတွေ ကို  ဗမာခေါ် ခေါ်ရင် “ပန်ချာပီ” ဖြစ်လာ တာပေါ့။ ဒီ အသံကောင်းတဲ့ ဒီမြစ် ကို စောင့်ရှောက်တာ နတ်သား လား၊ နတ်သမီး လား.... ဟုတ်ပြီ နတ် သမီးဖြစ်ရမယ်။ မြစ်ကလေး ကလည်း လှ၊ အသံလေး ကလည်း သာတယ်ပေါ့။ အဲဒါ နဲ့ နတ်သမီး ပုံလေးကို စိတ်ကူး နဲ့ ရေးကာ မြစ်ထဲ ဆိုတော့ ဘဲလေးတွေ သွားနေတာ ကို ဘဲလေးပေါ်မှာ  နတ်သမီးလေး တင်ပြီး စိတ်ကူး နဲ့ ရေးလိုက်ကြရော ဆိုတော့.... `သူရဿ        တီ´နတ် သမီး ဆိုပြီး အဲဒီမှာ မွေးတာ။ သရဝတီမြစ်၊ ပန်ဂျပ်မှာ မွေးတာ။ ဟိန္ဒူကုလားတွေ စိတ်ကူး နဲ့ မွေးထုတ် တာနော်။ တကယ် မွေးတာတော့ ဟုတ်ချင်မှ ဟုတ်မှာပေါ့။သူရဿ       တီ ဘယ်သူမြင်ဖူး သလဲ။  ဘယ်သူ မှ မမြင်ဖူးဘူး စိတ်ကူးတာ။ ဗြဟ္မာ ဖန်တီးသတဲ့။ ဘယ်သူပြောလဲ... ဘယ်သူ မြင်ဖူး သလဲ။ ဘယ်သူမှ မမြင်ဖူးဘူး။  Nobody see but they are imagine. ဗိဿနိုး  စောင့်ရှောက် တယ်တဲ့။ ဘယ်သူတွေ များ ဗိဿနိုးနဲ့ ဗြဟ္မာကို  တွေ့ဖူးလိုက် သလဲ။  မတွေ့ဖူးကြဘူး။ အဲဒီ လို စိတ်ကူးနဲ့ ဖော်ထုတ်တဲ့ ဘာသာရေးမျိုး ကို Imaginary religion လို့ ခေါ်တာ။ မင်းတို့ စိတ်ကူးယဉ် ဝါဒမျိုး ကို ကြိုက်သလား။  လက်တွေ့ဝါဒ မျိုးကို ကြိုက်သလားမေးရင် မင်းတို့ အဖြေ ရှင်းရှင်း ထုတ်နိုင်မှာပေါ့ ဟုတ်လား။ အဲဒါကြောင့် လက်တွေ့ကျကျ မျက်တွေ့ကျကျ လူနဲ့ ထိတွေ့ပြီးတော့ စနစ်ကျ တဲ့ ဘာသာတရားကို ယုံကြည် လက်ခံခွင့် ရတဲ့ ဒီ ဘဝဟာ ဘဝကောင်း တစ်ခုပဲ လို့ အားလုံး  နားလည်ကြစေချင် ပါတယ်။အင်း... ဟုတ်ပြီ ဆိုတော့ သူရဿ       တီ အကြောင်း ဆက်ရအောင်။ သူ ဘယ်မှာ မွေးလဲ၊ ပန်ဂျပ်က သူရဝတီ ဆိုတဲ့ မြစ်ထဲ မွေးတဲ့ နတ်သမီး။ သူ ဗမာပြည် ရောက်လာတာ  ဘယ် လမ်းကြောင်း က ရောက်လာ သလဲ။ အဲဒီကောင်မလေး ဗီဇာ မပါဘူးကွနော်  Without visa နဲ့ ရောက်လာတာ။ ဗမာတွေ ရဲ့ နှလုံးသား ထဲကို ဒီကောင်မလေး  ဝင်အောင် ဘယ်သူ က စထည့် သွားမှန်း မသိပါဘူး။  ပိဋကတ် သုံးပုံစောင့် နတ်သမီး ဆိုပြီးတော့ လုပ်လိုက်ကြ တာဟာ ဘုရား စင်ပေါ် သူ တက်ထိုင် တယ်။ ဒါတင် မကဘူး၊ တင်ပလ္လင် ချိတ်ပြီး ၊ ဒူးကြီးဖော် ထိုင်နေတဲ့ လူကြီးလည်း ဘုရားစင်ပေါ် ရောက် လာတယ်။ ဟာ... ဘုရား ရဲ့ ဘေးမှာ ရောက်ရောက် လာ  တက်တက် လာ ကြတာ။ ဟာ... ဒီဘက် က သူရဿ      တီဆိုတဲ့ ကောင်မလေး တက် လာပြီ။ ဟာ... ဒီဘက်က ဦးရှင်ကြီးကြွလာပြီပေါ့။ ဟာ... ဟိုဘက်က ကွမ်ရင် လည်း ရောက်လာပေါ့။ (ဗမာ လည်း တရုတ် နဲ့ ပေါင်းစပ် ကာ တော်တော် ကြာ သွားပြီလေ) နောက်လည်း ဆက်ပေါင်းကြဦး မှာပဲ ဆိုတော့ ကွမ်ရင်ကို လည်း နေရာပေးရမယ်။  သူလည်း ဘုရားစင်ပေါ် တက်။ ကြည့်လိုက်တော့.. . မြတ်စွာဘုရား ပြောသာ  မပြောတာ၊ သူကြည့်နေတာ “တက်လာ ကုန်ပြီ ငါ့ဘေးနား မှာ ဟိုကောင်၊ ဒီကောင်တွေ တက်လာကြတာ တော်တော် များနေပြီ။ ငါ ဘယ်နေ့ ဆင်းပေး ရမလဲ”လို့ တော်တော် စိုးရိမ်နေပြီ။ ပြောချင်တာက သတိထားကြဖို့။ တကယ့် ဗုဒ္ဓဘာသာ အနှစ် သာရ မပျောက်ဖို့ရန် အတွက် အဲဒီ စိတ်ကူးယဉ် ဘာသာရေးတွေ မလွှမ်းမိုး ဖို့ရန် အရေးကြီးတယ်။ Realistic Teaching နဲ့ Imaginary Teaching ကို ဂဃနဏ သဘောပေါက် နားလည်ကြပါ။-

【သီတဂူ ဆရာတော်ဘုရားကြီး  ဒေါက်တာ အရှင်ဉာဏိဿရ    】 (CHARACTER IS POWER 2 တရားတော်မှ-) ( မူရင်းဓမ္မဒါနအလှူရှင် - ကိုလှိုင်တိုး)

No comments:

Post a Comment